မစ်ရှီဂန်မဲဇာ

မစ်ရှီဂန်မဲဇာ

အောင်ဝေး၊ ဧပြီ ၁၂၊ ၂၀၁၃

တစ်နှစ်လုံး
စိတ်တွေကရေခဲသလိုခဲလို့။

တစ်နေ့လုံး

မြူတွေမှိုင်းလို့။

တစ်ညလုံး

မိုးတွေသည်းလို့။

တစ်လမ်းလုံး

နှင်းတွေဖုံးလို့။

တစ်ကြောလုံး

သစ်ရွက်တွေကြွေလို့။

တစ်ချိန်လုံး

တိမ်တွေအုံ့လို့။

တစ်ကွင်းလုံး

လေပြင်းတွေတိုက်လို့။

တစ်ခေတ်လုံး

တစ်ဘ၀လုံး

ဘာမှအသုံးမကျတဲ့

အိမ်လွမ်းစိတ်ကိုပဲ

မြက်ရိတ်သလို

ရိတ်ရိတ်ပစ်နေရတော့တယ်။     ။

အောင်ဝေး

ဧပြီ၁၁– ၂၀၁၃။