ချမ်းမြ (မိုးမခအထောက်တော်)
နိုဝင်ဘာ ၂၇၊ ၂၀၁၂
နိုဝင်ဘာ ၂၇၊ ၂၀၁၂
ရွှေတွံတေးဆရာတော်နှင့် နိုင်ငံသား တိုင်းရင်းသား အလုပ်သမားများစုပေါင်းကျင်းပသောမဟာချိုင် ၀ါကျွတ်ပွဲကထိန်ပွဲ ထိုင်း – မြန်မာ အလှူပွဲများကို ဂျပန်နိုင်ငံမှ CS Japan အဖွဲ့ က သီတင်း ၂ ပတ်ကြာလာရောက်လေ့လာခဲ့သည်။
ဂျပန် ဓလေ့မှာအခုလို ဘုန်းကြီးထံက တရားကို လူရာပေါင်းများစွာနာကြားတာမျိုး အခုလို အလှူပွဲ စုလုပ်တာမျိုး မရှိတဲ့အတွက် အံ့သြမိတယ်။ မြန်မာ့ယဉ်ကျေးမူ ဓလေ့ကိုလေ့လာခွင့် ရလို့ လည်း ၀မ်းသာကျေနပ်မိပါတယ်လို့  YUKI က ပြောပါတယ်။
ရွှေတွံတေးဆရာတော်က… “အခုလိုလာရောက်လေ့လာကြတာကိုကြိုဆိုပါတယ်။ ဘုန်းကြီးတို့ နိုင်ငံသား တိုင်းရင်းသားတွေဟာ ကုသိုလ် ပွဲတွေလုပ်ဖို့ အသားထဲ အသွေးထဲ အရိုးထဲမှာစွဲနေကြတာပါ။ ဘယ်နိုင်ငံ ဘယ်ဒေသရောက်ရောက် ကုသိုလ်လုပ်ဖြစ်နေကြတာပါဘဲ။ ကုသိုလ်ဆိုတာကောင်းတာပဲ ကောင်းတာတွေကို အခုလိုစုပေါင်းလုပ်ကြသလို မကောင်းတာတွေကိုလည်း စုပေါင်းတားဆီးကြပါ ကောင်းတဲ့ လူကိုဝိုင်းကူပြီး မကောင်းတဲ့သူကိုဝိုင်းတားနိုင်ကြရင်တော့ အားလုံးကောင်းသွားမှာပါ” စသဖြင့်……..ပြောကြားခဲ့သည်။







