မှတ်စုမှတ်တမ်း ဇော်အောင် (မုံရွာ)

ဗမာများ၏ သရုပ်ကိုဖော်ပြခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇော်အောင် (မုံရွာ)
မတ်လ ၆၊ ၂၀၁၃
မနေ့က ဤဝက်ဘ်ဆိုဒ်မှာ စာလာဖတ်တဲ့ မိတ်ဆွေတစ်ဦးထံက Comment  တစ်ခုဝင်လာပါတယ်။ သူ့ Comment က စင်္ကာပူမှာ ဖြစ်သွားတဲ့ မြန်မာတို့ရဲ့သရုပ်ဖော်အကြောင်းအရာလေးတစ်ခုဖြစ်ပြီး၊ ပြည့်ပြည့်စုံစုံ တင်ပြထားတာမို့ အခြား စာဖတ်သူများလည်း ဝေငှ ဖတ်ရှုနိုင်ရန် Post အဖြစ် ပြန်ဖော်ပြ ပေးလိုက်ပါတယ်။
သူရေးပို့သည့် comment မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
………………….
ကိုအောင်ရေ ….
ဟုတ်ပါတယ် ကျနော်တို့ မြန်မာလူမျိုးများရဲ့စိတ်ဓာတ်တွေကတော့ တော်တော်ပြင်ရဦးမှာပါ။ ဥပမာပြောရရင် လောလောလတ်လတ် ပါဗျာ။ ၁၀-၄-၂၀၁၁ တုန်းက Singapore က Peninsula Plaza မှာ မြန်မာသင်္ကြန်ပွဲလုပ်ပါတယ်။ Singapore ဆိုတာက မြန်မာတွေ တော် တော်များတဲ့ နိုင်ငံဖြစ်တဲ့အပြင်Peninsula Plaza ဆိုတာ ကလည်း မြန်မာတွေရဲ့ စုရပ်ဖြစ်နေတာပါ။
Peninsula Plaza  မြေညီထပ်ကနေ(၅)ထပ်ထိ မှာရှိတဲ့ဆိုင်ခန်း၉၀% နှုန်းကလည်းမြန်မာဆိုင်တွေပါ။ Lazy Club တီးဝိုင်းက မြေညီထပ်မှာ တီးပါတယ်။ လူတွေကတော့ မြေညီထပ်တင်သာမက (၂) ထပ်ကနေ (၅) ထပ်ထိ လူလျှောက်လမ်းတွေကနေရပ်ကြည့်ကြရပါတယ်။ ပွဲစီ စဉ်သူတွေကလည်း မြန်မာမျိုးတွေရဲ့ အတာသင်္ကြန်ပွဲကို မြန်မာတွေရဲ့ စုရပ်ဖြစ်နေတဲ့နေရာမှာစီစဉ်ပေးတာဖြစ်မှာပါ။
 Free Show ပါ။ ပွဲမစခင်မှာကတည်းက(၂)ထပ်ကနေ(၅)ထပ်ထိလူလျှောက် လမ်းတွေဟာလူတွေပြည့်နေပါပြီ။ တိုးနေကြပါပြီ။ ဒါပေမယ့် (၂) ထပ်ကနေ (၅) ထပ်ထိ လူလျှောက်လမ်းတွေက မှန်တွေကာထားတာပါ။ လူအုပ်နဲ့ဖိတိုးလိုက်ရင် လူလျှောက်လမ်းကို ကာထားတဲ့ မှန်တွေကွဲပြီး အပြုံလိုက်အောက်ကျသွားနိုင်တာမျိုး ဖြစ်နေပါတယ်။ ပွဲစီစဉ်သူတွေထဲကအမျိုးသမီးတစ်ယောက်က အရမ်းမတိုးကျဖို့ ၊ရှေဆုံးတန်းကလူတွေ လူလျှောက်လမ်းကိုကာထားတဲ့ဘောင်တွေ ပေါ်ကိုလက်မထောက်ကျ၊ မဖိကျဖို့ ၊ထိုင်ကြည့်ကြဖို့ ၄-၅ ကြိမ် လောက် request လုပ်ပါတယ်။
၁၅% လောက်သာလက်ခံတာကိုတွေရပါတယ်။ ဒီလိုနဲ့ ပွဲစချိန်ရောက်လာပါတယ်။ အစီအစဉ်တင်ဆက်သူ မတင်မိုးလွင်ကလည်း အရမ်းမတိုးကျဖို့  ထပ်ပြီး request လုပ်ပါတယ်။ သူလည်းပဲ request လုပ်တာ ၅ ကြိမ် ထက် မနည်းပါဘူး။ ဒုံရင်းကဒုံရင်းပါပဲ။ Lazy Club တီးဝိုင်း မစခင်မှာ Singapore ရောက်မြန်မာတွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေတင် ဆက်ပါတယ်။ Lazy Club တီးဝိုင်း အဖွင့်တီးလုံးတီးချိန်မှာ ပိုဆိုးလာပါပြီ။ အရင်ဆုံးကိုဇော်ပိုင်ဆိုပါတယ်။လိုက်ဆိုကြပါတယ်၊လက်ခံပါတယ်။
Live Show ကိုးဗျ။ ပျော်ပျော်ရွှင်ရွှင်အော်ဟစ်အား ပေးကြပါတယ်။ ပြီးတော့ မဟေမာ အလှည့်။ ဟုတ်ကဲ့။
ကျွန်တော် ပြောချင်တာက အဲ့ဒီမှာစပါတယ်။ မဟေမာနေ၀င်းဆိုနေတုန်းအပေါ်ထပ်တွေကနေမဟေမာကို ရေနဲ့ပက်ချပါတယ်။ ပွဲလုပ်နေ တာက outdoor မဟုတ်ပါ။ Indoor ပါ။ နောက်တစ်ချက် က စင်ပေါ်မှာ  Audio Device တွေအများကြီးပါ။
Electronic နဲ့ ရေနဲ့မတည့်တာကို ကလေးတောင်နားလည်ပါတယ်။ မဟေမာလည်း ရေလေးသုတ်လိုက် သီချင်းလေးဆိုလိုက်နဲ့ တစ်ပုဒ်ပြီး သွားပါတယ်။ မဟေမာတစ်ပုဒ်ပြီးချိန်မှာ ကိုနိုင်ဇော်က စက်တွေပျက်စီးနိုင်တာကြောင့် ရေမပက်ဖို့ တောင်းပန်ပါတယ်။
ဒါပေမယ့်ဗျာ …. ပက်တာပါပဲ။  မတင်မိုးလွင်ကလည်း စက်တွေပျက်စီးနိုင်တာကြာင့်၊ဒီအဆောက်အဦးထဲမှာရမပက်ပါဘူးဆိုတဲ့ ခံဝန်ချက်နဲ့ ပွဲကျင်းပခွင့်ယူထားရတာကြောင့် ရေမပက်ကြဖို့ ထပ်ပြီး request လုပ်ပါတယ်။ ဟုတ်ကဲ့ ပက်ဆဲပါပဲ။ နောက်ဆုံး လုံခြုံရေးက ရေပက်တဲ့ ၃-၄ ယောက်ရယ်၊ အလွန်အကျွံသောင်းကျန်းတော်မူတဲ့ ၃-၄ ယောက်လောက်ရယ်ကို ဖမ်းပြလိုက်ပါတော့တယ်။
ကျွန်တော်ပြောချင်တာက ကိုယ့်လက်ထဲက hand phone လေးကို ရေနဲနဲစဉ်ရင်တောင် စိုးရိမ်တကြီး သုတ်ကြတာဗျာ၊ hand phone ထက် အဆပေါင်းများစွာဈေးကြီးတဲ့ Audio Device တွေပျက်သွားရင် ဆိုတာမျိုးများမတွေးမိကြဘူးလားမသိပါ။ တကယ်လို့သာ တစ်ခုခု ပျက်သွားရင် လောလောဆယ် ဒီပွဲကိုကိုယ်ဆက်မကြည့်ရတော့ဘူး။
ပြီးတော့ ပွဲစီစဉ်သူတွေလည်း လျှော်ရတော့မယ်။ နောက်နှစ်တွေလည်း ဒီနေရာမှာ ပွဲလုပ်ခွင့်ရတော့မှာမဟုတ်ဖူး။
ကျွန်တော်လည်း စိတ်ညစ်ပြီးပြန်လာခဲ့ပါတယ်။ အဲဒီပွဲလည်း သတ်မှတ်ချိန်မပြည့်ခင် မှာပဲ ရပ်လိုက်ရပါတယ်။ ကျနော်တို့ မြန်မာလူမျိုးများရဲ့ စိတ်ဓာတ် တွေကြောင့် ထိမ်းမရတော့လို့ပါ။ သတင်းတွေဆက်ကြားရပါတယ်။
အဆိုတော်တွေ၊ အတီးသမားတွေပြန်သွားပေမယ့် ပွဲကြည့်သူ တွေက ကိုယ့်ဘာသာဆို၊ ကိုယ့်ဘာသာကနေကြလို့ ရဲတွေပါ မပြန်ရဘူးဖြစ် နေပါသတဲ့။  ဆိုနေ၊ ကနေပြီး ရမ်းကားနေတာမဟုတ်တော့လည်း ဖမ်းမရ၊ တားမရ။ လွှတ်ထားဖို့ကျတော့လည်း မူတွေက မမှန်လေ။ စိတ်ဓာတ်ကြောင့်လား၊ လုပ်ရပ်ကြောင့်လား တော့မသိပါ နောက်ဆုံးတော့ Peninsula Plaza မှာတော့ ကွမ်းတံတွေးတွေ၊ အံဖတ်တွေ၊ အမှိုက်တွေနဲ့ကျန်ရစ်ခဲ့ ရပါတော့တယ်။
ပွဲစီစဉ်သူတွေလည်းခါင်းခဲသွားလောက်ပါပြီ။ သူတို့ကိုယ်သူတို့ နိုင်ငံကြီးသားလို့ခံယူထားတဲ့ Singaporean တာဝန်ရှိသူတွေကလည်ြး မန်မာတွေကို အထင်သေး သည်ထက် သေးသွားပြန်ပါပြီ။
(မှတ်ချက်။  ။ကျွန်တော်သည် မြန်မာလူမျိုးစစ်စစ်ဖြစ်ပါသည်။ မြန်မာပါလို့ထုတ်ဖော်ပြောဖို့လည်း ဘယ်အခါကမျှဝန်မလေးသူဖြစ်ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် Singapore တွင်နေထိုင်ကာစီးပွားရှာနေသော်လည်း Singaporean များအားလည်းအထင်ကြီးသူမဟုတ်ပါ။
ကျွန်တော်တို့မြန်မာများကိုသာ မြင့်လာစေချင်ပါသည်။)
နေမထိထိုင်မသာဖြစ်စွာဖြင့်
ဘပုနှင့် အေးငြိမ်း  Aung Info မှတဆင့် မျှဝေပါသည်။
မှတ်ချက်။ ယခု ၂၀၁၂၊ ၂၀၁၃ စင်ကာပူ ရှိုးပွဲများတွင် အများကြီးတိုးတက်၊ ပြောင်လဲလာသည်ကို တွေ့ရသည်။ သင်္ခဏ်းစာယူနိုင်သော မြန်မာများ တိုးတက်ကြီးပွားပါစေ …
………
 
● Subject: ဗမာများ၏ သရုပ်ကိုဖော်ပြခြင်း  (ဇော်အောင်)
M. Zaw Aung <uzawaung@gmail.com>
မြန်မာပြည် ဘာကြောင့် စစ်အာဏာရှင်အုပ်ချုပ်ခံနေရသလဲဆိုတာပါပဲ။ ကောင်းတာကတော့ မြန်မာပြည်ရော၊ စင်ကာပူပါ၊ သင်္ကြန်နှစ်သစ် ကို ပြဿနာကြီးကြီးမရှိပဲ ပြီးသွားတာပါပဲ။ ပင်နီစူလာက လုံခြုံရေးတွေကို ကျေးဇူးတင်ပါတယ်။ မြန်မာပွဲဆို လုံခြုံရေးစရိတ်က မသေးလှ ပါဘူး၊။
လူငယ်တွေဆိုတော့ ပျော်ကြတာပေါ့။ မနှစ်က သင်္ကြန်မှာ ကမ္ဘောဒီယားလူငယ်လေးပေါင်း ၃၇၀ ကျော် လူပိပြီးသေဆုံးသွားတာ ၀မ်းနည်း စရာပဲ။ ဆော်ဒီအာရေဗီးယား အစ္စလမ်ဘာသာရေးပွဲမှာပဲ လူပိသေတယ်ကြားဖူးတယ်။ ဗမာပြည်တော့ ဒါလောက်မဆိုးသေးပါဘူး။
http://www.nytimes.com/2010/11/23/world/asia/23cambodia.html
မြန်မာပြည်က ပွဲများ ကြီးကြပ်ဖူးသူတွေ သိပါတယ်။ လုံခြုံရေးကို မြန်မာအချင်းချင်း ကြံ့ဖွတ်တွေ လုပ်ကြတယ်။ စစ်သား၊ ရဲသားတွေလည်း သုံးရတယ်။ စင်ကာပူရောက်မြန်မာများကတော့ ဒီလိုပါပဲ။ လွတ်လပ်မှုကို အလွဲသုံးစားကြတာ.. အူမြူး၊ လူစိတ်ပျောက်သူ ၁ ရာနှုန်းလူ တစ်စုကို ဘယ်လိုထိန်းရမလဲ။  သေချာတာကတော့ ဘာသာရေး၊ လူမှုရေးတူတဲ့ ထိုင်းနိုင်ငံကို နမူနာယူရပါမယ်။ အခုခေတ် ၂၀၀၇ နောက်ပိုင်းတော့ ကိုယ်ပဲ ပညာရေး၊ စီးပွားရေးအဆင်ပြေအောင်လုပ်၊ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုးများကို ကူညီ .. ဆန္ဒပြပြီး စစ်အာဏာ ရှင်ကျဆုံးရေး တောင်းဆိုတဲ့ခေတ်တွေကျော်သွားပါပြီ။ ဘာနည်းနဲ့လုပ်ကြမှာလဲ။ ဖမ်းဆီး၊ ရိုက်နှက် (ပိုဆိုတဲ့ ပစ်ခတ်၊ သတ်ဖြက်) နည်းက တော့ ပညာနဲပါး၊ ဆိုးဝါးလာသူများကို ကျင့်သုံးနေရဦးမှာပဲ။
လူတွေကိုပညာပေးတဲ့အလုပ်ကို အစိုးရတိုင်းက ကျောင်းတွေမှာပဲ ပညာပေးတယ်။ စင်ကာပူမှာတော့ အရွယ်ရောက်သူများအတွက် ကြိမ်ဒဏ်ပေးပြီးလုပ်ပါတယ်။ အူမြူးတဲ့ သင်္ကြန်ပွဲတွေမှာ ပညာပေးလို့မရပါ။ ၀မ်းနည်းရတဲ့ တရားရုံး၊ အသုဘ၊ အင်မီဂရေးရှင်း .. စတဲ့နေ ရာတွေမှာပဲ ပညာပေးလို့ရပါတယ်။
မြန်မာများအခြေအနေတိုးတက်လာတယ် ဆိုရမယ်။ ပင်နီစူလာမှာ ၂၀၀၇ နောက်ပိုင်း အိုးပင်းပွဲမလုပ်ဖြစ်တာ ကြာပြီး။ အခုပွဲကို ဒါလောက်နဲ့ ပြီးသွားတာ ၀မ်းသာစရာပါ။ ဟုတ်ပါတယ်။ ဗမာတွေ အများကြီးလိုပါသေးတယ်။ EQ အီမိုးရှင်းသိပ်နိုမ့်တယ်။ ပျော်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသဖြစ်စရာ .. တွေကို ထစ်ကနဲရှိ ပွင့်ကျသွားတာပဲ။ ကျွန်တော်ကအစပေါ့ဗျာ ….
ဒီပို့စ်အတွက် အများကြီးကျေးဇူးတင်ပါတယ်။
…………………
● Subject: ဗမာများ၏ သရုပ်ကိုဖော်ပြခြင်း (အေးအေးခင်)
Dr. Aye Aye Khin <minpyaehein@yahoo.com>
ဆရာအေးငြိမ်းက ဗမာများ၏သရုပ်ကိုဖော်ပြပြီးတော့ ကျွန်မလည်း ဒီနေ့မနက် နည်းနည်းလေးအချိန်ရလို့ မလေးရှားရောက် တစ်ခြားလူမျိုး များအကြောင်း နည်းနည်းရေးချင်ပါတယ်။ စာကတော့ ရေးချင်နေတာ တော်တော်ကြာပါပြီ။ ကျွန်မက ဘယ်သွားသွား ဘယ်နားမှာနေနေ အမှုမဲ့ အမှတ်မဲ့မနေဘဲ ပတ်ဝန်းကျင်ကို အမြဲလေ့လာပြီး Security is first ကို မလေးရှားစရောက်တဲ့အချိန်ကစပြီး ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီစကားက ကျွန်မအမျိုးသား အမြဲပြောတဲ့စကားပါ။ သူက မိသားစုတာဝန်ရော၊ သူ့အလုပ်တာဝန်ရော အလုပ်လုပ်နေရတော့ ကျွန်မတို့ သားအမိ (ကျွန်မနဲ့ သားလေး) ဘယ်သွားသွား လိုက်မပို့နိုင်ပါဘူး။ ဒါနဲ့ဘဲ ကျွန်မဘယ်သွားသွား နိုင်ငံခြားမှာနေရင် Security is first ပါဘဲ။ လေကြောနည်းနည်းရှည် နိဒါန်းပျိုးမိတာကို ခွင့်လွှတ်ပြီး ဆက်ဖတ်ပေးပါ။
အကြောင်းအရာက ဒီမှာစမှာပါ။ ကျွန်မတို့အိမ်နားမှာ စနေနေ့တိုင်း မလေး၇ှားဘာသာစကားနှင့် Pasar Malam အမြဲ၇ှိပါတယ်။ Pasar ဆိုတာ ဈေး၊ Malam က ည။ ဒီတော့ ဘာသာပြန်ရင် ညဈေးပေါ့။ မလေး၇ှားမှာ ညဈေးက ရပ်ကွက်တစ်ခုမှာ တစ်ပတ် တစ်ရက် စီစဉ်ပေး ထားပါတယ်။ မလေးလူမျိုး အိမ်၇ှင်မများနှင့် နိုင်ငံခြားသားများအတွက် တစ်ပတ်စာကို ဈေးချိုချိုနှင့် ၀ယ်ထားလို့ရအောင်ပါ။ အဲ့ဒီညဈေး တွေမှာ နိုင်ငံခြားသားတွေဖြစ်တဲ့ ဘကုန်း (ဘင်္ဂလားဒေ့၇ှ်လူမျိုး)၊ အ (အင်ဒိုနီး၇ှားလူမျိုး)၊ ဖ (ဖိလစ်ပိုင်လူမျိုး)၊ ဗလိုင်ချိုင့် (ဗီယက်နမ်လူမျိုး)၊ မလိုင် (မလေး၇ှားလူမျိုး) များနှင့်ေ၇ွှ (မြန်မာလူမျိုး) တွေ အများဆုံးဈေးဝယ်ကြပါတယ်။
ကျွန်မကဈေးဝယ်ပြီးတိုင်း ဈေးနားက ကစားကွင်းနှင့် ဘောလုံးကွင်းမှာ အမြဲထိုင်ပြီး ကျွန်မတို့ရပ်ကွက် ရွှေမြန်မာများက အဲ့ဒီ ဘောလုံး ကွင်းမှာ အမြဲတမ်း စနေနေ့တိုင်းကန်တဲ့ ဘောလုံးပွဲကို အမြဲထိုင်အားပေးပါတယ်။ သားလေးကတော့ တွေ့သမျှ ကစားကွင်းထဲက အရာများအားလုံးကို တက်ဆော့လိုက်၊ ဒန်းလေးလွှဲစီးလိုက်နှင့် သားအမိနှစ်ယောက် တစ်ပတ်ကို တစ်ရက် ကစားကွင်းမှာ အချိန်ဖြုန်းနေပါတယ်။
အဲ့ဒီနေ့က ပြီးခဲ့တဲ့စနေနေ့ ကျွန်မတို့ သင်္ကြန်အတက်နေ့ပါ။ အဲ့ဒီကစားကွင်းရဲ့ ခုံအချို့မှာ နိုင်ငံခြားသားများ အချို့အချို့ထိုင်နေကြပါတယ်။ ကျွန်မနဲ့ မလှမ်းမကမ်းမှာ ဘကုန်း အုပ်စု ၄ ယောက်ကလည်း သူတို့လည်း မြန်မာလိုဘဲ နှစ်သစ်ကူးတယ်ပြောသံကြားပြီး ဘီယာတွေကို ၄ ဗူး၊ ၅ ဗူး ထိုင်သောက်နေပြီး ဘီယာဘူးအခွံကို ကျွတ်ကျွတ်အိတ်ထဲ့ ထည့်ပါတယ်။ မလှမ်းမကမ်းကခုံမှာ မလေး၇ှား အင်ဒီးယားအမျိုးသမီး ၂ ယောက် နည်းနည်း အသက်ခပ်ကြီးကြီး ကြည့်ရတာတော့ နည်းနည်းအဆင့်အတန်းမြင့်ထဲကပါ။ သူတို့ကလည်း ဘကုန်းအုပ်စုကို လှမ်းကြည့်နေပါတယ်။
သိပ်မကြာပါဘူး။ ဘကုန်းအုပ်စုထဲက တစ်ယောက် ဘီယာဘယ်နှစ်ဘူးမြောက်သောက်သလဲတော့ မသိပါဘူး။ ထပြီး ဥသြဆွဲတော့ တာဘဲ။ အန်တာမှ နည်းနည်းနှောနှောမဟုတ်ပါ။ အဲ့ဒီမှာ သူ့ရဲ့အုပ်စုပါ တစ်ခြားသူငယ်ချင်းတွေက ထပြီးပြန်ကြပါလေရော။ အဝေးကြီးကနေ You are OK? လုပ်နေတော့တာဘဲ။ အနားလည်းမကပ်၊ ဟိုဘကုန်းကလည်း စကားတောင်ပြန်မပြောနိုင်ပါဘူး။ အန်နေတာ။ အန်လို့မပြီးခင် မှာဘဲ အဲ့ဒီ သူနှင့်အတူတူ သောက်နေတဲ့သူတွေ အဝေးကြီးကိုရောက်သွားတော့တာပါဘဲ။
ဟို မလေး၇ှားအင်ဒီးယားအမျိုးသမီး ၂ ယောက်ကလည်းကြည့်ပြီး တုတ်တုတ်မှမလှုပ် ထိုင်လျက်ကြည့်နေပါတယ်။ ကျွန်မက ဒီလူဒီထက် ဆိုးရင် ထပြီးဘာအကူအညီပေးရမလဲ မေးမလို့ ၇ှိသေးတယ် ဘကုန်းက ကုန်းရုန်းထ၊ ယိုင်တိုင်တိုင်နှင့် သူ့ကိုထားခဲ့တဲ့ သူငယ်ချင်းတွေကို အမှီလိုက်သွားပါတယ်။ အဲ့ဒီမှာ မလေး၇ှားအင်ဒီးယားအမျိုးသမီး ၂ ယောက်က  ထိုင်ရာကထလာပြီး ဘကုန်းထိုင်သွားတဲ့ ခုံနားလာပြီး ဘကုန်းသောက်လို့ ပစ်သွားတဲ့ ဘီယာဘူးအခွံ ပလပ်စတစ်အိတ်ကို အန်ဖတ်တွေနဲ့အတူ ကောက်သွားပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘီယာဘူးအခွံက Recycle အနေနဲ့ ပြန်ရောင်းလို့ရလို့ဖြစ်ပါမယ်။
ကျွန်မလည်းအားလုံးပြန်သွားတော့မှ တွေးကြည့်လိုက်တော့ ဒီလူတွေကြားထဲမှာ တစ်ခုခုတော့ လိုနေသလားလို့။ ဘာလည်းတော့ ကျွန်မ လည်း မပြောတတ်တော့ဘူး။ ကျွန်မတွေးနေတာကတော့ သူငယ်ချင်းတစ်ယောက် ဒုက္ခေ၇ာက်နေတာကို ဒီတိုင်းထားခဲ့သင့်သလား။ လူတစ်ယောက် ဒုက္ခေ၇ာက်နေတာကို ဘီယာဘူးအခွံလောက်တောင် စိတ်မ၀င်စားသင့်ဘူးလား……
လူသားအားလုံး မြန်မာနှစ်သစ်မှာ ၇ွှင်လန်းချမ်းမြေ့ကြပါစေ။ လူသားတိုင်း မြင့်မြတ်သော အတွေးအခေါ်လေးတွေ ကိုယ်စီ၇ှိကြပါစေ။
(စကားချပ်။ နောက်လည်း အကြောင်းတိုက်ဆိုင်၇င် စာတိုလေးတွေ ရေးပါအုန်းမယ်) 
 
အေးအေးခင်  Aye Aye Khin (Ph.D) Post Doctoral Research Fellow 
Institute of Agricultural and Food Policy Studies (IKDPM) 
Universiti Putra Malaysia (UPM) 
Email: ayeaye5@yahoo.com 
………………….
● Subject: ဗမာများ၏ သရုပ်ကိုဖော်ပြခြင်း  (ဌေးနိုင်)
From: Htay <htay@yahoo.com>
အရပ်ထဲမှာ ကလေးတွေဆိုသလို “သင်္ကြန်ကျလို့ရေပက်တယ်၊ ဘာဖြစ်သလဲကွယ်။” လို့ပဲ ပြောချင်ပါတယ်။  အဲဒီပင်နီစူလာက စတိတ်ရှိုးကို သင်္ကြန်တွင်းမဟုတ်ဘဲ သီတင်းကျွတ်ပွဲတော်ကာလမှာ လုပ်တယ်ဆိုပါစို့။ ရေပက်ဖို့ ဘယ်သူမှ စိတ်ကူးထဲထည့်မှာမဟုတ်ပါဘူး။ (သီချင်းဆိုတာမကြိုက်လို့ ရေသန့်ဗူးနဲ့ပေါက်ချင်သာပေါက်မယ်။)  ကျွန်တော်က ရေနဲ့ပက်သူတွေကို ထောက်ခံပြီးပြောတာ မဟုတ်ပါဘူး။
ပွဲပျက်မှာစိုးလို့ ရေမပက်ပါနဲ့လို့ အကြိမ်ကြိမ်တောင်းပန်တဲ့အကြားက လုပ်တယ်ဆိုတာကတော့ သူတို့အလွန်ပေါ့။ စာနာမှုမရှိတာပေါ့။ သို့သော် အဲဒါ ဗမာများရဲ့သရုပ်ကိုဖော်ပြနေတယ်ဆိုတာကတော့ မဟုတ်သေးပါဘူး။ အခွင့်အရေးရှိတိုင်း လုပ်ချင်ရာလုပ်မယ်ဆိုတဲ့လူတွေ လူမျိုးတိုင်းမှာရှိပါတယ်။ မကြာသေးခင်ကပဲ အမေရိကား၊ ဖလော်ရီဒါပြည်နယ်ထဲက မထင်မရှားမြို့လေးတစ်မြို့မှာ တယ်ရီဂျုံးစ် ဆိုတဲ့ ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်က အစ္စလာမ်ဘာသာရဲ့အထွဋ်အမြတ် ကိုရာမ်ကျမ်းစာအုပ်တွေကိုစုပုံပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အာဖဂန်နစ္စတန်အပါအ၀င် အခြား မူစလင်နိုင်ငံတွေမှာ အဓိကရုဏ်းတွေဖြစ်ပြီး လူတွေဒါဇင်နဲ့ချီ သေကြကြေကြ ဖြစ်ခဲ့ရပါတယ်။ သင်းအုပ် ဆရာကတော့ ခပ်တည်တည်ပါပဲ။ သူနဲ့ဘာမှမဆိုင်ပါဘူးတဲ့။ ဘာသာရေးခေါင်းဆောင်တွေ၊ အမေရိကန်ခေါင်းဆောင်တွေအပါအ၀င် ကမ္ဘာအရပ်ရပ်က အထင်ကရတွေက အခုလို မီးရှို့ဖျက်ဆီးတာမျိုးမလုပ်ဖို့ ၀ိုင်းတားမြစ်တဲ့အကြားက ခေါင်းမာမာနဲ့လုပ်ခဲ့သူဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိဆန္ဒကိုလွတ်လပ်စွာဖော်ထုတ်ခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကို အလွဲသုံးစားလုပ်သူပေါ့။ တယ်ရီဂျုံးစ် ဟာမိုက်မဲသူတစ်ဦးပါ။ အားလုံးက သူ့လုပ်ရပ်ကို စက်ဆုပ်ရှုတ်ချကြတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ အမေရိကန်လူမျိုးတွေရဲ့ သရုပ်ကိုဖော်ပြ တာပဲ ဘာညာလို့ ဘယ်ဝေဖန်သူကမှ ပြောကြတယ် မကြားမိပါဘူး။ ဘယ်သူကမှလည်း အမေရိကန်တွေကို အထင်မသေးကြပါဘူး။
အိန္ဒိယမှာဆိုလည်း ဟိန္ဒူဘုရားပွဲလုပ်ရင် လူပိလို့ သေကြတယ်ဆိုတာ နှစ်တိုင်းလိုလိုကြားနေရတာပါပဲ။ ပြောမရ ဆိုမရ ၀ရုန်းသုန်းကား တိုးကြ၊ကြိတ်ကြသူတွေကြောင့်ပေါ့။ ဒါကိုလည်း အိန္ဒိယတွေရဲ့စရိုက်ကိုဖော်ပြနေတယ်လို့ ၀ါးလုံးရှည်နဲ့သိမ်းပြီး မရမ်းကြပါဘူး။ ဥရောပဘောလုံးပွဲတွေမှာ အင်္ဂလန်အသင်းကို အားပေးတဲ့ အင်္ဂလိပ်ပရိသတ်တွေဟာ ပုလိပ်တွေနဲ့ ရိုက်တတ်လွန်းလို့ အိမ်ရှင်နိုင်ငံတွေမှာ အင်္ဂလန်ကလာကြည့်မယ့်သူတွေကို ပွဲလက်မှတ်မရောင်းပဲ ကန့်သတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်တွေကို အထင်သေးစရာလူမျိုးလို့ ဘယ်သူမှ နှာခေါင်းမရှုံ့ကြပါဘူး။ တရုတ်၊ ကုလား၊ အဖြူ၊ အမည်း၊ လူမျိုးတိုင်းမှာ သူ့ပုံစံနဲ့သူဗရုတ်သုတ်ခတွေရှိတာ ထုံးစံပါ။  အခု သင်္ကြန်ရေပက်တဲ့ကိစ္စလည်း ဒီလိုပါပဲ။ လူမျိုးနဲ့ချီပြီး မေးငေါ့စရာ၊ ခါးခါးသီးသီးဖြစ်စရာ မလိုဘူးထင်ပါတယ်။ ကိုယ်က ကောင်းကောင်းမွန်မွန် စတိတ်ရှိုးကြည့်ချင်တယ်။ အချို့က အပျော်ကျူးပြီး ဖျက်လိုဖျက်ဆီးလုပ်ကြတယ်။ သူနဲ့ကိုယ်နဲ့ စရိုက်မတူ၊ သဘောထားမတူဘူးပေါ့။ ကိုယ်လိုချင်တာ မဖြစ်တိုင်း ဘာစရိုက်ပဲ ညာစရိုက်ပဲ ဆိုပြီး နာနာကျည်းကျည်း ဖြစ်တာကသာ အန္တရာယ်ရှိတဲ့ စိတ်သဘောထားလို့ ဆိုချင်ပါတယ်။ အမြင်ကျဉ်းမှု၊ သဘောထားသေးသိမ်မှု၊ အာဏာရှင်ဆန်လိုမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောချင်ပါတယ်။
နောက်ပြီး မြန်မာကို စင်ကာပူတွေအထင်သေးတာ မသေးတာ၊ စင်ကာပူကို မြန်မာတွေက အထင်မကြီးတာ၊ အထင်ကြီးတာ အားလုံးဟာ လူတစ်ဦးချင်းစီရဲ့ တစ်သီးပုဂ္ဂလ အထင်အမြင်သာဖြစ်ပါတယ်။ လူမျိုးနဲ့ချီပြီး အဲသလိုဖြစ်တယ်ဆိုတာ သမိုင်းဦးကာလက ကိစ္စတွေပါ။ မျက်နှာပူရင် မျက်နှာပြောင်တိုက်လိုက်ပေါ့။ မြန်မာလူမျိုးကို ကောင်းစားစေချင်တယ်ဆိုရင် မြန်မာတွေအကြောင်းကို မြန်မာအချင်းချင်း လက်တို့ပြီး နှာခေါင်းမရှုံ့ဖို့၊ ကိုယ့်လူမျိုးကို သူများကအထင်ကြီးစေချင်တယ်ဆိုရင် သူများကိုလည်း ကိုယ်ကအထင်မသေးဖို့ လိုတယ် လို့ထင်ပါကြောင်း။
လေးစားစွာဖြင့်
KH
ဌေးနိုင် – ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ် ..စာအုပ်ကို ဘာသာပြန်သူဖြစ်သည်။ IT Consultant အဖြစ် စင်ကာပူတွင်နေထိုင်သည်။
……………….
● စုစည်းတင်ပြသူ မှတ်ချက်။
ယခုမြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုတွင် ဒီမိုကရေစီဘက်တော်သားများ ဦးဆောင်သူများဖြစ်နိုင်ရန် ဗမာများကိုသရုပ်ဖေါ်ခြင်း ကွန်မင့်များ ၂၀၁၁ ပြန်လည်ဖေါ်ပြပါသည်။
ဇော်အောင်  ၄-ဖေ-၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗမာများ၏ သရုပ်ကိုဖော်ပြခြင်း
  1. အင်း စင်ကာပူကိုမြန်မာကမှီဖို့နောက် အနှစ် ၃၀ လောက်ကျွန်တော်တို့ကြိုးစားရအုံးမယ်။ ဒီအနှစ် ၃၀ ခရီးကို ၃ နာရီလောက်နဲ့ ရောက်သွားကြပြီးသောင်းကြမ်းကျတာ မဆန်းပါ။ ကျတော်တို့ မြန်မာတော်တော်များများဟာ စိတ်ရင်းကောင်းကြပါတယ် ဒါပေမဲ့။ လက်ရှိမျက်မှောက် လောကထဲမှာ တကယ်ကျင်လည်မယ်ဆိုယင် ရိုင်းနေပါသေးတယ်။

Comments are closed.