သတင်းပဒေသာ

မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂများ အနည်းဆုံး မြို့နယ်ပေါင်း (၂၀) တွင် ဖွဲ့စည်းပြီးခဲ့

CJMyanmar
ဒီဇင်ဘာ ၁၁၊ ၂၀၁၂ 
  ” မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ (ပျဉ်းမနား) အဖွဲ့ဝင်များနှင့်အတူ သမဂ္ဂဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်အချို့အား တွေ့ရစဉ်”
 
ရှေ့တန်း ၀ဲမှယာ- အိုအောင်၊ လင်းထင်၊ ဇော်ဝ
င်းကို၊ ပြည့်ဖြိုးအောင်၊ ထက်မြက်၊ မောင်သင်းခိုင်၊ မောင်ကြူးရင့်၊ ခင်မောင်ဇော်(ပေါင်းတည်)
နောက်တန်း ၀ဲမှယာ- ဆောင်းချစ်ငြိမ်၊ အောင်နှင်းသစ်၊ ငြိမ်းသစ်၊ လှိုင်းထက်

(ဒီဇင်ဘာ ၃၊ ၂၀၁၂) က ဖွဲ့စည်းပြီးခဲ့သော မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ (ပျဉ်းမနား)တွင် ပါဝင်သူများမှာ-

နာယက – မောင်သင်းခိုင်၊ မောင်ကြူးရင့်
ဥက္ကဌ – ဇော်ဝင်းကို
အတွင်းရေးမှူး – လှိုင်းထက်
ဘဏ္ဍာရေးမှူး – မိုးကျော်အောင်
ကနဦးအဖွဲ့ဝင်များအဖြစ် အိုအောင်၊ သန်းဆွေမိုး(ကလေး)၊ မောင်ရှင်စော၊ နေရိုင်း
(အဖွဲ့ဝင်သစ်များ တိုးလျက်ရှိ)

မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီအား (မတ်လ၊ ၂၄၊ ၂၀၁၂) က စတင်ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာနိုင်ငံတ၀ှမ်း မြို့များတွင် မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ များ လိုက်လံဖွဲ့စည်းလျက်ရှိရာ ယခုအခါ အနည်းဆုံး မြို့ပေါင်း (၂၀)တွင် ဖွဲ့စည်းပြီးစီးခဲ့ပြီဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ စာရေးဆရာ ထက်မြက်က CJMyanmar သို့ ပြောကြားသည်။

ဖွဲ့စည်းပြီးစီးခဲ့သော မြို့နယ်များမှာ-
အင်းစိန်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ ပဲခူး၊ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ မကွေး၊ ချောက်၊ ၀က်လက်၊ ရွှေဘို၊ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံခရိုင်(ငါးမြို့နယ်)နှင့် ပျဉ်းမနား တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီတွင်
နာယကများအဖြစ် ဒဂုန်တာရာ၊ မောင်မိုးသူ၊ လူထုစိန်ဝင်း(ကွယ်လွန်) ဒေါ်ခင်ဆွေဦး၊ ဇော်ဇော်အောင်၊ အံ့မောင်နှင့် မောင်လင်းယုန်(ရှမ်း ပြည်) တို့ကလည်းကောင်း၊
ဥက္ကဋ္ဌ အဖြစ် ထက်မြက်ကလည်းကောင်း၊
ဒုဥက္ကဌများအဖြစ် ကြည်နိုင်၊ ခင်နှင်းဦး၊ ကိုလေးမြတ်နှင့် ညီစေမင်းတို့ကလည်းကောင်း၊
အတွင်းရေးမှူးအဖြစ် လင်းထင်ကလည်းကောင်း၊
တွဲဖက်အတွင်းရေးမှူးများအဖြစ် ညီပုလေး၊ ခင်မောင်ဇော်(ပေါင်းတည်)၊ ငြိမ်းသစ်နှင့် ထွန်းဝင်းငြိမ်းတို့ကလည်းကောင်း
ဘဏ္ဍာရေးမှူးများအဖြစ် မောင်လွင်မွန်(ကသာ)နှင့် မြနှောင်းညိုတို့ကလည်းကောင်း၊
နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံများအဖြစ် ရွှေကူမေနှင်း၊ ဦးတင်ဦး(ကျူရှင်)၊ ၀င်းထွဋ်ဇော်နှင့် လွပ်လပ်အိမ် တို့ကလည်းကောင်း၊
စည်းရုံးရေးမှူးများအဖြစ် မိချမ်းဝေနှင့် ကိုရွှေအောင်သင်းတို့က လည်းကောင်း၊
ပြန်ကြားရေးမှူးများအဖြစ် ယဉ်မင်းပိုက်နှင့် ညွန့်သစ်တို့ကလည်းကောင်း၊
စာရင်းစစ်အဖြစ် သန့်စင်အေး ကလည်းကောင်း၊
ဥပဒေဆိုင်ရာတာဝန်ခံများအဖြစ် ဇော်ဝင်းကို (ပျဉ်းမနား)၊ ရှေ့နေ ဦးထွန်းအောင်ကျော်(မန္တလေး) နှင့် အစရှိသူတို့က လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်သော အခြားစာရေးဆရာများလည်း ရှိပါသေးသည်)

မူရင်း – CJMyanmar


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts