ကဗျာ

အကြမ်းဖက်အုပ်စုနဲ့ စကားပြောခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ခင်လွန်း
ဇန်န၀ါရီ ၃၀၊ ၂၀၁၄
 

 

 

 

သံပရာသီးဟာ
ကမ္ဘာကြီးလောက် မချဉ်ဘူး

 

ပူရှိန်းရှိန်းအခွံရယ်
ဖန်ခါးခါး အစေ့ရယ်
သင်မသုံးခင်
နာနာလေးလှိမ့်ပေးရလိမ့်မယ်

 

စစ်ပွဲတွေ
အရည်တရွှမ်းရွှမ်းနဲ့
ကမ္ဘာကြီးခမျာတော့
ညှစ်ချလိုက်တိုင်း
လူ့သွေးတွေ….
သွေးတွေ။

 

မင်းကတော့ 
စစ်ပွဲဆိုတာ
ပျားရည်နဲ့ သံပရာ ဆတူစပ်ထားတဲ့
ချဉ်ဖြုံးဖြုံးအရသာ တဲ့
တသသ …တျ မျမ ။ 
 
၃၀.ဇန္န၀ါရီ။၂၀၁၄
နံနက်- ၁၀း၀၀ နာရီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts