မိုးမခကို ပေးတဲ့စာ

လောင်စာဆီမှောင်ခိုလုပ်ငန်း ဧရာဝတီတ၀ှမ်း ပြန့်နှံ့ခြစားနေပြီ

ပန်းတနော်သား၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၂

ဒီသတင်းလေးကိုဖတ်ရလို့ စာရေးလိုက်ပါတယ်. ပြီးတော့လဲဧရာဝတီတိုင်းထဲကဆိုတော့ ပိုစိတ်ဝင်စားတယ်. အခုကဒေးဒရဲတစ်ခုတည်း မဟုတ်ပါဘူး ဆီမှောင်ခိုလုပ်တာ. ပန်းတနော်မြို့ အရှေပိုင်းက ဒေါင့်ကြီး ကျေးရွာမှာ ဆီမှောင်ခို လုပ်နေတဲ့ ဦးမြင့်ထူးက ပန်းတနော်မြို့ မှာနာမည်ကြီးနေတာကြာပါပြီ။ သူလုပ်လာခဲ့တာ အခုဆိုရင် ဆယ်နှစ်နီးပါးလောက်ရှိပြီ ထင်တယ်။
 ကျနော် ထိုင်းကို မရောက်ခင်က၊ တစ်ခါချတယ်ဆိုရင် တစ်ညကို သိန်း ၅၀၊ သိန်း ၁၀၀ လောက်မြတ်တယ်။  သူလုပ်လာခဲ့တာတာ ၁၀ နှစ်ဝန်းကျင်ဆိုတော့ ပြည်သူတွေ အတော့်ကို နစ်နာတယ်ခင်ဗျ။ အခုဆိုရင် သူက ရန်ကုန်မှာကော ပန်းတနော်မှာကော တိုက်တွေ၊ ကားတွေ အများကြီးရှိတယ်။ နောက်တစ်ခုက သူက အကုန်ပေါင်းထားတယ်၊ ဧရာဝတီတိုင်းတိုင်းမှုးနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ ပြီးတော့ အထက်လူကြီး စုံလို့ပါပဲဗျား၊
ဒီကိစ္စကို သမတကြီးကို အနှေးနဲ့ အမြန် သိစေချင် ပြီး မြန်မြန် အကောင်အထည်ဖော်ရင် ကောင်းတယ်၊ ပြီးတော့သူက သူ့စည်းစိမ်ချမ်းသာကြွယ်ဝမှုကို ပြနိုင်ဖို့အတွက် သူများထီပေါက်လက်မှတ်တွေကိုလည်း ၀ယ်ထားတယ်၊ အခုလက်ရှိလည်းလုပ်နေတုံးပါပဲခင်ဗျ။ ဆီမှောင်ခို လုပ်ငန်း၊ သူလက်ရှိ ရှိတဲ့နေရာက ပန်းတနော် အရှေ့ပိုင်း ဒေါင့်ကြီးရွာနဲ့ မရမ်းတောကျေးရွာဖြစ်ပါတယ်၊ သူခြံကတော့ ထိန်ကုန်းရွာက မိုးကုတ်ဝိပသနာတရားတိုက်နဲ့ နီးပါတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts