မိုးမခကို ပေးတဲ့စာ

Mobile CE ဦးခင်မောင်ထွန်းအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ပေးပါရန်

ဆက်သွယ်ရေးဝန်ထမ်းတဦး
ဖေဖော်ဝါရီ ၅၊ ၂၀၁၄

 

သမ္မတကြီးနှင့် ဆက်သွယ်ရေးဝန်ကြီးခင်းဗျား ….

 

ဆက်သွယ်ရေး ၀န်ကြီးဌာနရှိ  အကျင့်ပျက်ခြစားဝန်ထမ်းပျက်ကြီးတွေထဲမှ အံ့သြစရာကောင်းလောက်အောင် မပြုတ်သေးတဲ့လူတစ် ယောက်ကျန်ရှိနေပါသေးတယ်။ အဲဒီလူက ယခုလက်ရှိ Mobile CE  ဦးခင်မောင်ထွန်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ် မန်နေဂျာအဖြစ် တာဝန်ယူခဲ့စဉ် ကာလအတွင်းတွင် ကြိုးဖုန်း တယ်လီဖုန်း တစ်လုံးလျှင်   ငွေကျပ်း ၁၅ သိန်း၊ GSM မိုလ်ဘှိုင်းဖုန်း တစ်လုံး လျှင် ငွေကျပ် ၁၀ သိန်း လာဘ်ငွေပေးမှသာ တပ်ဆင်ပေးပါသည်။ ဆက်သွယ်ရေး ၀န်းကြီးရုံးမှချပေးသော ဖုန်းများကိုလည်း သူ့အား လာဘ်ငွေမပေးပါက တပ်ဆင်ပေးခြင်းမရှိပဲ ထုတ်မပေးပါ။ ရရှိသော လာဘ်ငွေများဖြင့် ညတိုင်း စင်တင်ကာရာအိုကေများသွားပြီး ကောင် မလေးတွေကို ပန်းကုံးစွတ်ကာ သောက်စားပျော်ပါးပြီး  တဏှာရှုးနေခဲ့ပါသည်။

 

ထို့အပြင် ဆက်သွယ်ရေးမှ အသုံးမလိုတော့သော တာဝါတိုင် သံဘောင် သံထည်များကို သူ့သဘောနဲ့သူ အထက်လူကြီးများကို အသိ မပေးပဲ ရောင်းစားကာ ဌာနပိုင် ပစ္စည်းများကို အလွဲသုံးစားလုပ်ခဲ့ပါသည်။ ထို့နောက် ဆက်သွယ်ရေးပစ္စည်းဌာန တာဝန်ယူစဉ်အခါတွင် လည်း ဌာနခွဲများမှ တောင်းသောပစ္စည်းများကို မပေးပဲ လက်အောက်ဝန်ထမ်းအချို့နှင့်ပေါင်းပြီး အပြင်ကို ရောင်းစားခဲ့ပါသည်။ ၀န်ထမ်း တိုက်ခန်းများကိုလည်း လာဘ်ငွေ ၅ သိန်းပေးမှသာ နေထိုင်ခွင့်ပေးပါသည်။ ဘယ်နေရာရောက်ရောက် လူမုန်းအလွန်များသောသူဖြစ်ပြီး ဘယ်ဝန်ထမ်းမျက်နှာမှ မထောက်ဘဲ သူ့အတွက် သူသာ ကြည့်သော တဘို့ထဲသမားကြီး ဖြစ်ပါသည်။

 

ယခုလက်ရှိတွင်လည်း အပြင် Company များဖြစ်သော Elite, Asia Megalink, ZTE, Huawei  တို့နှင့်ပေါင်းပြီး လာဘ်ငွေများယူကာ လုပ် စားနေဆဲဖြစ်ပါသည်။ ဌာနထဲတွင်လည်း သူ့သြဇာခံ ၀န်ထမ်းများသာ နေရာကောင်း လုပ်ကွက်ကောင်းများရရှိပြီး ပေါင်းစားနေကြပါသည်။ အရင်ပြုတ်သွားသော ဆက်သွယ်ရေးမှ MD နှင့်ပေါင်းကာ ညစ်နည်းမျိုးစုံဖြင့်လုပ်စားနေခဲ့ပြီး မပြုတ်ဘဲ ကျန်နေခဲ့သူဖြစ်ပါ သည်။ ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး သူ့လက်အောက်ဝန်ထမ်းအချို့နှင့် ပေါင်းစားနေသည့်အတွက် ကျန်သည့်ဝန်းထမ်းများအားလုံးက အလွန်ရွံရှာ မုန်းတီးနေကြပါသည်။

 

သို့ပါ၍ သက်ဆိုင်ရာ အထက်လူကြီးများနေဖြင့် ယခုကဲ့သို့ အကျင့်စာရိတ္တပိုင်းမကောင်းသော၊ ဌာနပိုင်ပစ္စည်း အလွဲသုံးစားလုပ်ပြီး လက် အောက်ငယ်သား ၀န်းထမ်းများအပေါ်လူကြီးမဆန်သော လုပ်ရပ်များစွာဖြင့် လာဘ်ပေး လာဘ်ယူ ပြုလုပ်နေသော Mobile CE ဦးခင် မောင်ထွန်းအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးပါရန် ထပ်မံအသိပေးတင်ပြအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “Mobile CE ဦးခင်မောင်ထွန်းအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ပေးပါရန်
  1. တာပါတိုင် အဟောင်းက သံထည်တွေ ရောင်းစားတာအရင်တုန်းကပါ၊ အခုကတော့ တာဝါတိုင်အသစ်တွေ ကို ကော်မရှင်စား(လာဘ်စားပြီး)အနေနဲ့ Company တွေနဲ့ ပေါင်းပြီး သှူု့ရဲ့ သြဇာခံတပည့်တွေကတဆင့် လူမသိသူမသိ ဆိုပြီး လုပ်နေတာလေ

  2. တာဝါတိုင် တစ်ခု ဆောက်ဖို့အတွက် သိန်း ၃၀ လောက် သူတို့ ကို အသားတင် ပေးနေရတယ်၊ ပြီးတော့ တာဝါတိုင်ဆောက်တဲ့သူကလည်း သိန်း၃၀ လောက် ကျန်အောင် ထပ်ဝိုက်ပြန်….စဉ်းစားသာကြည့်ပေတော့ တာဝါတိုင် တစ်ခုရဲ့ ဘတ်ဂျက်ကို

  3. ပစ္စည်းဌာနမှာရှိတုန်းက လက်ထောက်မန်နေဂျာ ဒေါ်အေးစန္ဒာဝင်းနဲ့ ပေါင်းပြီးမတော်မတရားတွေလုပ်စားခဲ့ပြီး Mobile ဌာနရောက်တော့လည်းဒေါ်အေးစန္ဒာဝင်း ယောကျာင်္း DYCE ဦးကိုကိုအောင်နဲ့ ပေါင်းပြီး မဟုတ်တာတွေ အကုန်လုပ်စားနေတာ…အချင်းချင်း အပေးအယူတွေတည့်နေတော့ ဘယ်သူမှအရေးမယူကြဘူးလေ… မသိချင်ယောင်ဆောင်နေကြတာပဲ လူကြီးတွေက သူတို့လည်းရနေတော့

Comments are closed.