ရန်ကုန်တွင် သမီးလေးကျေးရွာအတွက် ဆန္ဒထုတ်ဖော်

ရန်ကုန်တွင် သမီးလေးကျေးရွာအတွက် ဆန္ဒထုတ်ဖော်

ရန်နောင်(ဗိုလ်တထောင်)၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄

သမီးကလေးကျေးရွာ ဖျက်ဆီးခံရသည့်အတွက် ကိုထင်ကျော်ဦးဆောင်သော ‘ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့’ မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက် အင်္ဂါနေ့ နံနက် ၁၀နာရီတွင် မဟာဗန္ဓုလပန်းခြံလမ်းတွင်
လူအင်အားငါးဆယ်ခန့်ဖြင့်ဆန္ဒဖော်ထုတ်ခဲ့သည်။

အဆိုပါဆန္ဒပြပွဲတွင် ကိုထင်ကျော်က  “ကျနော်တို့တင်မြှောက်ထားတဲ့ပြည်သူ့အစိုးရ က ဒီမိုကရေစီအစိုးရအသွင်နှင့်  ဖော်ဆောင်မည်ဟု ကြွေးကြော်ထားသော်လည်း အခုသုံးနှစ်ကျော်တဲ့အထိ မြေယာသိမ်းမှုများ
အဓမ္မဖျက်စီးမှုများ အာဏာရှင်စနစ်ဆန်ဆန် လုပ်ဆောင်နေခြင်းကို ကန့်ကွက် ဆန္ဒပြဖော်ထုတ်ခြင်းဖြစ်ပါတယ်  ပြည်သူကရွေးချယ်တင်မြှောက်ထားသောစားလှယ် လွှတ်တော်ကိုယ်စားလှယ်ဖြိုးမင်းသိန်းက သမီးကလေးကျေးရွာမရှိဟုဆိုခြင်း ကို ကန့်ကွက်ပါတယ်။” စသည်ဖြင့် ပြောကြားခဲ့ပါတယ်။

MDCF အဖွဲ့မှနိုင်ငံခြားရေးရာတာဝန်ခံ ကိုဇာနည်မှလည်း ယခုကဲ့သို့ပြောကြားခဲ့ပါသေးသည် ။ “ကျနော်တို့ အစိုးရနှင့် အီးယူစာချုပ်များ ချုပ်ဆိုထားသော်လည်း ယခုကဲ့သို့မြေသိမ်းမှု ယာသိမ်းမှု ဖိနှိပ်ချုပ်ခြယ်ခံရမှုတို့ရှိနေတဲ့အတွက် ဆန္ဒပြပွဲများကို ဖော်ထုတ်ပြီးအစိုးရကိုဆန့်ကျင်သွားမှာပါ “ဟုဆိုသည်။

ဆန္ဒပြအဖွဲ့သည် မဟာဗန္တုလပန်းခြံအားကြွေးကြော်သံများဖြင့် တစ်ပတ်ပတ်ကာ ဆန္ဒဖော်ထုတ်ခြင်းကို ရုတ်သိမ်းခဲ့ပါသည်။’ ပြည်ထောင်စုအစိုးရအယုံကြည်မရှိတင်သွင်းရေး ၊၊ တိုင်းဒေသကြီးအစိုးရ အယုံကြည်မရှိတင်သွင်းရေး၊ လူတန်းစေ့စွာ နေထိုင်စားသောက်နိုင်ရေး’ (ပြည်သူ့အရေး)၃ စသည်ဖြင့်ကြွေးကြာ်ခဲ့ကြပါသည်။

 

One thought on “ရန်ကုန်တွင် သမီးလေးကျေးရွာအတွက် ဆန္ဒထုတ်ဖော်

  1. ဆိုရှယ်လစ်စနစ် ခေတ်စားတုန်းက ဗိုလ်နေ၀င်းက ဆိုရှယ်လစ်အရေခြုံတဲ့ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တယ်။ အခုခေတ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ခေတ်စားနေတော့ စစ်အုပ်စုက ဒီမိုကရေစီအရေခြုံပြီး “ပါတီစုံ ဒီလူကရေစီစနစ်”အရေခြုံပြီး ဆက်အုပ်ချုပ်နေတဲ့အတွက် နေ့တဓူဝကြုံနေရတဲ့ အနိဌာရုံတွေပပျောက်ဖို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ပြင်ဆင်နိုင်မှ ဒါမှမဟုတ် အသစ်ရေးဆွဲနိုင်မှသာ ဖြစ်နိုင်မှာပါခင်ဗျာ။

Comments are closed.