(Civic Education training) (၃) ရက်သင်တန်း

ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါရီ ၂၆၊ ၂၀၁၄

 

(၂၂-၁-၂၀၁၄) ရက်နေ့မှ (၂၄-၁-၂၀၁၄) ထိ ပဲခူးတိုင်း၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) နှင့် International Republican Institute (IRI) ပူးပေါင်း၍ (Civic Education training) သင်တန်း ပေးခဲ့သည်။ (၂၂-၁-၂၀၁၄) ရက်နေ့မှာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ဒါရိုက်တာ ဦးမြင့်အေးမှ အဖွင့်အမှာ စကား ပြောကြားခြင်း၊ (IRI) မှာ တာဝန်ခံ ဦးညီညီမင်းက (IRI) အကြောင်းရှင်းပြခဲ့ပြီး ၊ သင်တန်းသား (၃၀) တက်ရောက်ခဲ့သည်။ 

 

သင်တန်းတွင် သင်တန်းနည်းပြများမှာ-  (HRDP) ဘုတ်အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးမောင်မောင်လေး၊ ဦးအောင်ဇော်ဦး၊ ဦးစောဗန်းကူးတို့က သင်တန်းပေးကြောုင်း။ သင်တန်းစာများမှာ နိုင်ငံသားဖြစ်မှု၊ နိုင်ငံတော်၊ ဒီမိုကရေစီနိုင်ငံ၊ ပြည်သူနီတိ၊ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံသား တာဝန်၊ ဒီမိုကရက်တစ်နိုင်ငံသား၊ ဆန္ဒမဲနှင့် ရွေးကောက်ပွဲအကြောင်း၊ ရွေးကောက်ပွဲမတိုင်မှီကာလ စောင့်ကြည့်ခြင်းအကြောင်း၊ ရွေး ကောက်ပွဲနေ့တွင် စောင့်ကြည့်ခြင်း၊ ရွေးကောက်ပွဲပြီးကာလတွင်စောင့်ကြည့်ခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်သော မကျေနပ်ချက်များကို တိုင်တန်းခြင်းတို့ကို သင်တန်းသားများကိုယ်တိုင် ပါဝင်ဆွေးနွေးသင်ကြားခဲ့သည်။

 

(IRI) တာဝန်ခံ ဦးညီညီမင်းက  (USAID) က အမေရိကန်ပြည်သူတွေရဲ့ အခွန်၊ ငွေကြေးတွေနဲ့တည်ထောင်ထားတဲ့အဖွဲ့ဖြစ်ကြောင်း၊ (IRI) ကို ထောက်ပံပေးတဲ့အဖွဲ့ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ၊ နိုင်ငံတစ်ခုရဲ့ ဒီမိုကရေးစီဖြစ်စဉ်တွေအားကောင်းလာအောင် ကူညီကြောင်း၊ ကူညီတဲ့နေရာမှာ တကယ်လုပ်တဲ့ အဖွဲ့အစည်းတွေထံ ရောက်ရှိဖို့အ လိုရှိ ကြောင်း၊ တကယ်လုပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ (HRDP) တို့ထံ ရောက်ရှိဖို့တိုက်တွန်းကြောင်း၊ ယခုလိုလုပ်ကိုင်ဆောင်ရွက်နေခြင်းသည် စနစ်တစ်ခုပြောင်းလဲဖို့ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်တယ်၊ မဲပေးကြတယ် ၊ ဒါသည် စစ်မှန်တဲ့အမျိုးသားတစ်ရပ်ရရှိဖို့၊ စစ်မှန်တဲ့ဖွံ့ဖြိုး မှုရရှိဖို့ဟာ သင်တန်းသူသင်တန်းသားများအားလုံးရဲ့ဆန္ဒတွေ ရှိနေတာကိုတွေ့ရှိရကြောင်း၊ အဲဒီဆန္ဒတွေ ကိုယ်ဒေသကို ပြန်ရောက်တဲ့ အခါမှာ တခြားသူများကိုလည်း ဖြန့်ဝေပေးပါလို့ပြောကြားခဲ့သည်။

 

(၂၄-၁-၂၀၁၄)ရက်နေ့တွင် (HRDP)မှ ဒါရိုက်တာ ဦးမြင့်အေးမှ နူတ်ဆက်စကားပြောကြားကြောင်း၊ (IRI) မှ တာဝန်ခံ ဦးညီညီမင်းက နောင်တွင်လည်း (IRI) အနေဖြင့် ဆက်လက်သင်တန်းပေးမည်ဖြစ်ကြောင်း၊ သင်တန်းသူ၊သင်တန်းသားများ တက်တက်ကြွကြွတက်ရောက်ပါဝင်ဆွေးနွေးသဖြင့် ကျေးဇူးတင်ကြောင်း၊ ပြောကြားပြီး သင်တန်းကို အောင်မြင်စွာပြီးစီးကြောင်းသိရှိရသည်။