Suu L Linn သတင်းပဒေသာ

မသန်စွမ်းသူများ

ဆူးအယ်လ်လင်း 
ဇန်န၀ါရီ ၂၁၊  ၂၀၁၄

(ဓာတ်ပုံ – ဆူးအယ်လ်လင်း / မိုးမခ)
ဆီးဂိမ်းကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရတဲ့  မြန်မာက  အာဆီယံပါရာဂိမ်း/အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲကိုလည်း လက်ခံကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပါရာဂိမ်း ကျင်းပနိုင်မယ့် အားကစားကွင်းမျိုး လုံလုံလောက်လောက်ရှိရဲ့လား ဆိုတာကတော့        ထောက်ပြစရာလေးတွေထဲက တခုပါပဲ။

အားကစားကွင်းဆိုတာ မသန်စွမ်းညီအကိုမောင်နှ မများက မည်သူတဦးတယောက်ရဲ့ အကူညီမျိုးမှမယူဘဲ ကိုယ်တိုင်သွားလာနိုင်တဲ့ အားကစားရုံမျိုးကိုရည်ရွယ်ပါတယ်။   နိုင်ငံတကာက လာရောက် ယှဉ်ပြိုင်ကြမယ့် မသန်စွမ်း မောင်နှမများ လည်ပတ် သွားလာနိုင်တဲ့ ရန်ကုန်မြို့ရဲ့ အပန်းဖြေစရာတခုဖြစ်တဲ့ အင်းယားကန်ဘောင်လိုနေရာမျိုးမှာလည်း သူတို့အတွက် ဆောင်ရွက်ထားခြင်းမရှိသေးပါဘူး။

၁၉၆၄ -၁၉၇၅ ၀န်းကျင်    မသန်စွမ်းအားကစားပြိုင်ပွဲများမှာ  ၀င်ရောက်ယှဉ် ပြိုင်ခဲ့ဖူးတဲ့  ဦးကျော်ညွန့်ရဲ့ ပြောဆိုချက်တချို့ကို ပြန်ပြီး ဖောက်သည်ချချင်ပါတယ်။

“ဒီမသန်စွမ်းသူများကို  ကောင်းမွန်သောခြေတုလက်တု လုပ်ပေးဖို့။ နောက်ပြီးတော့ အဘတို့ အသက်ကြီးပိုင်း  နေနိုင်စားနိုင်ရင်တမျိုး၊  မနေနိုင်မစားနိုင်တဲ့ ပုဂ္ဂိုလ်များကို နိုင်ငံတော်က စားဖို့ ထောက်ပံ့ ပေးစေချင်တယ်” လို့ ဆိုပါတယ်။

မကြာခဏဆိုသလို ခွဲခြားဆက်ဆံခြင်းခံနေရတဲ့  မသန်မစွမ်းသူများဟာ ကမ္ဘာပေါ်မှာ လူ့အဖွဲ့စည်းတစ်ခုအဖြစ် ကျယ်ပြန့်လာနေတယ်၊  မထင်မှတ်တဲ့ အကြောင်းကြောင်းတွေကြောင့် မသန်စွမ်းသူတွေ ပေါ်လာတယ်၊
သူတို့အတွက် အစိုးရကသာမက  ကမ္ဘာ့နိုင်ငံအသီးသီးကပါ စိတ်ချမ်းသာစွာဖြတ်သန်းနိုင်တဲ့  သက်တမ်းတစ်ခုတည်ဆောက် ပေးစေချင်တယ်လို့ ဦးကျော်ညွန့်က   ပြောပါတယ်။

မသန်စွမ်းအားကစားသမားများကိုလည်း အားပေးစကား ပြောကြားသွားပါသေးတယ်။

“ဘ၀မှာ မသန်မစွမ်းဖြစ်နေပေမယ့် စိတ်ဓါတ်မကျ အားမလျှော့ဘဲ ကမ္ဘာ့နိုင်ငံအသီး သီးမှာ ဖြစ်နေတဲ့ (အောင်မြင်နေတဲ့)  မသန်စွမ်းတွေလို မသန်ပေမယ့် စွမ်းအားတွေရှိပါတယ် ကာယဥာဏအား  တွေရှိပါတယ်လို့ အဘပြောချင်ပါတယ်”

မသန်စွမ်းသူတို့အတွက် စဉ်းစားပေးစရာတွေ ရှိနေတယ်ဆိုတာကို သတိပြုမိစေဖို့ တိုက်တွန်းလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts