ကဗျာ

သျှိသျှားမြေရဲ့ အကျည်းတန်ခဲ့တဲ့ည

ဇော်ထက် (ပျဉ်းမနား)
မတ်လ ၃၁၊ ၂၀၁၃
တကယ်ခြောက်သွေ့လွန်းတဲ့
အလယ်ရပ်ဝန်း ဖုန်းဆိုးရဲ့
မိုးမဲ့တဲ့ဒဏ်ကိုဖုံး
ဟန်မဆောင်အပြုံးတွေနဲ့ဆင်ရင်
ကန်ရေပြင်ကို ပန်းချီကောက်ကြောင်းထား
ခါးစောင်းတင်ထားတဲ့မြို့။
အဲဒီမြို့ကို တစ်ခါဝင်သာသွားမိရင်
အကြင်နာများဖြင့်
ရင်မှာတံခါးပွင့်
ချစ်ခွင့်မှတ်မှတ်
မချစ်တတ်သူတွေတောင်
ချစ်တတ်သွားရမယ်။
သျှိသျှား၊ ကန္တာရနဲ့ ထနောင်းက
ကန်မရဲ့ကျောင်းနံဘေးမှာ
လွမ်းကြောင်းတေးကြောတွေသီ
အတွေးတောတွေစီလို့
ငေးမောနေခြည်
ဘယ်ပန်းချီမှီမှာလည်း။
အဲဒီလိုနှလုံးသား
အပြုံးများနဲ့ မြို့အလှကို
အမုန်းတရားတွေက အဓမ္မကျင့်ခဲ့တဲ့ည၊
အပျက်မတစ်ယောက်ကိုတောင်
အရှက်ရအောင်လှောင်နိုင်ခဲ့တဲ့ည၊
အားကိုးမဲ့ သူငါတွေကို
ဓားရိုးနဲ့အူကာပြကြတဲ့ည၊
အရှက်သာအသက်ရှိရင်
မျက်နှာကိုဓားထက်ထက်နဲ့ လှီးပစ်ချင်မယ့်ည၊
အဲဒီမြို့က
တို့အလှတွေပြန်ပေးဆိုတဲ့ည။    ။
(မိတ္ထီလာမြို့မှ ပြည်သူအပေါင်း ဘေးရန်ကင်းဝေးကြပါစေ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts