ကဗျာ ဆောင်းယွန်းလ

ပြ န် ဆိုေ တး

ဆောင်းယွန်းလ
ဒီဇင်ဘာ ၂၈၊ ၂၀၁၃
ငိုစရာရှိတာတွေကို အကြွေးထားလိုက်ပြီး
ရယ်စရာတွေ မောသွားတဲ့အခါ
ပြောစရာရှိတာတွေကို ဆက်ဆိုကြတာပေါ့…
ကံတရားကို လူကြုံပါးလို့ရရင်
အမှန်တရားရှိရာဘက်
နေထွက်ပေးဖို့အကြောင်း
တောင်းစရာရှိတာတွေကို ဆက်ဆိုကြတာပေါ့….
ခေတ်ဟောင်းတေးတွေကို
အခေါက်ခေါက်အခါခါ ပြန်ဆိုကြသလိုမျိုး
ဆိုရေးရှိက…အဖန်ဖန်ဆက်၍ဆိုကြရဦးမည်…..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts