ကဗျာ ကျော်ဟုန်း

ဒိုင်ယာရီဟောင်းရဲ့ ဥဒါန်းသစ်

ကျော်ဟုန်း
ဇန်န၀ါရီ ၂၃၊ ၂၀၁၄

 

 

ငါတို့ ဆန်လို့ ပျံခဲ့တယ်…။

 

တချို့ က အရှေ့ ဘက် သွန်းသွန်း
တချို့ က အနောက်ဘက် ထွန်းထွန်း
တချို့ က တောင်ဘက် စွန်းစွန်း
တချို့ က မြောက်ဘက် ယွန်းယွန်း။

 

(မှတ်ချက်။  ။ သားဖောက်ရန် မဟုတ်၊
ကိုင်းခို တထောက်နား အားဖြည့်ရန်သာ)

 

ငါတို့ ဆန်လို့ ပျံလာမယ်…။
ရှေ့ 
နောက်
တောင်
မြောက်
ခဏ ရောက်သူတွေ။
(မှတ်ချက်။  ။ မျိုးသစ်ချရန်၊
               သိုက်မြုံ ပြင်ရန်)

 

ငါတို့ ဆန်လို့ ပျံလာမယ်…။
သေခြာတာက …
ငါတို့ လာရင် အက်ဆစ်မိုး မရွာ
ရာသီဥတု သာယာမယ်။

 

ကိုယ့်သိုက် မခင်
ဘယ်သူရှိမလဲ
လက်ညှိုးညွှန်ပြ၊
ကိုယ့်သိုက်မြုံ ကိုယ်မခင်တတ်ရင်
သတ္တ၀ါ မဟုတ်။

 

ဒါကြောင့်…
သစ္စာမဖောက်တတ်တဲ့
ငါတို့ ရဲ့တောင်ပံတွေနဲ့ 
ငါတို့ ဆန်လို့ ပျံလာမယ်…။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts