ဇန်န၀ါရီ ၃၀၊၂၀၁၃
ထိုဖြစ်စဉ်ဖြင့် ရဲတသ စိုးမိုးထွန်းအား ထောင်ဒဏ် (၃) နှစ်၊ အပြစ်မဲ့သူ ရဲတကက ဇော်မြင့်ဦး နှင့် ရဲတသ (၃)ဦးအား ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့ပါသည်။ အပြစ်မဲ့သူများမှာ ရဲတရားရုံးစစ်ဆေးခံစဉ် ထွက်ဆိုချက်နှင့် စာသားပါ ထွက်ဆိုချက်များ လွဲမှားနေကြောင်း ပြင်ဆင်ပေး ပါရန် တင်ပြသော်လည်း၊ ပြင်ဆင်ခြင်းမရှိ အဓမ္မလက်မှတ်ထိုးစေခိုင်းပြီး တရားစီရင်ခဲ့ပါသည်။ တရားခံမှ ဥပဒေကြောင်းအရ ချေပခွင့်၊ တောင်းဆိုခွင့်၊ ခုခံကာကွယ်ပိုင်ခွင့်၊ လူ့အခွင့်အရေးများ ဆုံရူံးခဲ့ရပါသည်။ ချမှတ်ပြစ်ဒဏ်မှာလည်း အဓမ္မလက်မှတ်ထိုးစေခိုင်းပြီး တရား စီရင်ခဲ့သဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံရပါသည်။
ပြစ်မှုကျုးလွန်ခြင်းမရှိ၊ မတရားပြစ်ဒဏ်ခံရသော ရဲတကက ဇော်မြင့်ဦး နှင့် ရဲတသ (၃)ဦးအား ထောင်ဒဏ် (၁)နှစ်စီ ချမှတ်ကာ မအူပင် အကျဉ်းထောင်တွင် အကျဉ်းခံနေရပါသည်။
အရပ်သားပဲဖြစ်ဖြစ်၊ ရဲပဲဖြစ်ဖြစ် မျှတတဲ့ တရားစီရင်မှုအောက်မှာ အပြစ်မရှိရင် မရှိသလို စွပ်စွဲချက်ကို ချေပခွင့်ရရှိရမှာက လူ့အခွင့်အရေး ဖြစ်ပါတယ်။ (ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်ကြေငြာစာတမ်း အပိုဒ် ၇) မှာ ဖော်ပြပါရှိပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခြင်းခံရသော အဆိုပါ လေးဦး၏ ဖြစ်စဉ်အား နိုင်ငံတော်သမ္မတကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိလူကြီး မင်းများ နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးသိရှိစေရန် တင်ပြအပ်တယ်။