အာရုဏ်ကျဉ်း ထွန်းအလင်းနဲ့အတူ လက်နဲ့ ကုသိုလ် မပြတ်လိုကြ …။ ကိုယ့်ရေ ကိုယ့်မြေမဟုတ် တာမှာတောင် မြေခံ ရေခံ ဓလေ့ခံတွေ တူညီတဲ့အရပ်မှာ ကိုးကွယ်ရာ ဆည်းကပ်ရာတွေနဲ့မှ ပျော်မွေ့တဲ့ လူမျိုး..။
ထို့အတူ ရောက်လေရာအရပ်မှာ တို့ အိဇ္ဇို င်း ဘားမားများ ကိုးကွယ်ရာ ယုံကြည်မှုတွေနဲ့အတူ ဒီဘ၀မျိုး ဒီမျှသာလို့များ ဆုတွေတောင်းကြနေလေရော့သလား …။ ဒါမှမဟုတ် နိဗ္ဗာန်ကို ပဲ မျှော်ရည်နေကြလေ သလား …။
ရေကြည်ရာ မြက်နုရာဆိုတဲ့ စကားအတိုင်း ရွှေ့ကြ ပြောင်းကြနဲ့ … ကိုယ့်တိုင်းပြည်မှာ တ၀မ်းတခါး အတွက် ၀မ်းမလှလေတော့ ဘ၀နယ်နှင်ဒဏ်ပေးလို့ နီးစပ်ရာတိုင်းပြည်တွေကို တိုးလို့ ဝှေ့လို့ရတဲ့နေရာတွေက ဖြစ်သလို ရသလို တိုးဝှေ့ ၀င်လာကြရတဲ့အဖြစ်။
တနေ့လုံးပမ်းသမျှ ဘ၀အမောတွေကို မိသားစုနဲ့အတူ ဖြေသိမ့်ဖို့ အိမ်ကို ပြန်ကြပြီ …။ အချိန်မလင့်ခင် အိမ်ပြန်လို့ မိသားစုနဲ့အတူ နွေးထွေးတဲ့ ဘ၀ကို တည်ဆောက်ကြပေလိမ့်ဦးမည်။
ဟိုး အနောက်စွန်းစွန်းက နေ၀န်းကြီးတောင် ဒေါန တောင်စွယ်အောက်မှာ မှေးလို့ ..။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မဟုတ်တဲ့အရပ်မှာ ဒေါနတောင် စွယ် နေ၀င်ချိန်ဟာ လွမ်းစရာ အကောင်းသား။
ဒီဒေါန တောင်စွယ် တောင်းတန်းကြီးရဲ့ တဖက်က ငါတို့ တိုင်းပြည်မှာရော …ခုချိန်ဆို မိသား စုတွေ ပြန်ဆုံတွေ့နေကြပြီလား …။ ကွဲကွာနေသူတွေ ပြန်ဆုံတွေ့နေကြပြီလား …။ ဒေါနတောင် နေ၀င်ပုံကတော့ အိဇ္ဇို င်း ဘားမားများအတွက်တော့ လွမ်းစရာ အကောင်းသား။
it s exile myanmars not H xile myanmars????