ကဗျာ

ခွေးထက်မိုက်တဲ့လူ


စုအောင်
ဒီဇင်ဘာ ၁၊ ၂၀၁၂
ခွေး
ကျွေးတာကိုစား
အားရအောင်အိပ်
စိတ်ကြိုက်ကာမ
ပြုကြငြားလည်း
သူ့အားကျွေးသူ
သခင်လူကို
သူ၏ခွန်အား
စွမ်းပကားဖြင့်
ခြံနားအိမ်တွင်း
သူခိုးကင်းရန်
ပြေးဆင်းလှမ်းဟောင်
ထမ်းရွက်ဆောင်သည်
အမောင် ကျေးဇူးသိတကား ။

လူ
ဖြူစင်စိတ်ထား
ရှိသင်ငြားလည်း
ကိုယ့်အားကျွေးလူ
များပြည်သူနှင့်
ဖြူစင်ရဟန်း
ပြည့်ဦးပန်းကို
ရမ်းကားနှိပ်စက်
ရေဖြင့်ပက်လျက်
လက်နက်ကိုသုံး
မီးလောင်ဗုံးဖြင့်
ချေမှုန်းသတ်ဖြတ်
ကျေးဇူးဆပ်သည်
နတ်လူအများ သက်သေထား။

ဘုရားနဲ့ဝေး
ခွေးတိရစ္ဆာန်
ဖြစ်ခဲ့ပြန်လည်း
အမှန်ရှိဖူး
သူ့ကျေးဇူးကို
အထူးသိကာ
ပြန်ဆပ်ပါ၏
သင်ဟာလူသား
ဖြစ်သော်ငြားလည်း
ကိုယ့်အားကျေးဇူး
ရှိခဲ့ဖူးကို
အထူးမှတ်သား
မဆပ်အားဘဲ
ပစ်မှားလုပ်ဆောင်
ပြန်၍ဟောင်သည်
အမောင် ခွေးထက်မိုက်တကား။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ခွေးထက်မိုက်တဲ့လူ
  1. ဒီကောင်တွေကို ခွေးနဲ့ မနှိုင်းစမ်းပါနဲ့။ ခွေးသိက္ခာကျတယ်။

Comments are closed.