ကဗျာ ကျော်ဟုန်း

ဘ၀ရဲ့ သားကောင်

ကျော်ဟုန်း
ဇန်န၀ါရီ ၂၆၊ ၂၀၁၄

 

 

ကပိုကရိုနဲ့ တောင်
ပက်ပက်စက်စက် လှ
အဲဒီ ညနေခင်းကို
ငါ သောက်ခဲ့တယ်။

 

ဒဏ္ဍာရီဆန်ဆန်ပါပဲ
ဝေဟင်က အပ်တချောင်း
မြေပြင်က အပ်တချောင်း
ဖူးစာဆုံ ထိချင်ထိ၊ ငြိချင်ငြိ
ဒီ ပျော်ပါးခြင်းဒုက္ခကို
ငါ့ တသက် မမေ့။

 

အချိန်တန်တော့လဲ
ခွဲခွာရ၊ လွှဲဖယ်ရ
ရေပွက်ပမာ ပျော်ပါးမှုလေးကို
တမ်းတ မှန်းဆ။

 

နေ့ ခံ-ညစံ ၀ဋ်ကောင်လို
ကျင်လည်ကြ၊ ခင်တွယ်ကြ
ဒါတောင် နေ့ တဓူဝမဟုတ်။

 

ဒီလိုပါပဲ
ပင်လယ်ရေကို
အငမ်းမရ လုသောက်ကြရင်း
အာသာငမ်းငမ်း အားအင်ဖြည့်ကြရင်း
အ၀ိဇ္ဖာဖုံး ဘ၀မေ့ကြရင်း
လောကမုန်တိုင်းကြမ်းထဲမှာ စီးမျော။

 

ပြိုင်မယ်-ဆိုင်မယ် လောကမှာ
ငါလဲ ပါ
မင်းလဲ ပါ
သူတို့ လဲ ပါ
(အားလုံး ……)
ရှင်သန်ခြင်း ဒိန်ခဲအပုပ်ကို လုကြ။   ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts