ဒေါ်စုနဲ့ တယောသမားများသို့
လေနုအေး၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂
မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။
ကချင်မှာ …
တမနက်ထဲဝဲတဲ့ ဂျက်တိုက်လေယဉ်တစီးရဲ့ဆီဖိုးက အဲလောက်မကပဲလား။
အဲဒီပိုက်ဆံက …
အဲဒီလေယဉ်ပေါ်က ကျဲချလိုက်တဲ့ဒုံကျည်တလုံးဖိုးမှ ရှိရဲ့လား။
မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။
ကချင်မှာ …
တမနက်ထဲဝဲတဲ့ ဂျက်တိုက်လေယဉ်တစီးရဲ့ဆီဖိုးက အဲလောက်မကပဲလား။
အဲဒီပိုက်ဆံက …
အဲဒီလေယဉ်ပေါ်က ကျဲချလိုက်တဲ့ဒုံကျည်တလုံးဖိုးမှ ရှိရဲ့လား။
မနားတမ်းပစ်နေတဲ့ လက်နက်ကြီးကျည် ငါးလုံးဖိုးမှ ရှိရဲ့လား။
သေသွားတဲ့အသက်တချောင်းရဲ့တန်ဖိုးနဲ့ဆိုရင်ရော ဘယ်လိုလဲ။
ခင်ဗျားတို့စင်ပေါ်မှာ
သီချင်းတွေအော်နေမဲ့အစား …
စစ်ပွဲရပ်ကြပါလို့များ မအော်ချင်ဖူးလား။
သီချင်းတွေအော်နေမဲ့အစား …
စစ်ပွဲရပ်ကြပါလို့များ မအော်ချင်ဖူးလား။
ပညာရှိမှ တိုးတက်မယ်ရဲ့အစား …
မငြိမ်းချမ်းရင် ပညာသင်လို့မရဘူးလို့ ပြောကြပါလား။
မငြိမ်းချမ်းရင် ပညာသင်လို့မရဘူးလို့ ပြောကြပါလား။
ကချင်ပြည်ကြီးမီးဟုန်းဟုန်းလောင်နေပါတယ်။
ရန်ကုန်မှာ တယောထိုးတဲ့သူတွေပေါလှတယ်။
(photo – undated, facebook, kachin refugee with a kid preparing for move)
စစ်ပွဲတွေ ရပ်ကြပါလို့ ပြောရင် နောက်ပြန်ကြောင်းလှည့်သွားမှာပေါ့ ဂျ-အဲဒါကြောင့်-မလှမ်းရသေးတဲ့ ခြေလှမ်း-လှမ်းအောင် ကလေးဆိုးကြီး -ချော့နေရသလို-ချော့နေရတာ-
If our effort in upgrading Burma’s educational standard has to wait until Kachin war is over, it will be too late. We should do our best in stopping wars as well as raising educational standard at the same time.
Both are equally important and don’t be pessimistic. Please help whatever way you can.
Really nice poem
Agreed with your article-poem.
မှန်တာပေါ့ တယောသမားရယ်ငြိမ်းချမ်းမှစာသင်လို့ရမှာ………
အင်း ကိုယ်လုပ်တာကိုယ်တော့မှန်တယ်လို့ထင်နေကြတဲ့လူတွေကြည့်ပါ(စစ်တိုက်တဲ့သူကတိုက်၊တယောထိုးတဲ့သူကထိုး၊ လွှတ်တော်မှာငြင်းတဲ့သူကငြင်းကျပေါ့ တကယ်တမ်းကျတော့ မုန့်လုံးကိုစက်ကူကပ်တာနဲ့ စက်ကူနဲ့မုန့်လုံးကပ်တာ ဘာများကွာလို့လည်း