နိုင်ငံတကာရေးရာ

ရွှေတွံတေးဆရာတော်နှင့် မြန်မာမိသားစုများထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတွင် သင်္ကြန်ကောင်းမှုများပြု

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရွှေတွံတေးဆရာတော်နှင့် မြန်မာမိသားစုများထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတွင် သင်္ကြန်ကောင်းမှုများပြု

မိုးမခဓာတ်ပုံသတင်း၊ (ဦးဇ၀နမှတဆင့်)၊ ဧပြီ ၁၈၊ ၂၀၁၃

            ရွှေတွံတေးဆရာတော်နှင့်မဟာချိုင်မိသားစုတို့ကြီးမှုးကျင်းပသောမဟာချိုင်မဟာသင်္ကြန်၁၂ကြိမ်းမြောက်ဝိပသ၁နာတရားစခန်းပွဲကို၂၀၁၃ဧပြီလ၁၃ရက်မှ၂၁ရက်နေ့ထိကျင်းပပြုလုပ်ရာနိုင်ငံသားတိုင်းရင်းသား၂၅၀၀ကျော်တက်ရောက်ခဲ့ကြသည်။

ဒုလ္လဘ၁၃၆ပါးသီလရှင်၄၀ပါးနှင့်ယောဂီ၅၀၀ကျော်စုပေါင်းသာသနာပြုကုသိုလ်ပွဲကျင်းပခဲ့ကြသည်။           ထိုင်းနိုင်ငံမဟာချိုင်တွင်ရွှေတွံတေးဆရာတော်သာသနာပြုရင်းရှင်ပြုရဟန်းခံဒုလ္လဘ၁၀၀၀ကျော်သီလရှင်၄၀၀ကျော်သာသနာ့အမွေခံခဲ့ကြပြီးယောဂီ၅၀၀၀ကျော် ၀ိပဿနာအားထုတ်ခဲ့ကြသည်။

             ရွှေတွံတေးဆရာတော်က …… ” သူများနိုင်ငံမှာခက်ခက်ခဲခဲသာသနာပြုတာတောင်ဒီလောက်သဒ္ဓါတရားအားကောင်းကြတာဆိုတော့ကိုယ့်နိုင်ငံမှာလည်းစစ်စစ်မှန်မှန်သာသနာကိုထောက်ပံ့ကြတဲ့အကြီးအကဲနဲ့ပြည်သူတွေသာရှိကြရင်အရမ်းကျေနပ်စရာကောင်းအောင်သာသနာထွန်းကားမှာပဲလို….”မိန့်ကြားခဲ့သည်။

              ထိုင်းမြန်မာချစ်ကြည်ရေးရိုးရာမဟာသင်္ကြန်ပွဲတော်ကို ၁၄. . ၂၀၁၃နေ့ မဟာသင်္ကြန်အကျနေ့က ထိုင်းနိုင်ငံမဟာချိုင်ရှိယာယီပတ်စပို့ရုံးတွင်ကျင်းပရာ နိုင်ငံ ထာဝန်ရှိသူများ၊ အလုပ်သမားရေးအရာရှိများ၊ ရဲမင်းကြီးများနှင့် နိုင်ငံသားတိုင်းရင်းသားများ စုံညီတက်ရောက်ကြပြီး ရွှေတွံတေးဆရာတော်လည်း ကြွရောက်ခဲ့သည်။

                ထိုင်းမြန်မာဆရာတော်များကသီပရိတ်ရွတ်ရေစက်ချအမျှဝေခြင်းကို၂ဘာသာဖြင့်ဆောင်ရွက်ကြသည်။

                   ထို့နောက်ဆွမ်းကပ်လှူဒါန်းကြပြီးသက်ကြီးပူဇော်ပွဲမြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့်မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကများဖြင့်တနေ့တာပျော်ရွှင်စွာကျာင်းပဆင်နွဲခဲ့ကြသည်။

                 ရွှေတွံတေးဆရာတော်က …. ” ကိုယ့်နိုင်ငံသားတွေအတွက်လိုအပ်တာရှိရင်ပြောပါဘုန်းကြီးကလိုအပ်တာတွေ့ရင်လည်းပြောပါမယ်အတတ်နိုင်ဆုံးကူညီစောင့်ရှောက်ပေးကြပါ …” စသဖြင့်အရာရှိများကိုမိန့်ကြားခဲ့သည်။

      ရိုးရာသင်္ကြန်နှစ်ဆန်းတရက်နေ့ကမဟာချိုင်မိသားစုများနှစ်ဆန်းပရိတ်ပွဲကိုနေရာအနှံ့ကျင်းပကြရာရွှေတွံတေးဆရာတော်နှင့်ရဟန်းတော်များကြွရောက်ခဲ့ကြသည်။

          အနရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်သရဇျယ်ပေးကြပြီးကုသိုလ်ပြုကြသည်။

 ရွှေတွံတေးဆရာတော်က….” ကိုယ့်နိုင်ငံသားတိုင်းရင်းသားတွေရေခြားမြေခြားနိုင်ငံခြားမှာအနယ်ရာယ်ကင်းဘေးရှင်းကြပါစေကိုယ့်နိုင်ငံကိုယ့်ဒေသကိုလည်းအနယ်ရာယ်ကင်းကင်းဘေးကင်းကင်းနဲ့ အမြန်ဆုံးပြန်နိုင်ကြပါစေလို့ ဆုတောင်ပေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts