သတင်းပဒေသာ

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

ထက်နောင်နောင်
ဒီဇင်ဘာ ၃၀၊ ၂၀၁၂
ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။

“ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကိုမေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်းပြန်လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်းပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှအကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလား ဆိုတာကိုကျွန်တော် မေးချင်ပါတယ် ” ၄င်းကပြောကြားခဲ့သည် ။

ဆက်လက်ပြီး “အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ” ဟု ထပ်မံပြောကြားသွားသည် ။

ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကိုအသုံးပြုနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏ပြောကြားချက်အရသိရသည် ။

မြန်မာ့ခေတ်မီဒီယာ မှ ပြန်လည်ကူးယူဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

17 thoughts on “စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်
  1. လူကြမ်းမင်းသား အကယ်ဒမီ ဆု ယူဘို့ လေ့ကျင့်နေတာပါကွာ- ဒို့ အဘို့ က ဒါ အသေးအမွှားပါ-ငှဲ -ငှဲ-ငှဲ-
    ပုံ– ကာလုံ၏ ပြောခွင့်မရ-ပုဂ္ဂိုလ်-

    1. လူကြမ်းမင်းသား အကယ်ဒမီ ဆု ယူဘို့ လေ့ကျင့်နေတာပါ
      နိုင်ငံအချုပ် အချာပိုင် နယ်မြေထဲမှာ ခိုးဆိုး လုယက် လူသတ် မုဒိန်းကျင့် တံတား မိုင်းခွဲ ဆပ်ကြေးကောက် ပေါ်တာဆွဲ နေတဲ့ လူတွေကို နှိမ်နင်းတာ နယ်ချဲ့တာ တဲ့လား မျိုး ဖြုတ်ပစ်ကွာ

  2. Ko Mya Aye,

    I impress you very much and respect you too. There is no one who can dare ask the question to the military boss like you.
    This is your best question and your best political record of your effort in politics.

    Zaw Nyein Lat (74)

  3. အယင်လှူဗိုလ်သန်းရွှေခြေရာလိုက်နင်းမယ်ဆိုယင်တော့လူတွေပြဌာန်းထားတဲ့ဥပဒေကအရေးယူခွင့်မရခဲ့ယင်တောင်လောကပါလနတ်တွေကအပြစ်ပေးကြလိမ့်မယ်။ကာချုပ်ကြီးရေ၊ခင်ဗျားဦးနှောက်ကအများကြီးကြီးပါတယ်၊ခင်ဗျားကိုဗိုလ်ချုပ်အောင်ဆန်းကိုအလေးပြုချင်တယ်၊နောင်လာနောက်သားတွေကိုမြန်မာ့သမိုင်းမှာထင်ရှားတဲ့ပုဂိုဟ်ဆိုပြီးပြောချင်တယ်ဗျာ။အချိန်မှီသေးတယ်၊ဗိုလ်သန်းရွှေလိုမလုပ်ပါနဲ့ဗျာ။

  4. ကလေးစစ်သားမရှိဘူး၊ (ILO မျက်ကန် နားပင်း)
    နိုင်ရေးအကျဉ်းသားမရှိဘူး၊ (အာဏာလုမယ်ထင်တဲ့လူ အရေးယူထားတာပါ)
    အဓမလုပ်အားပေးမရှိဘူး၊ (ILO ကိုမေးကြည့်)
    ဘာသာရေးဖိနှိပ်မှုမရှိဘူး၊ (ဂေါ်ဇီလာသေကို ဂန်ဒူးစကပ်နဲ့ဖုန်း)
    လှု့အခွင့်ရေးချိုးဖေါက်တာမရှိဘူး။ (ဘယ်သူသေသေ ငါမသာမဖြစ်ရင်ပြီးရော)
    ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရပါ၊ (သိပ်မရီနဲ့၊ ပြုံးယုံလေးပြုံးပါ)
    ပြည်သူတွေအပြည့်အ၀ထောက်ခံအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပါ၊ (?)
    ရိုဟင်ဂျာ ဆိုတာမရှိဘူး၊ (မြန်မာ့စွယ်စုံကျမ်းတောင် မဖတ်ဘူးလို့၊သမိုင်းမှန်မသိလို့)
    သွေးထိုးလှုံ့ဆော်ရေးသားမှုများကိုဖေါ်ထုတ်အရေးယူနေပါတယ်။ (မမြင်ချင် မကြားချင်အဆုံး)
    တရားဥပဒေစိုးမိုးရေးလုပ်ဆောင်နေပါတယ်။ (နိုင်ငံတကာက Genocide တဲ့)
    နိုင်ငံတကာစုံစမ်းအဖွဲ့ ခွင့်မပြုပါ၊ (ကိုယ်မှန်ရင်ဘယ်သူလာလာပေါ့)
    OIC ကိုလက်မခံပါ (အလျှူငွေလာထား၊ ၀င်မစွက်နဲ့)
    “ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ”

  5. အခုစစ်ပွဲရဲ့ကုန်ကျစရိတ်ကိုကျန်းမာရေး၊ပညာရေးတွေမှာအသုံးပြုရင်အရမ်းကောင်းမှာဘဲ။

      1. စစ်လေယာဉ်တွေလောက် ရောင်းလိုက်ရင် လုံလောက်ပါတယ်။

  6. တိုင်းပြည်အကျိုးကိုတကယ်ထိထိရောက်သယ်ပိုးနိုင်သောမျိုးချစ်စိတ်ရှိပြီးအရည်ချင်းရှိသောနိုင်ငံရေးသမားများနှင့်
    အစိုးရ၀န်ထမ်းများ။
    2013 နှစ်သစ်နှင့်အတူပေါ်ထွက်လာပါစေ။ 🙂

  7. စစ်က ၂ ဖက်တိုက်ရတာ ဒါ ကြောင်. စစ်ဦးစီး ၂ယောက် တိုက်ခိုင်း ၂ယောက်စလုံး ဇိမ်ခံမနေစေနဲ့

  8. ကိုမြအေးရဲ့ သမိုင်းဝင်မယ့် မေးခွန်းဖြစ်လာပါလိမ့်မယ်။ ဒါဘယ်သူမှမမေးရဲတဲ့မေးခွန်းပါ။ ကျေးဇူးတင်ပါတယ်ကိုမြအေး။

  9. တော်တော်နောက်တဲ့ ကိုနောက်
    ၂၀၁၃ နှစ်သစ်နဲ့အတူပေါ်ထွက်လာရအောင် ခုစိုက်ခုထွက်တဲ့ ကောက်ရိုးမှိုလည်းမဟုတ်ဘူး
    ၂၀၁၂ ရဲ့ လက်ကျန် အသုံးမကျနိုင်ငံရေးသမားနဲ့ အသုံးမကျအစိုးရ၀န်ထမ်းတွေနဲ့ပဲဆက်ပြီး ၂၀၁၃ ကို နှစ်ပါးသွားနေရအုံးမှာပဲ

Comments are closed.