လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာသက်ပန်ယာဉ်အခမဲ့ စီးနင်းခွင့်ကတ်ပေးအပ်

ဇန်န၀ါရီ ၂၂၊ ၂၀၁၃
လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူများအနက် ငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာသက်ပန် ယာဉ်အခမဲ့စီးနင်း ခွင့်ကတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်အခမဲ့စီးနင်းကတ် (Diamond Card) ရရှိထားသူများသည် ရွှေမန္တလာယာဉ်လိုင်း၏ မည်သည့်ခရီးစဉ်တွင်မဆို ရာသက်ပန် အခမဲ့စီးနင်းခွင့် ရရှိမည့်အပြင် ယင်းခရီးစဉ်တစ်လျှောက် လိုအပ်သမျှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရွှေမန္တလာ ယာဉ်လိုင်းမှ ကိုမိုး ထွန်းက ပြောသည်။

ယခု ရွေးချယ်ပေးအပ်ထား သူငါးဦးအပြင် ထပ်မံရွေးချယ်ပေးအပ်ရန်လည်း အစီအစဉ်ရှိကြောင်း ၎င်း၏အဆိုအရ သိရသည်။

“ဒီအခမဲ့ကတ် ပေးဖြစ်တာက ဒီပုဂ္ဂိုလ်တွေကို အင်မတန် လေးစားလို့ပါ။ သူတို့ကတကယ်ပဲ တိုင်းကျိုး ပြည်ကျိုး၊ လောကအကျိုး၊ ပြည်သူ့အကျိုး သူတို့တတ်နိုင်တဲ့ဘက်က ၀ံ့ဝံ့စားစား ဆောင်ရွက်တဲ့ အတွက် ရွေးပြီးပေးတာပါ။ ဒီပုဂ္ဂိုလ်တွေ ခရီးသွားမယ်ဆိုရင် ဖုန်းသာဆက်လိုက်ပါ။ အကုန်လုံး ဆောင်ရွက်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ ရွှေမန္တလာယာဉ်လိုင်း၏ အခမဲ့ယာဉ်စီးနင်းခွင့်ကတ် ရရှိထားသူငါးဦးမှာ –

၁။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဟံသာဝတီ ဦးဝင်းတင်၊
၂။ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူများဖြစ်သော ဦးအုံး (FREDA)၊
၃။ ဒေါက်တာဦးထွန်းလွင် (မိုးလေ၀သ)၊
၎။ ဒေါ်ဒေ၀ီသန့်စင်၊
၅။ ပန်းရဲ့လမ်း အဖွဲ့ဝင် ဦးရဲလွင် (မဇ္ဈိမလှိုင်း) တို့ ဖြစ်သည်။

by – General Knowledge

One thought on “လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာသက်ပန်ယာဉ်အခမဲ့ စီးနင်းခွင့်ကတ်ပေးအပ်

  1. I was very happy when i heard this news.That is good job.we are myanmar.
    Myatthulatt(bangkok)

Comments are closed.