မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ရန်ကုန်နဲ့ မိုးမခ) – Moemaka on the signs


နိုဝင်ဘာ ၂၇၊ ၂၀၁၂


လုပ်ငန်းတခု ထူထောင်မယ် ဆိုရင် နာမည် ဘယ်လို ပေးဖို့ စဉ်းစားထားပါသလဲ။
ဆိုင်နာမည်တွေ လုပ်ငန်းနာမည်တွေကို ကိုယ့်စိတ်ကြိုက်  ပေးကြပါတယ်။ အဲဒီနာမည်တွေထဲ မိုးမခ ပါဝင်နေပါတယ်။

မြန်မာပြည်တလွှား သွားလာကြတဲ့အခါ မိုးမခ အမည်နဲ့ ဆိုင်းဘုတ်တွေ တွေ့ရမှာပါ။
ရန်ကုန်မြို့တော်မှာလည်း မိုးမခ ဆိုင်းဘုတ်တွေ တွေ့နိုင်ပါတယ်။

မိုးမခ ကားလေးအမျိုးမျိုးပြုပြင်ရေးဆိုင်က မြောက်ဥက္ကလာပမြို့နယ်မှာ ရှိတယ်၊ မိုးမခ စတိုးဆိုင်ကတော့ ဗဟန်းမြို့နယ်မှာ ရှိတယ် လို့ ရန်ကုန်အခြေစိုက် မိုးမခအထောက်တော်က ပြောပါတယ်။ ဓာတ်ပုံတွေလည်း ပေးပို့လာလို့ ဖော်ပြလိုက်ပါတယ်။

မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ပဲခူးက ငါးချဉ်)