ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အမှတ်တရ ပန်းချီကားပြက္ခဒိန် ထွက်ပြီ

 ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အမှတ်တရ ပန်းချီကားပြက္ခဒိန် ထွက်ပြီ
မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ၊ ၂၂၊ ၂၀၁၄

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရံပုံငွေ အတွက်ထုတ်ဝေတာဖြစ်ပါတယ်။

 

၁၀ လက်မ x ၂၀ လက်မ အရွယ် ၅ မျက်နှာ ပါရှိပြီး အတ်ကဒ် အထူပေါ်မှာ ရောင်စုံ ရိုက်နှိပ်ထားပါတယ်။

ပန်းချီဘလှစိုး၊ ပန်းချီပေါ်ဦးသက်၊ ပန်းချီဝသုန်၊ ပန်းချီစိုးဝင်းငြိမ်း တို့ရဲ့လက်ရာတွေနဲ့အတူ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်တိုက် ၂၅ တိုက်ရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် ပြက္ခဒိန် တစ်ခုကို တစ်ထောင်ကျပ်နဲ့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေပါတယ်။ တနိုင်ငံလုံးအတွက် ဓူဝံစာပေ၊ အမှတ် ၂၁၂၊ ၃၁ လမ်း၊ အထက်ဘလောက်၊ ရန်ကုန်။ ဖုန်း – ၀၉၇၃၂၀၂၄၁၁၊ ၀၁ ၃၈၅၅၉၇ ကဖြန့်ချိပေးနေပါတယ်။

(ထွန်းဝင်းငြိမ်း ဖေ့စ်ဘွတ်က ယူတယ်၊ ခွင့်မတောင်းတော့ပါဘူး)