ခိုင်အောင်ကျော် (နယူးယောက်) ဝေဖန်ရေးရာ

ဥပဒေရဲ့ အထက်-ဥပဒေရဲ့ အောက်- ဘယ်သူတွေ ရောက်နေပါသလဲ

ဥပဒေရဲ့ အထက်-ဥပဒေရဲ့ အောက်- ဘယ်သူတွေ ရောက်နေပါသလဲ

ခိုင်အောင်ကျော် (နယူးယောက်)၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄

မြန်မာနိုင်ငံမှာ နိုင်ငံတော်ကို ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတိုင်း အုပ်ချုပ်နေသည်လား ကျွန်တော်မသိ ။ သို့ ဖြစ်၍ ၄င်းဥပဒေစာအုပ်ကို လေ့လာဖတ်ကြည့်သည် ။ မြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ္မ-၁၂ရ-မှာ ပြည်သူ့ လွှတ်တော်သည် အောက်ပါကိစ္စရပ်များကိုဆောင်ရွက် သည် လို့  ဖေါ်ပြထားတဲ့ အချက်ကို ဖတ်ရသည် ။ ( ခ ) မှာ ဖေါ်ပြထားတာက နိုင်ငံတော်သမ္မတက ပေးပို့ သော သ၀ဏ်လွှာနှင့် ဥက္ကဋ္ဌက ခွင့်ြ့ပုသော အခြားသ၀ဏ်လွှာများကို ဖတ်ကြားခြင်း-မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ရမည်ဟု ဖတ်ရသည် ။

 ယခုဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးရွှေမောင်ကို မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သ၀ဏ်လွှာကို လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက လက်ခံရှိသော်လည်း ဖတ်ကြားခြင်း-မှတ်တမ်းတင်ခြင်းများ မရှိခဲ့  ။ ထို့ ကြောင့် လွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေးကော်မီတီ ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၄င်းကိစ္စမှာ တရားဥပဒေစိုးမိုးရေး ရှိရဲ့ လားဆိုသည်ကိုလည်း စဉ်းစားတာ ပြောဆိုတာ ဆောင်ရွက်တာ မကြားရ ။ ဘာလုပ်နေမှန်း မသိ ။ သည့်ပြင် လွှတ်တော်ကိုယ်စားလှယ်များကလည်း မည်သို့ မျှ မိမိတို့ ၏ နိုင်ငံရေးအသိနှင့် လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများကို တစ်လုံးတစ်ပါဒမျှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသည်ကို မြင်ရပြန်သည် ။ အဟောဝတ-ကောင်းလေစွတည်း ။ စင်စစ်မှူ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းမှာ ဤသမ္မတကြီး၏ သ၀ဏ်လွှာကို ဖတ်ကြားခြင်း-မှတ်တမ်းတင်ခြင်းကို ပြုလ်ုပဆောင်ရွက်ရန် တာဝန် အရှိဆုံးဖြစ်သည် ။ နောင်တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်၏ သ၀ဏ်လွှာများကို အချိန်ရလျှင် ဖတ်ကြားခြင်း-မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ တင်ပြလိုသည် ။ သို့ မဟုတ်က တစ်ခါမျှ ဖတ်ကြားခြင်း-မှတ်တမ်းတင်ခြင်းများ မပြုလုပ်တော့ပါဟု သတ်မှတ်ထားလျှင်လည်း ပြည်သူ့ လွှတ်တော်တွင် ဥပဒေပုဒ်မ္မများဖြင့် ပြဋ္ဌန်းကြေညာပေးသင့်ပါကြောင်း အကြံကောင်းပေးချင်သည် ။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းကို ဥပဒေပုဒ်မ္မ-၁၂၀- ၌ ဖေါ်ပြထားသည် ကိုလည်း တွေ့ ရပြန်သေးသည် ။ ။ အောက်ပါအရည်အချင်းနှင့် ပြည့်စုံသောသူများမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပိုင်ခွင့် ရှိသည်ဟု ဖတ်ရသည် ။ ( ခ ) -နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူဟု ဖေါ်ပြထားသည် ။

နိုင်ငံသား-နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ဥပဒေ အခန်း ( ၈ ) မှာ ( က ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတာ်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ ။ ( ခ ) ဤဖွဲ့ စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌန်းသည့် နေ့ တွင် ဥပဒေအရ နိုင်ငံသားဖြစ်သူ ဟု ဖေါ်ပြထားသည် ။ ထို့ ကြောင့် ဤလွှတ်တော်ကိုယ်စားလှယ်ကြီး ဦးရွှေမောင်သည် နိုင်ငံသားမဟုတ်ကြောင်း သိရှိကြပြီးဖြစ်၍ သူ့ အား အရေးယူဆောင်ရွက်ရန်လိုသည် ။ တစ်ချိန်တည်းမှာပင် မဲဆန္ဒပေးသူများကလည်း သူ့ လိုပင် နိုင်ငံသားမဟုတ်သူ -White Card-များကို ကိုင်ဆောင်သူများဖြစ်ကြရာ ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ယခုကိစ္စမှာ တာဝန်အရှိဆုံးဖြစ်သည် ။

သို့ အတူ ပုဒ်မ္မ-၃၆၉-တွင် ( ခ ) ၌ ဖေါ်ပြထားသည်ကိုကြည့်လျှင် သက်ဆိုင်ရာမဲဆန္ဒများသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ဖွင့်ဆိုထားသည် ။ ထို့ ကြောင့် ဘူးသီးတောင်မြို့ နယ် မဲဆန္ဒရှင် တစ်ရာခိုင်နုံးသည် တင်ပြခဲ့ ပြီး ဖြစ်သည် ။ ယခုအချိန်ထိ ဘာမျှ ဆောင်ရွက်ခြင်း မရှိသေး ။

ယခုဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးရွှေမောင်သည် ဤဥပဒေနှင့် ကိုက်ညီမှု မရှိ၍ ဘူးသီးတောင်မြို့ နယ်မှ မဲဆန္ဒရှင် တစ်ရာခိုင်နုံးရှိသူများက၄င်း- ရခိုင်တိုင်းရင်သားတိုးတက်ရေးပါတီက၄င်း- ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဗဟိုရွေးကောက်ပွဲကော်မရှင်ထံတွင် ရှေးဦးကပင် တင်ပြခဲ့ သည် ။ မြို့ နယ်ကော်မရှင်မှ လက်ခံပြီး ပယ်ဖျက်ထားခဲ့ သော ၄င်းပု၈္ဂိုလ်ကြီးကို ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဥပဒေကို မျက်ကွယ်ပြုကာ-ဆန့် ကျင်ကာ- ဥပက္ခာပြုကာ- အရေးမလုပ်ဘဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲကို ၀င်ရောက်စေခဲ့ သည် ။

၎င်းကဲ့ သို့ ဖြစ်ပျက်နေသည်ကို လူဝင်မှုကြီးကြပ်ရေးဋ္ဌာနနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန၀န်ကြီး ဦးခင်ရီက ၄င်းဦးရွှေမောင်ဆိုသော ကုလားသည် မြန်မာနိုင်ငံသားလဲ မဟုတ်- တိုင်းရင်းသားလဲမဟုတ်ပါဘဲ အခြားဟု သတ်မှတ်ပေးထားခြင်းခံရပါသော လူမျိုးဖြစ်သောကြောင့် ဗဟိုရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးပေးရန် လွန်ခဲ့ သော နှစ်က တင်ပြခဲ့ သည် ။ ၄င်းကိစ္စကို အစိုးရထံတွင်ဆုံးဖြတ်ပေးရန် တင်ပြထားပြီဟုလည်း ပြောဆိုနေကြသည် ။ သို့ သော် ဗဟိုရွေးကောက်ပွဲကော်မရှင်သည် မိမိတို့  ရေးဆွဲထားသော ဥပဒေအချက်များဆိုဆို-စည်းကမ်းချက်များဆိုဆို ဤဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးရွှေမောင်ပါ အပေါင်းသုံးဦးအမှုကို စစ်ဆေးဆုံးဖြတ်ပြီး တရားဝင်ကြေညာပေးရမည်ဖြစ်သည် ။

ယခုအချိန်တွင် ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်သည် သူ့ အားစစ်ဆေးနေခြင်း မဟုတ်ဘဲ တွေ့ ဆုံနေခြင်းသာ ဖြစ်ကြောင်း ပြောဆိုနေပြီ ။ မည်သို့ ပင်ဆိုစေ သူ၏ ပြောဆိုနေခြင်းများကို အရေးယူခြင်း-မယူခြင်းထက် သူ့ ၏ ကိစ္စများနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌသည်၎င်း-အစိုးရသည်၎င်း ယခုထိ အရေးယူဆောင်ရွက်ခြင်း မရှိသည်မှာ-Good Government- ကောင်းမွန်သောအစိုးရ- Clear Government- သန့် ရှင်းသောအစိုးရဖြစ်ဖို့  အများကြီး အလှမ်းဝေးနေသေးသည်ဟု ပြောဆိုရမည်ဖြစ်သည် ။ အထူးသဖြင့် ဥပဒေ၏ အောက်မှ မည်သူ -ဥပဒေ၏ အထက်မှာ မည်သူရှိနေသည်ကို ကျွန်တော်တို့  နားလည်နေသည်ဆိုခြင်းကိုတော့ ပြော၍ရလောက်ပေပြီ ဖြစ်ပါကြောင်း ။

ခိုင်အောင်ကျော် ( နယူးယောက် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts