သတင်းဆောင်းပါး

လွှတ်တော်ဥက္ကဌကြီးက အခြေခံဥပဒေနဲ့အာဏာရှင်ဟောင်းတွေ ကာကွယ်ရတာပါဟု ဝန်ခံလိုက်ပြီ

ဇာနီကြီး
ဖေဖော်ဝါရီ ၅၊ ၂၀၁၄

 

အစိုးရဟူသည်မှာ ကမ္ဘာအချမ်းသာဆုံး အဖွဲ့အစည်းဖြစ်သည်။ တရားမျှတစွာဖြင့် လုပ်ဆောင်သောကုမ္ပဏီများကို World Bank, IMF ကဲ့သို့ အဖွဲ့အစည်းများဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှုကို နည်းပါးအောင် ဆောင်ရွက်နေကြရသည်။

 

ဥပမာ ..

– တရုပ်ကုမ္ပဏီများကို၊ တရုပ်ဘဏ်များက တစ်နှစ် ၃၅% ဖြင့် ငွေချေးကာ မြန်မာပြည် ဝိသမစီးပွားရေးများ လုပ်ကြသည်။

– အမေရိကန် World Bank က တစ်နှစ် ၁၇% ရာနှုန်းဖြင့် လာဘ်စားမှုနဲပါးမည့် စီးပွားရေးများ လုပ်ကြသည်။

– အမေရိကန်နည်းတူ၊ EU မှ IMF, ဂျပန်မှ JICA, ဂျာမဏီမှ GIZ, အစ္စလမ်နိုင်ငံများမှ IDB စသည်တို့ကလဲ ၄င်းတို့ဘဏ်များမှ ၁၇% ချေးငွေဖြင့် စီးပွားရေးလုပ်ကြသည်။

– တစ်နိုင်ငံမှတစ်နိုင်ငံ ချေးငွေ ၇% နှစ်ရှည်ချေးရာတွင်၊ ချေးငွေအားလုံး၏ ၁၀% အထက်မှာ အစိုးရအရာရှိများ အိပ်ထောင်ထဲသို့ ရောက်သွားသည်။

– အစိုးရများသည် အချမ်းသာဆုံး ဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကို အသေအလဲ လုနေကြခြင်းဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ၂နှစ်အစိုးရသက်တမ်းမှ အစိုးရအာဏာရှိသူများ ခပ်ပြောင်ပြောင်၊ အခွန်ပေးရမည့်အစား အာဏာပိုင်နှင့်ကုမ္ပဏီတို့ မျှစားခြင်း (Corruption) ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နေကြပါသည်။ ဘယ်တိုင်တိုင် မရပါ။ ရာထူးမှ အနားယူပြီး ခပ်ပြောင်ပြောင် နေထိုင်ရုံသာ ရှိပါသည်။ ဥပမာ .. ယခင် အစိုးရအာဏာကြီးခဲ့သူ ဦးအောင်သောင်း ကဲ့သို့ ခပ်ပြောင်ပြောင်ပဲ လွှတ်တော်တွင် နေထိုင်ပြီး၊ ပွင့်လင်းစွာပြောတတ် ဆိုတတ်ရမည်ဖြစ်သည်။ အချို့ စကားပြောအကျင့်ပါနေသူ ဝန်ကြီးများ အပြောမတတ်၍ အရှက်ရသည်။ အလုပ်ပြုတ်သွားလဲ သူတို့မှာ အရေးယူမခံရသော လက်ရှိမြန်မာနိုင်ငံ ပွင့်လင်းမြင်သာသော စနစ်ဖြစ်နေပါသည်။

 

ကုမ္ပဏီကြီးများသည် အခွန်မပေးပဲ နေမည်။ အစိုးရကလဲ သူဌေးကုမ္ပဏီကြီးများထံမှ နည်းမျိုးစုံဖြင့် အခွန်တောင်းမည်။ အစိုးရလူကြီးမင်းများအတွက် အာဏာသုံးပြီး၊ ကုမ္ပဏီများ ပေးသော လက်ဆောင်ငွေကို ယူသောသူ၊ အလုပ်ပြုတ်သွားမည်။ တရားစွဲမခံရသေး။  ကုမ္ပဏီများနှင့် ပေါင်းပြီး အာဏာပိုင်ဆွေမျိုးများ စီးပွားရေးလုပ်နိုင်သော အာဏာပိုင်များ ကျိကျိတက် ချမ်းသာလာမည်။

 

ထိုသို့ ပွင့်လင်းမြင်သာစွာ အသွင်ကူးပြောင်းရေး အုပ်ချုပ်နည်းကိုပင် မြန်မာ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းက အခြေခံဥပဒေဖြင့် ကာကွယ်ပေးထားရပါကြောင်း ဝန်ခံပြောကြားသည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများလို အာဏာအတွက် တိုက်ခိုက်၊ ဒုက္ခရောက် မဖြစ်အောင်လုပ်ထားခြင်းပါ ..ဟု ဇန္နဝါရီလ ၂၀၁၄ လူထုအစည်းဝေးတွင် ပြောကြားသွားပါသည်။

 

လူသားအားလုံးသည် လူလူခြင်း ခေါင်းပုံဖြတ်ခြင်းကို ရွံ့မုန်းသဖြင့် ငတက်ပြားကဲ့သို့ လူချမ်းသာများကို ဓါးပြတိုက်၊ ဆင်းရဲသားများအား ဝေငှပေးသည့် စိတ်ထားများ ရှိကြပေသည်။ ခေတ်သစ် ငတတ်ပြားများမှာ လူချမ်းသာ (အစိုးရ) ထံမှ ဓါးပြတိုက် (အခွန်မပေးပဲ) ဆင်းရဲသားများကို အလုပ်အကိုင် ရှာဖွေပေးနေကြသည်။ အစိုးရကလည်း ထို ချမ်းသာကြွယ်ဝလာသူ (ခရိုနီများ) အား အခွန်မကောက်နိုင်ပါ။ ခရိုနီနှင့် နိုင်ငံခြား တရုပ်ကုမ္ပဏီများသည် အခွန်ဥပဒေကို အရည်ကြိုသောက်နိုင်သည်။

 

နောက်ဆုံးတော့ ..

အစိုးရကလည်း အခွန်ငွေများများရရန် ကုမ္ပဏီအလုပ်ရပြီး၊ ပျော်နေသည့် ပြည်သူလူထုထံမှ အခွန်ကောက်ရပါတော့သည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၃၁

တစ်လလျှင် ကျပ် ၁၂၀၀၀၀ နှင့်အထက် ရရှိသော အစိုးရနှင့် ပုဂ္ဂလိက ဝန်ထမ်းများ အားလုံး ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ပြန်လည်၍ အခွန်ကြပ်မတ် ကောက်ခံတော့မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ အိမ်ထောင်သည်များက တစ်လလျှင် ကျပ် ၁၈၀၀ ခန့် ပေးဆောင် ရမည် ဖြစ်ပြီး အိမ်ထောင်မရှိသူ (လူလွတ်) များမှာ ကျပ် ၂၀၀၀ ကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အခွန်နှုန်းထား သတ်မှတ်ချက်များအရ သိရသည်။

“ဒီသတ်မှတ်ချက်မှာက အိမ်ထောင်သည်က အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်းအပြင် သားသမီးနဲ့ ဇနီးအတွက် သက်သာခွင့် ထပ်ပေးထားပါတယ်။

ဆင်းရဲမွဲတေမှုများက မြန်မာပြည်သူများ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts