နိုင်ဦးညို (ဖိုးဇီးရိုး)
ဇန်န၀ါရီ ၅၊ ၂၀၁၄
ဘာတဲ့
လမ်းခုလတ်တဲ့၊
ဘယ်ဆီဘယ်ဝယ်
ရေရေရာရာ
မရှိတော့တဲ့
လမ်းခုလတ်
ပျောက်နေတဲ့ငါ့ကို
လမ်းခုလတ်အကြောင်း
ရှင်းလင်းပွဲ
လုပ်ခိုင်းနေတယ်၊
တချို့ကတော့
လမ်းဆုံလမ်းခွဆိုလား
လမ်းကြိုလမ်းကြားဆိုလား
လမ်းသိမ်လမ်းမွှားဆိုလား
မရှင်းမလင်းမသဲကွဲနဲ့၊
လမ်းခုလတ်ဆိုတာ
ငါတို့ဘဝမှာ
မရှိတာ
ကြာပြီပေါ့၊
လူသွားရင်
လမ်းဖြစ်တယ်
ဆိုလား၊
ခုတော့
ဆင်တကောင်လုံး
ရှေ့ကမားမားမတ်မတ်နဲ့
ရှိနေတာတောင်မှ
အားကိုးလို့
မဖြစ်နိုင်တာ၊
ဆင်ဦးစီးချုပ်တွေ
ဆင်ဘုရင်ကြီးတွေ
ဆင်မယဉ်သာတွေ
ဆင်ကိုယ်တော်မှိုင်းတွေ
ဘယ်ဂွင်ကို
စီစဉ်နေလည်းမသိပါ၊
ရိုးရိုးသားသားနဲ့
လမ်းခုလတ်မှာ
လမ်းပျောက်နေတဲ့
ကျုပ်တို့တောသားတွေကတော့
ကျောချရင်တော့
ဓမြမှန်းတော့
သိဖို့တော့
ကောင်းလှပါပြီဗျာ …။
လမ်းတွေ
လန်းဘို့
လိုတယ်လို့—–
ပင်လယ်အော်ထဲက—–လိပ်တွေတောင်
လမ်းပျောက်ညနေတွေနဲ့
ည-
လ-
ဒီရေအတက်အကျ-
သဲပြင်-
ဥ-
နေရောင်ခြည်-
လိပ်မက်မိုရီနဲ့
တိုင်းထွာတွက်ချက်
လိပ်ရဲ့လမ်းတောင်
ကမ်းအမှောင်မှာ
မီးပွိုင့်လမင်း
သဲခင်းမျဉ်းကြား
စမ်းတ၀ါးဖြစ်
ဒီ-ည
ဥ-ရမှာ
အားနာလိုက်တာ
ပင်လယ်အော်ကြီးရယ်——