ကဗျာ

မောင်စိုးချိန် – လူထုဆင် အင်အား

လူထု ဆင် အင်အား
မောင်စိုးချိန်
မတ်လ ၂၁၊ ၂၀၁၄

ကျားကြီးတော့ ခြေရာကြီးသပေါ့
ကျားဆိုးပေါတဲ့ တောမှာ
ကျားသနားမှ နွားချမ်းသာ
ကျားကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီးကျားထက်ဆိုးတယ်…….ဆိုးမယ်
ကျားဆိုတာ မြက်မစားဘူး
ကျားဆိုမှ ကျား
ဒါကြောင့် ကျားသေကို အသက်မသွင်းနဲ့
ကျောက်ရောဂါ ပေါက်
ကျားရိုးသွေးသောက်
ကျားစိတ်ပေါက်ရင် ကြောက်စရာကောင်းတယ်
ကျားနဲ့ဆင် လယ်ပြင်တွေ့ကြပြီ
သေရမဲ့ကျား တောပြောင်း
တောမပြောင်းလဲ သေရမဲ့ကျားပဲ။

ဆင်ရဲ့အင်အားကြီးမား
လယ်ပြင်မှာ ဆင်သွား အထင်အရှား
ဆင်ကျီစားရာ ဆိတ်မခံနိုင်
ဆင်သွားရင် လမ်းဖြစ်တယ်
ငှက်ပျောတော ဆင်ဝင်တာထက်ဆိုးတယ်
ဆင်နင်းယပ်တောင်ဖြစ်ခဲ့တယ်။

သဘောထားတရပ် ဆုပ်ကိုင်မိသွား
လူထုသန်းပေါင်းအင်အား
ကြီးမားလွန်းတဲ့ ဆင်ပဲ
ကျားနဲ့ဆင် လယ်ပြင်တွေ့နေကြပြီ
တွေ့လဲ တွေ့ခဲ့ဘူးတယ်
အရေးတော်ပုံတွေထဲမှာ
ထပ်တွေ့ဦးမယ်။

လူထုဆင် အင်အား
သမိုင်း ပြောင်းလဲပစ် ၊ ပြောင်းလဲသွား
ရာဇဝင်ကမ္ဗည်းထိုးခဲ့ဘူးရဲ့
ရွေ့တယ်………. ရွေ့သွားခဲ့တယ်
သမိုင်းဘီး သိပ်ပြီးရွေ့သွားလွန်းတယ်။

မောင်စိုးချိန်
မတ်လ  ၁၂၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts