စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ လိုက်ဦးမယ်
 ဂျော်ဒီး
ဒီဇင်ဘာ ၇၊ ၂၀၁၂
ခုတလော  ဦးကြောင်ပျင်း  တကောင်  မအားလပ်အောင်ရှိလှသည်..။ဟို .. ပိနေသောစင်တာကြီးဆိုလား..အဲဒီကိုလည်း..သွားချည်လာ လှည့်.။ ဟိုး..ကချင်တောင်တန်းကြီးတွေဆီကဒူးဝါးကြီးတွေနဲ့လည်းရွာတွင်းစစ် မရပ်စဲရေးအတွက်  အပြေးအလွှား သွားဆွေးနွေးရ သေး သည်..။ ဖထီးတို့ နဲ့လည်း  ဒီရွာတွင်းစစ်ကို  ရပ်သလိုလို မရပ်သလိုလို လေးဖြစ်အောင်  ဟိုဖဲ့ သည်ဖဲ့ နည်းလမ်းတွေသုံးပြီး  စည်းရုံးရသည်မှာ
အမော…။ရွာတွင်းစစ်ကလေးရှိနေမှ  ဦးကြောင်ပျင်းတို့ ပိအကျိုးတော်ဆောင်အဖွဲ့အတွက် လုပ်ကွက်ကလေးတွေ  ပြစရာ ရှိမည်..။ ပိစင် တာကြီး ခန့်ညားစွာ ရပ်တည်နိုင်မည်..။ရွာတွင်းစစ်ကလေးတွေ မရှိလျှင်ပိစင်တာကြီးမှ ငပိစင်တာကြီး ဖြစ်သွားပေမည် တကား..။ ခုတောင်  လောက်ကောင်တွေတဖွါးဖွါး  ထနေပြီ။ အပုပ်နံ့တွေ  လှိုင်နေပြီ..။ ခက်သည် လူတွေကလည်း  ဦးကြောင်ပျင်းဧ။် ခန့်ညားထည်ဝါသော မျက်နှာကြီးကို ကြည့်ပြီး  အသားလွတ် မယုံမကြည် ရှိကြသည်..။တကယ်ဆို  ဦးကြောင်ပျင်းနည်းဗျူဟာ မျိုးစုံနှင့် ပိအကျိုးတော် အဆောင် ကောင်းလို့  ဖထီးတို့အချင်းချင်း  ကွဲကြပြဲကြနဲ့မနဲဖာထေးလိုက်ရသည်။
ဒါ..ဦးကြောင်ပျင်းတို့ ရဲ့  မဟာဗျူဟာ နည်းဗျူဟာ အောင်မြင်မှုမဟုတ်ပါလား..။ဒူးဝါးကြီး တို့ဒေသမှာလည်းဦးကြောင်ပျင်း တို့ ပိအကျိုး တော် ဆောင် မှုကြောင့် သေနတ်သံတညံညံ နဲ့ပျော်ပွဲရွှင်ပွဲ တွေကျင်းပနေနိုင်သည်..။ဒေသခံ တိုင်းရင်းသားတွေခမျာ အသက်ကိုဖက်နဲ့ ထုပ်ပြီးတော့တောင် ပြေးလွှားပျော်ပါးကြရသတဲ့..။
ဦးကြောင်ပျင်း တယောက်လည်း ရထားလက်မှတ်ရောင်း ဘ၀ကနေ လူရာသူရာ ၀င်လာသည်မှာ…ယားလို့ပင် မကုပ်အားအောင် ရှိတော့သည်..။ ရွာဂံတော် သမဒကြီ;ဦးကြောင်ချီးကတောင်..အနားခေါ်ပြီး တိုးတိုးဖော် တိုင်ပင် နေရပြီ မဟုတ်ပါလား..။
တကယ်တော့ ဒီလို  မဟာဗျူဟာ  နည်းဗျူဟာ တွေ နဲ့ကမ္ဘာရွာကြီး ကို  နားလှည့်ပါးလှည့်လုပ်နိုင်ဖို့ ကား   တော်ရုံတန်ရုံ  ဦးနှောက်နှင့် မရ..။စာအလွန်ဖတ်သော အဘချုပ်မူး ကြီး  ရဲ့  အစီအမံကလဖန်တွေ ကြောင့် ပင်..။အဘချုပ်မှူးကြီးကား  ရွာထိပ် လိုဏ်ဂူကြီးထဲတွင်တောမှီဂူပုန်းကာ  မသူတော်အကျင့် များကို ကျင့် ကြံလျှက်..ဦးကြောင်ပျင်းတို့ သမဒလူကြမ်း အဖွဲ့ကို  လမ်းညွှန်ပြသ အစီအရင်တွေချ
ပေးနေသည်..။ အလွန် တရားအားထုတ်  ..တရုတ်အားထား  သဖြင့် ဦးကြောင်ပျင်းတို့ တ ရွာလုံးပြောင်အောင်  ဖွတ်မွဲပြာစုအောင်…မ,စ နိုင်သော  တန်ခိုး အိတ်ထိပတ်တွေ  ရထားဧ။်..။
မြေလျှိုး  မိုးပျံ  နိုင် သည်မှာ လည်း.. တူးထားသောလိုင်ခေါင်းတွေကို  ကြည့်ခြင်းအားဖြင့် ယုံမှား သံသယ  ဖြစ်ဖွယ် မရှိ..။ဦးကြောင်ပျင်း  တို့ အားလုံးအဘချုပ်မှူးကြီးကို  မလွန်ဆန် နိုင် ..။အဘချုပ်မှူးကြီးကျင့်ကြံသော..တရားအားထုပ်နည်း အတိုင်း..တရုပ်အားထားကြဧ။်..။
တချို့ က ဦးကြောင်ပျင်း  တို့  တရားအားထုပ်သောကြောင့်  တရွာလုံး တက်တက်ပြောင်  ကုန်တော့မည်..ဟု..အမနာပ ပြောတတ်ကြသေးသည်..။တရွာလုံးပြောင်ကုန်တော့ ကော  ဘာအရေးနည်း..။အရှေ့ စိနရွာ သွားနေလိုက်ရုံပေါ့ ..။ တရားအားထုပ်ခြင်း ကြောင့် ရွာ့သယံ ဇာတတွေကို  အရှေ့ စိနရွာက  ဓါးပြတွေ  အချောင်နှိုက်ကုန်ကြပြီ..ဆိုသူက  ဆိုသေးဧ။်..။အရှေ့ စိနရွာကဓါးပြတွေက  ဦးကြောင် ပျင်းတို့ ကို အရိုးအရင်းချကျွေးတာတောင်  အီနေအောင် စားရ၀ါးရဧ။်..။ဒီတော့လည်း..  စိနရွာကဓါးပြတွေကို ကြောက်ရကြောင်း  ဦးကြောင်ပျင်းက  မရှက်မကြောက်ကို  မီဒီယာတွေကတဆင့်  ကမ္ဘာတရွာလုံးကြားအောင်  ဇာတိမာန်ပြထားပြီးပြီ..။ရွာသယံဇာတတွေဓါးပြတိုက်မယ့်  အရေးမှာဦးကြောင်ပျင်းတို့အဖွဲ့က  ဓါးပြလက်ထောက် လုပ်ခြင်းဖြင့် ကူညီရမည်..။အရိုးအရင်းမှာ ကပ်နေတဲ့  အသားစလောက် ချိုတာမရှိ..။ဒါကို သိတဲ့   အမျှော်အမြင်ကြီးတဲ့ အဘချုပ်ကြီးကဦးပိုင်ဓါးပြလက်ထောက် ကုမ္ပဏီကို လက်မွန်မဆွ  တည်ထောင်ပြီး ..အရိုးရလျင်အရိုးလျှက်  ..အသားရလျှင်  အသားနှက် ..ဆိုသော လမ်းညွှန်အဆောင်ဂါထာကို  သင်ကြားပြခဲ့ ဧ။်..။ကျေးဇူးကြီးမားလှပါသော..အဘချုပ်ကြီး..၀မ်စွေ့ ..၀မ်စွေ့ ..၀မ်ဝမ်စွေ့။
+++ ++++ ++++
“ကို ကြောင်ပျင်း..ကို ကြောင်ပျင်း..နှမတော် တို့ကိုဒီအတိုင်း နေပူထဲမှာ ထားတော့မှာလားဖျ”“ဒယ်ဒီ ကြောင်ပျင်း..သမီးတော် တို့ ခေါင်း ပေါ်ရွက် ထားရတဲ့ စိနတိုင်းက လက်ဆောင်ပဏ္ဍာ တွေကလေးလှချည် ရဲ့ ဖျ..ကယ်တော်မူပါ”
ဆူဆူ ညံညံ အသံတွေ ကြောင့်  ဦးကြောင်ပျင်း တယောက်လောက်တဖွါးဖွါးထနေသော ပိစင်တာကြီးထဲမှာ ကိုယ့်အကြောင်းကိုယ် တွေး..နေရာမှ ကပျာကယာထလာရသည်..။အလို..နေပူပူမှာ ဦးကြောင်ပျင်းရဲ့ အိမ်သူသက်ထား နဲ့သားသမီး ဆွေမျိုးတစုမှာ ခေါင်းပေါ်မှာ ဘာမှန်းမသိသောသတ္တုရောင်လက်လက်ကြီးတွေကို ရွက်ထားရရှာဧ။်အလို..ဦးကြောင်ပျင်းဧ။် ဆွေမျိုး တသိုက်သာမကဦးပိုင် ဓါးပြ လက်ထောက်ကုမ္ပဏီဝင် များဧ။် ဆွေမျိုးသားချင်းတွေမှာလည်း ခေါင်းပေါ်တွင် အမျိုးအမည် မသိအရာကြီး များကို လေးလံစွာ ထမ်းပိုး လျှက် နေပူပူ မှာ ချွေးဒီးဒီး..သေးစီးစီးကျလျှက်..။ဟိုက်..အဘချုပ်မှူးကြီး ရဲ့ မဟေသီကြီးအပါအ၀င် သမီးတော်သမက်တော်..အိမ်တော်ကျွန်များပါ မကျန် နေပူဒဏ်မှာလက်နက်ဆန်းကြီးတွေကို..မချိမဆန့်  ထမ်းပိုးလို့ပါလား..။ အိမ်တော်ကျွန်(၄၀၀)မှာလည်း လခတိုးပေးဖို့လွှတ်တော်မှာ ဇွတ်အော်..ထားတာကို ဘာတွေ ..ချွတ်ချော်ပြီး..အခုလို နေပူပူမှာ နွားတွေလို..ထမ်းပိုးရွက်နေရပါလိမ့်လို့ ..ငိုချင်းတွေချလို့..။ဘုရား..ဘုရား..။ဘာတွေ ဖြစ်ပါလိမ့်..။ ခါတိုင်း ဦးကြောင်ပျင်းတို့အဖွဲ့ မှ ရွာသူရွာသားတွေကို ခြိမ်းခြောက်နေကြ စကားလုံးကြီး ဖြစ်တဲ့..နောက်ပြန်လှည့်ပစ်လိုက်ရမလား..ဆိုတဲ့စကားကြီးအတိုင်း တစုံတယောက်က နောက်ပြန်လှည့်ပစ်ပြီး အာနာ ခွါနာ တွေသိမ်းပစ်လိုက်လို့များ လား..။ ဘယ်ကောင်ကများ အရိုးစွဲလုပ်နေကျ အကျင်အတိုင်း နောက်ပြန်လှည့်လိုက်ပါလိမ့်..။
အဘချုပ်ြကီး သေချာ တွက်ချက် စီရင်ပြီး…”ဒီတခါ နောက်ပြန်လှည့်ရင် ချောက်ထဲကျမှာငါတို့ ဦးပိုင်ဓါးပြလက်ထောက်ချ ကုမ္ပဏီကွ..” လို့ မိန့် မှာထားသည်..။နောက်ပြန်လှည့်မယ်..ဆိုတဲ့စကားကို ရွာသူရွာသားတွေကို..ခြိမ်းခြောက် ဖို့ ပဲသုံးခိုင်းထားသည်..။ခက်ကပြီ..။ဦးပိုင် ဓါးပြလက်ထောက် ကုမ္ပဏီ ရဲ့ ပိုင်ဆိုင်မှုတွေကို အပိတ်အဆို့ အတားအဆီးတွေ ပြန်လုပ်ရင်ရွာနီးချပ်စပ်မှာ.အ လှူ့ လက်ဖက်နဲ့ မျက်နှာ ပန်းလှသလိုလို ဖြစ်နေသောမျက်နှာကြီး တွေ ပျက်ရပြန်ချည်ရဲ့…။
ထိုစဉ်..အောင်မြင် ခန့်ညားသော အသံကြီးနဲ့တခုထွက်ပေါ်လာလေသည်..။“မောင်မင်း ကြောင်ပျင်း..ဆင်ဖြူ့ ရှင် မင်းတရားကြီးကြွလာတယ်..။အမြန်ဒူးတုပ် ခစားစမ်း”
ဦးကြောင်ပျင်းလည်း ကြောက်ကြောက် နဲ့ ကမန်းကတန်း မြေပြင်ပေါ်သို့ပျားပျားဝပ် ဒူးတုပ်ရုံမက၀ပ်လျားမှောက်ကာ ခစားလိုက်ရလေ သည်..။
“ဆင်ဖြူ့ ရှင် မင်းတြားကြီး အမိန့် တော်ပါတယ်။ အဘချုပ်ကြီး၊သမဒကြောင်ချီး၊ အမောင် ကြောင်ပျင်းတို့ဦးပိုင်ဓါးပြ လက်ထောက်ချ ကုမ္ပဏီ ၀င်တွေ အားလုံး..မိသားစု ၀င်တွေအားလုံး အီ အမိန့် တော်ကို နာခံရမည် ..။မျိုးရိုး ပုည ဂုဏ်မာန ကို မှမထောက်ထား စိန တိုင်းသားဓါးပြ တို့အား ရွာလုံးကျွတ်တောင်ဖြို မြေလှန် သယံဇာတ မှန်သမျှ ဓါးပြလက်ထောက်ချ ၀ကွက်အပ့်နှံခဲ့ရုံမက ရွာဦးကျောင်း ဆရာတော် သံဃာတော်များကိုပါ…စိန တိုင်းဖြစ် လက်နက်ဆန်းများဖြင့် မီးလောင် တိုက်သွင်း ခဲ့ခြင်း.စသော ပြစ်မှုများကိုကျူးလွန်ခဲ့  ကြောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ စရာ မလိုအောင်ပင် ပေါ်လွင်ထင်ရှားခဲ့ပေပြီ။ဒါ့ ကြောင့်  ဆင်ဖြူရှင် မင်းတြားကြီး မှ ကုန်းဘောင်ခေတ်ကမင်းကြီး မဟာသီဟသူရ အပေါ် စီရင်ခဲ့သော စီရင်ထုံး အတိုင်း မောင်မင်းတို့မိသားစု ၀င်တွေကို နေပူပူ မှာစိနတိုင်းထုပ် မျက်ရည်ယိုဗုံးများရွက်စေပြီး..ပြစ်ဒဏ်ခပ်ထားပေပြီ..။အခါပေး အဘချုပ်ကြီး နှင့်သမဒကြောင်ချီးအပါအ၀င် မောင်မင်း ကြောင်ပျင်း တို့ သမဒ လူကြမ်းဦးပိုင် ဓါးပြ လက်ထောက်ချ များကို မူ မဟာသီဟသူရစီရင်ထုံးထက် ပိုမိုပြင်းထန်သော စီရင်ချက် ချမည်..”
ထိုစဉ် လိုဏ်ဂူကြားမှာ ပျားပျားဝပ် ခစားနေရှာသော အဘချုပ်ကြီးကတုန်တုန်ရီရီ ဖြင့် ..“ ဘာ..ဘာ ကြောင့် ..မင်းကြီး မသာသီဟသူရ ထက် ပိုမိုပြင်းထန် တဲ့ အပြစ်ဒဏ်ကို ပေးရတာပါလဲ.။တူတူ လောက် နေပူလှမ်းပဏ္ဍာရွက်ရုံ ဆို တော်ရောပေါ့ ..နော်..နော်”“ မင်းကြီး မဟာသီဟ သူရက ရေရှည် အကျိုးကို မျှော်တွေးထောက်ရှု ပြီးတိုင်းပြည်ကို စစ်မီးငြိမ်းစေရန် စိန တိုင်းသားတို့အားအနိုင်စားရချိန်တွင် ဆက်သသော ပဏ္ဍာများကို ယူပြီး စစ်ပြေငြိမ်းခဲ့ တာ..စေတနာပါတယ်..။မောင်မင်းတို့ကား…ဘနဖူး သိုက်တူး အသားထဲက လောက်ထွက်.စိနလက်ထဲရွာကို ထိုးအပ်ပြီး….ရွာပျက်အောင်ကြံစည်..တယ်။အဆိုးဆုံးကတော့အများကြည်ညို လေးစား ဦးထိပ်ထားရတဲ့ သံဃာတော်တွေကိုတောင် သတ်ဖြတ်နှိပ်စက် မီးလောင်တိုက် သွင်းခဲ့တာကြောင့် ပိုမို ပြင်းထန် တဲ့ ပြစ်ဒဏ်နှင့် သာ ထိုက်တန်ချေသည်..။သို့ပါရွေ့ ..မောင်မင်းတို့ တဖွဲ့လုံးအား စိနတိုင်းမှလက်တဲ့စမ်းရန်လက်ဆောင်ပေးထားသော မျက်ရည်ယို နှပ်ရည်ယို သေးရည်ယို ဗုံးများကိုအသုံးပြုကာ နေပူပူ မှာ အရေခွံခွါစေ”
ရွာဂံတော် သမဒကြီး  ဦးကြောင်ချီးကား..  “ ဟို..ဟို..ကျုပ်က  ရွာဂံခြား ခရီးစဉ် တွေ ရှိသေးလို့  ..။ပြီးတော့ကျုပ်က အပြောင်းအလည်းကို  လိုချင်တဲ့ နောက်လည်းပြန်မလှည့်ရှေ့ လည်းမတိုးတတ်တဲ့  သူလေ..။ဟီး..ဒီတော့ သူတို့ကို  အရင် ခွါ လိုက်  နော်..”ဆင်ဖြူ့ ရှင် မင်းတြားကြီး ဧ။်  လက်မရွံ့  ပါးကွက်သားကြီးက  ရွာဂံတော်သမဒကြီးကို တတောင် နဲ့ ထောင်းလိုက်ရင်း..               “ လျှာမရှည် နဲ့  ရှေ့ မတိုး  နောက်မဆုပ် ကောင်..။နင့်လက်ထက် မှာ ဖြစ်နေတာ..နင့် တာဝန်  မဟုတ်လို့..ဘယ်သူ့ တာဝန်တုံး..။ပြီးတော့  နင့်  ရွာဂံတော် သမဒရုံးက  ကောင်တွေကို ခဲဖျက်ကြီးကြီး  ၀ယ်ပေးထားလိုက်..။မျက်စိနောက်တယ်..။ဖျက်လိုက်..ပြင်လိုက်နဲ့..။ခုထိလည်း ..အိယောင်ဝါးလုပ်နေတုံး..။ခုချိန် ရွာဂံခြားသွားရင်  နင့် မျက်နှာ တံတွေးနဲ့ ၀ိုင်းထွေးလို့  လက်ပစ် ကူးနေရမယ်..။ခရီးစဉ်တွေဖျက်။
သွား….အရေခွံ အခွါခံ ဖို့  အင်္ကျီ ချွတ်ထား..စကားမများနဲ့ ”
ဦးကြောင်ပျင်းကလည်း..” ကျနော်က ပိစင်တာမှာ ပိစရာ လေးတွေရှိသေးတယ်..။ပြီးတော့ စိနတွေကိုကြောက်သလို လူကြီးမင်းတို့ကိုလည်းကြောက်တယ်..။အကုန် ကြောက်တယ် နော်..ဟီး။ကျနော့် ကို တော့အရေခွံ ခွါ နဲ့ နော်..” တောင်းပန်တိုး လျှိုးပြောသော်လည်း..လက်မရွံ့ကြီးက ဆောင့် ကန် လိုက်လေရာ..အင်္ကျီကလေးကို ကဗျာကယာချွတ်ရရှာတော့ဧ။်။ အဘချုပ်ကြီးကား သွေးရူးသွေးတန်း ဖြင့်  စွတ်အော် လေသည်..။“ အဲဒါ..မျက်ရည်ယို ဗုံး တွေ မဟုတ်ဘူး..။မီးလောင်ဗုံး..။ဓါတုဗုံး..။အနုမြူ ဗုံးတွေ ဗျ..။ဆင်ဖြူ့ ရှင် မင်းတြားကြီး ဆို ပြီးထင်တိုင်းမလုပ်နဲ့..။ကျုပ်လဲ ဆင်မဖြူ့ တဖြူ ရှင်ဗျ..။နိုင်ငံတကာခုံရုံး တင်လိုက်ရမလား..ဟမ်”
ဆင်ဖြူ့ ရှင် မင်းတြားကြီးကား..ရာဇသံ အပြည့် ဖြင့်  “ အိမ်း မီးလောင်ဗုံး ..ဓါတု ဗုံး ဟုတ်မဟုတ်…စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ ပေးမယ်..။ ဒီအတောအတွင်း..ဟုတ်မဟုတ် စစ်ဆေးလို့ရအောင် လောလောဆည်..ဒင်းတို့ကို ဒီဗုံးတွေသုံးပြီး အရေခွံ အရင်ခွါထားစေ..”
(တခန်းရပ်)
