ရန်လင်းအောင်
ဇန်န၀ါရီ ၁၇၊ ၂၀၁၄
သွေးအားနည်းရပ်ဝန်းက
ကြယ်ဖြူဖြူလေးတွေရဲ့  နံဘေးမှာ
ငါအမြဲရှိမယ်    ။
အပူပိုင်းဒေသက
လေညှင်းကလေးရဲ့  လက်မောင်းသားနံဘေးမှာ
ငါအမြဲရှိမယ်    ။
နဒီဝင်္ကပါ ပြဇာတ်ထဲက
အရိုးရှင်းဆုံး မြစ်တစ်စင်းရဲ့  နံဘေးမှာ
ငါအမြဲရှိမယ်     ။
လေဖိအားနည်းရပ်ဝန်းက
အစိမ်းရောင်ဆန္ဒနဲ့ အိမ်မက်တွေရဲ့  နံဘေးမှာ
ငါအမြဲရှိမယ်     ။
သစ္စာဖေါက်တွေ
တစ်ထောင်ဖိုးလေးခွေနဲ့
သူရဲကောင်းတွေ
ဘ၀ပေါင်း (၅၅၀) ဖိုးမှ တစ်ခေတ်တစ်ခါ ၊
ရေတစ်ပွက်စာနဲ့
ဘေးသင့်နေတဲ့ ကမ္ဘာကြီးထဲ
မင်းတို့ ဘေးနဲ့ ခေတ်ပြိုင်
မင်းတို့  ဘေးမှာ . . . . . . . . . .
ငါအမြဲရှိမယ်    ။               ။
		