Business Directory Yan Naung (Bo Ta Htaung) သတင်းပဒေသာ

မြန်မာပြည်၏ ကိုးခုမြောက်လေကြောင်းလိုင်းသစ် မန်းရတနာပုံ ဖွင့်ပွဲကျင်းပပြုလုပ်


မြန်မာပြည်၏ ကိုးခုမြောက်လေကြောင်းလိုင်းသစ် မန်းရတနာပုံ ဖွင့်ပွဲကျင်းပပြုလုပ်
ရန်နောင် (ဗိုလ်တထောင်)
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄
 ရတနာပုံ လေကြောင်းလိုင်းဖွင့်ပွဲ အခမ်းအနားမြင်ကွင်းတခု (ဓာတ်ပုံ – ရန်နောင် ဗိုလ်တထောင်)
မန်းရတနာပုံလေကြောင်းလိုင်းသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲကကျင်းပပြုလုပ်ခဲ့သည်။
မန်းရတနာပုံလေကြာင်းလိုင်းကုမ္ပဏီလီမိတက်ကို ၂၀၁၃ခုနှစ်ဇူလိုင်လတွင်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှမှတ်ပုံတင် ပေးခဲ့ပြီး ပြည်တွင်းပြည်ပလေကြောင်း ပျံသန်းရေးဝန်ဆောင်မှုလုပ်ငန်းကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခြေစိုက်၍လုပ်ကိုင် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည်။
 ရတနာပုံ လေကြောင်းလိုင်းဖွင့်ပွဲ အခမ်းအနားမြင်ကွင်းတခု (ဓာတ်ပုံ – ရန်နောင် ဗိုလ်တထောင်)
မန်းရတနာပုံလေကြောင်းလိုင်းသစ်သည် မြန်မာနိုင်ငံ၏ ကိုးခုမြောက် လေကြောင်းလိုင်းသစ်ဖြစ်ပြီး နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း (IATA) နှင့် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) တို့က လေကြောင်းလိုင်းသင်္ကေတ 7Y နှင့် MYP အသီးသီး သတ်မှတ်ထားပြီးဖြစ်သည်။
မန်းရတနာပုံလေကြောင်း၏ ပထမဆုံးATR 72 -600A လေယာဉ်သစ် (XY -AJO ) သည် ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှီခဲ့ပြီး မန်းရတနာပုံလေကြောင်းလိုင်းမှဝယ်ယူခဲ့ခြင်းဖြစ်ကာ ခရီး ၇၀ ဦးဆံ့သည့် အဆိုပါလေယာဉ်သည် ပြင်သစ် နိုင်ငံ Avions de Transport Regional ကုမ္ပ္ပဏီမှထုတ်လုပ်သည့် ခေတ်အမီဆုံး Turbo-prop လေယာဉ်အမျိုးအစားဖြစ်သည်။
မန်းရတနာပုံလေကြောင်းလိုင်းမှ ပြည်တွင်းပုံမှန်ခရီးစဉ်များအပြင် ဒေသတွင်း စင်းလုံးငှားခရီးစဉ်များ ပျံသန်းပြေးဆွဲမည်ဖြစ်သည် ။
ယခုရောက်ရှိလာသည့်လေယာဉ်ဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့်မြစ်ကြီးနားမြို့တို့သို့ ပြေးဆွဲမည်ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts