ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါရီ ၃၊ ၂၀၁၄

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသော တတိယအကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အတည်ပြုကြေညာခဲ့သည်။ အတည်ပြုချမှတ်ကြေညာရန် မဲခွဲဆုံးဖြန်ချိန်တွင် ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးကို အလေးထားသည့် အနေဖြင့် ထောက်ခံမဲပေးခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
“သက်တမ်း (၆၅)နှစ်ပြည့်တဲ့ ဒီအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ကျေးရွာသူ၊ ကျေးရွာသားတွေအနေနဲ့ ယခုမှတွေ့မြင်ရတာဟာ လူ့အခွင့်အရေးကို မြှင့်တင်မှု၊ ကာကွယ်မှုတွေ မရှိနေတာကိုဖော်ပြတာဘဲ” ဟု ဦးဆောင်ဆွေးနွေးသူ (HRDP)ရဲ့ ဘုတ်အဖွဲ့ဝင် ဦးဇော်ထွန်းကပြောသည်။ ထိုသို့ဆွေးနွေးမှုကို အရမ်းကျေးဇူးတင်ကြောင်း ဒေသခံ ကျေးရွာသူ၊ ကျေးရွားသားများက ကျေးဇူးတင်စကားပြောကြားပါသည်။