နိုဝင်ဘာ ၂၁၊ ၂၀၁၂
အမှတ်တမဲ့ပါဘဲ ကားပေါ်ကလှမ်းတွေ့တာပါ။ ခေါင်းထဲမှာလည်း ဒီအဆောက်အဦးက ခရစ်ယာန် အသင်း တသင်းရဲ့ အဆောက်အဦးဖြစ် လိမ့်မယ်လို့ ယုံကြည်နေမိတယ်။ ဒီလိုနဲ့ ကာလတခုကိုကျော်ဖြတ်လာတော့ အဲဒီဆိုင်းဘုတ်ကို မတွေ့ရတော့ဘူး။ ခရစ္စမတ်လည်း ကျော် သွားပြီကိုး..။
အချိန်ကာလတွေ တိုက်စားသွားပြီး တဲ့နောက် တနေ့သော တနင်္ဂနွေ ကျွန်တော်ဘုရားကျောင်းသွားတဲ့ အခိုက် အဲဒီအဆောက်အဦးရဲ့ အရင် “Happy Christmas” ဆိုတဲ့ ဆိုင်းဘုတ်ကြိုး ရဲ့ နေရာမှာ”Salamat Hari Raya” ဆိုတဲ့ စာသားက အစားထိုး ၀င်ရောက်နေပြန်ရော..။
“Salamat Hari Raya” ဆိုတာ မွတ်စလင်တွေရဲ့ ပွဲတော်ရက်ဖြစ်လိမ့်မယ်..။ အဲဒါနဲ့ဘဲ အဲဒီအဆောက်အဦးကို ကျွန်တော် တော်တော် စိတ်ဝင်စားသွားတယ်။ ဒါနဲ့ဘဲ ဒီအဆောက်အဦးဟာ ခရစ္စယာန် အသင်းတသင်းကပိုင်ဆိုင်တာမဟုတ်ဘူးဆိုတာကို စိတ်ထဲမှာ ထင်နေမိ တော့တယ်။
ဒီလိုနဲ့ အမှုမဲ့ အမှတ်မဲ့ပါ နေလာလိုက်တာ အချိန်တွေတော်တော်ကြာလာတယ်။သိပ်မကြာသေးတဲ့ နေတနေ့မှာ အတိအကျ ပြောရရင်တော့ လွန်ခဲ့တဲ့ အပတ်ကပေါ့။ ကျွန်တော် ဘုရားရားကျောင်း သွားတော့ မြင်နေကျဆိုင်းဘုတ်ကိုကြည့်မိတော့ “Happy Deepavali” ဆိုတာ ကြိုးကို တင်ထားတာတွေ့ရပြန်ရော။
ဒီလိုနဲ့ဘဲ ကျွန်တော်လည်း အတော်လေး စိတ်ဝင်စားသွားတယ်။ အဲဒီအဆောက်အဦးဟာ ဘယ်လိုအဆောက်အဦးလဲပေါ့။ ဒီည ဘုရား ကျောင်းကပြန်လာရင် ဒီအဆောက်အဦးနားသွားကြည့်မယ်လို့ တေးမှတ်ထားလိုက်တယ်။ ဘုရားကျောင်းပြီးတော့ ဘုရားကျောင်းကနေ လမ်းလျောက်ပြီး အဲဒီအဆောက်အဦး ရှိရာကို လမ်းလျောက်လာလိုက်တယ်။အနားရောက်မှ သေချာကြည့်တော့ ဗုဒ္ဒဘာသာဘုန်းကြီး ကျောင်းဖြစ်နေတယ်။
နောက် မြန်မာအစီအစဉ်တွေနဲ့ သင်တန်းပေးဖို့ ကြေငြာထားတာလည်း တွေ့ခဲ့ရတယ်။
နောက် ဆိုင်းဘုတ်မှာရေးထားတာက “Happy Deepavali” မဟုတ်ဘဲ “Happy Deepavali to all our Hindu friends” လို့ဖြစ်တယ်။
ဒီလိုနဲ့ အဲဒီဆိုင်းဘုတ်ကို ဓါတ်ပုံရိုက်ယူလာမိတယ်။ ဟိုအရင် ကျွန်တော် ကားပေါ်ကနေမြင်လိုက်ရတာလည်း “Happy Christmas” မ ဟုတ်ဘဲ “ံHappy Christmas to all our Christian Friends” လို့ဖြစ်လိမ့်မယ်။ ဒီလိုဘဲ “Salamat Hari Raya to all our Muslim Friends”လို့ နှုတ်ဆက်ထားမှာ သေချာပါတယ်..။
ညရောက်တော့ အဲဒီဓါတ်ပုံလေးကိုကြည့်ပြီး အဲဒီဘုန်းကြိုးကျောင်း အကြောင်းစဉ်းစားနေမိတယ်။ နောက်တော့ သူငယ်ချင်းတယောက် ဆီကို ဖုန်းဆက်ပြီးမေးတော့ အဲဒီကျောင်းက ဘုန်းကြိုးက မြန်မာပြည် တောင်ကြိုးဘက်ကတဲ့ဗျ။ အဲဒီ ဘုန်းကြိုးကျောင်းကို စင်ကာပူမှာ တောင်ကြိုးကျောင်းလို့လည်း ခေါ်ကြတယ်တဲ့။ ကျွန်တော် ပိုလို့တောင် အံ့အားသင့်သွားတယ်။
ကျွန်တော် မြန်မာပြည် တော်တော်များများ ရောက်ဖူးပေမယ့် ဘယ်ဘုန်းကြိုးကျောင်းမှာမှ အဲလို တခြားဘာသာပွဲရက်တွေကို ဆိုင်းဘုတ် တင်တာ မတွေ့ဖူးဘူးလေ။ ဘယ်ဘုန်းကြိုးကျောင်းမှ မဟုတ်ပါဘူး။ ဘယ်ခရစ်ယာန်ကျောင်း၊ ဘယ်ဗလီ၊ ဘယ်ဟိန္ဒူကျောင်း၊ ဘယ် ဘုံ ကျောင်းမှာမှကို မတွေ့ဖူးတာ။
ကျွန်တော်ကဘဲ အရောက်အပေါက်နည်းလို့လားတော့ မသိပါ။ကျွန်တော် အရောက်အပေါက်နည်း လို့ မတွေ့ဖူးတာ ဆိုရင်တော့ ကျွန်တော့် အပြစ်ပါဘဲ။ဒါပေမယ့် ကျွန်တော့်အတွက်တော့ အထူးအဆန်းဖြစ်နေ သလို အဲဒီလို သဘောထား ပြီးတော့ ဘာသာခြားတွေကို လေးစား ကြောင်း၊ အလေးထားကြောင်းပြသတဲ့ အဲဒီဘုန်းကြိုးကျောင်းကို တသက်နဲ့တကိုယ် ခုမှတွေ့ဖူးတာပါဘဲ။ အဲဒီဘုန်းကြီးကိုလည်း သွား တွေ့ဖို့ စိတ်ဆုံးဖြတ်မိတယ်။
ဒီလိုနဲ့ဘဲ မငြိမ်းမချမ်းနဲ့ အကျယ်ကျယ်ဖြစ်နေတဲ့ မြန်ပြည်ကြိုးအကြောင်းကလည်း ခေါင်းထဲဝင်လာပါလေရော..။ မြန်ပြည်ကြိုးမှာ ဘာ ကြောင့် မပြီးနိုင် မစီးနိုင် တဦးနဲ့ တဦး ပစ်ကြ၊ ခတ်ကြ။ သူလက်ညှိုးထိုး၊ ကိုယ်လက်ညှိုးထိုးနဲ့ မဆိုင်တဲ့လူတွေလည်း မအေးမချမ်းနဲ့ ကျီး လန့်စာ စားနေရကြတယ်။ ပြောနေကြတာပါဘဲ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး..။ ငါကတော့ ဘယ်လောက်သဘောထားကြိုးတာ…..။ သူက တော့ ဘယ်လောက်တင်းမာတယ်..။ ဒါကတော့ ငါ့မြေ….ဒါကတော့ ငါရေနဲ့ မပြီးနိုင် မစဲနိုင်အောင်ပါဘဲ။ ဒါတွေနဲ့ အထက်က ဘုန်းကြီး ကျောင်းကဆိုင်းဘုတ်နဲ့ ဘာဆိုင်လို့တုန်းလို့ မေးချင်နေကြလိမ့်မယ်။
ဆိုင်တာမှ ဟိုဖက်ကမ်းတောင်လွန်ရောလား…..။ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလို့ ဇွတ်အော်နေပြီး အပစ်တွေရပ်ရင် ငြိမ်းချမ်းပြီလား..။ ငါ့အိမ် ငါနေ၊ မင်းအိမ် မင်းနေဆိုပြီးနေကြ ရင်ရော ငြိမ်းချမ်းတော့မှာလား..။ ကျွန်တော်ကတော့ မထင်….။
ငြိမ်းချမ်းရေးရဲ့ အဓိကအုတ်မြစ်ဖြစ်တဲ့ တဦးပေါ် တဦးလေးစားမှု၊ အလေးထားမှုကို အရင်လုပ်ကြရမယ်။ တဦးရဲ့ ဘာသာကို တဦးက လေးစား၊အလေးထားလို့ လေးစားကြောင်း အလေးထားကြောင်း အပြုအမူလေးကို အရင်ပြကြပါအုန်း။ အိမ်ရှင်နဲ့ ဧည့်သည် အိမ်ကောင်းလို့ ဧည့်လာတာ အိမ်ရှင်က ဧည်သည် ကို ဧည့်ဝတ်ကျေပါအုန်း လေးစားပါအုန်း။ ငါက အိမ်ရှင် ဆိုပြီး မာန်မာန တက်နေမယ့်အစား ဧည်သည်ကို ငဲ့ညာပါအုန်း။ ဧည်သည်ကလည်း နေလာတာကြာတော့ လူပါးမ၀ဘဲ အိမ်ရှင် ကိုမစော်ကားပါနဲ့လေ။ နေလာတာကြာတော့ သူကျေးဇူးကို သိလို့ အလိုက်သိသိနေပေးကြပါအုန်း။ စီးပွားရေးသမားတွေကလည်း ဘယ်သူသေသေ ငါ့စီးပွားရေး ရရင်ပြီးရောဆိုတဲ့စိတ်ကို လျော့ကြ အုန်း။ တို့စီးပွားရှာလိုက်လို့ ဒီဒေသကရတဲ့ ပိုက်ဆံတွေနဲ့ ဒီဒေသ အကျိုးရှိဖို့ ပြုခဲ့ကြအုန်း။
အဲဒီ စင်ကာပူမှာရှိတဲ့ တောင်ကြိုးကျောင်းတိုက်က ဘုန်းတော်ကြိုးလို တခြားဘာသာတွေကို လေးစားကြောင်း၊အလေးထားကြောင်း ပြသ ကြပါအုန်း။ ပါးစပ်ကငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး ဇွတ်မအော်ကြပါနဲ့ဦး။ နားခါးလို့ပါ။ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်ပန္နက်ဖြစ်တဲ့ တဦးအပေါ်တဦးလေးစားမှု အလေးထားမှုကို အရင်ပြကြပါအုန်း.။ တဦးကို တဦး အလေးထား လေးစားတာဟာ အဲဒီလူ အဲဒီအဖွဲ့အစည်းကို ကြောက်လို့မဟုတ်ဘူး၊ စိတ်ဝင်စားလို့ မဟုတ်ဘူးဆိုတာကို ကိုယ်ရည်ကိုယ်သွေး(Personality) မြင့်မားတဲ့ သူတွေတော့ သိနေလိမ့်မယ်။
တကယ်တော့ ဒါဟာ အသေးအဖွဲလေးပါဘဲ၊ဒါပေမယ့် ဒါကို လိုက်မလုပ်နိုင်ကြဘဲ ငြိမ်းချမ်းရေး ကြိုးကို ဘယ်လိုလုပ်မတုန်း။ တဦးကို တဦး မလေးစားနိုင်၊ တဘာသာနဲ့တဘာသာ အလေးမထားနိုင်မှတော့ ဘာလို့ ငြမ်းချမ်းရေးကြိုးကို တောင့်တနေကြတာတုန်း။
သူအရင် ငါအရင် နဲ့ ငြိမ်းချမ်းရေးနဲ့ ဝေးရာဆီကို သာလှမ်းလှမ်းနေကြတော့မှာလား။ ကဲ အချိန်သိပ်မနှောင်းသေးပါဘူး၊ တဖက်သားအပေါ် လေးစားမှုရှိကြောင်း အလေးထားကြောင်း တဦးနဲ့ တဦးပြသ လိုက်ကြရအောင်။ အဲဒီ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ ကဘဲ တဖက်သားအပေါ် လေးစားမှုရှိကြောင်း၊အလေးထားကြောင်းကိုပြပြီး စကြရအောင်။
အမှန်တော့ ဒီလောကလေးမှာ နေတာ သက်တန့်လေးလိုပေါ့။ သက်တန့်မှာ အရောင်ခုနှစ်မျိုး ၀ါ၊စိမ်း၊နီ၊ပြာ စသည်ဖြစ်ပေါ့..။ အဲဒီ အရောင် ခုနှစ်ရောင်က ရောနှောထားတာ မဟုတ်ဘူး…..။ အဲဒီ အရောင် ခုနှစ်ရောင်က တမျိုးစီ သီးခြားရှိနေတာပါ။
ဒါပေမယ့် အဲဒီ ခုနှစ်ရောင်က အတူတကွပေါင်းစည်း ထားလိုက်တော့ အလွန်လှပတဲ့ သက်တန့်လေးဖြစ်လာတာပါဘဲ။ အဲလိုပါဘဲ ရောနှောလိုက်တာနဲ့ ပေါင်းစည်းတာဟာလည်း ကွဲပြားနေတယ်။
အနီက ငါ့အနီရောင် ပိုများလာအောင် ဆိုပြီး အ၀ါနဲ့ သွားရောလိုက်လို့ကတော့ အ၀ါလည်းမထွက်သလို အနီလည်းမထွက်ပါဘူး။ ထွက် လာမှာက အစိမ်းရောင်ပါ။
အပြာကလည်း အပြာရာင်တရောင်တည်းနေမယ်ကွာဆိုပြီး နေလိုက်လို့ကတော့ အပြာရောင်မပါတဲ့ သက်တန့်ဟာ ဘယ်လိုမှကြည့်လို့ အ ဆင်ပြေမှာ မဟုတ်ပါဘူး။
ကျွန်တော့် အိမ်မက်ထဲမှာတော့ ကချင်ပြည်မှာ သင်္ကြန်ပွဲ အကြီအကျယ်ဆင်နွှဲမယ်….။ မန္တလေးမြို့မှာ မနောပွဲကမယ်…။ ကယား က ခေါင်ရည်ကို ရန်ကုန်မှာသောက်မယ်။ ရှမ်း ပဲဘုတ်ကို ရခိုင်မှာစားမယ်။ ချင်းတောင်မှာ မွန်ရိုးရာဆောင်းတီးလို့ ကအုန်းမယ်..။ ကရင် ဒုံးယိမ်းကိုတော့ ရှမ်းပြည်မှာ ကကြမယ်။
မြန်ပြည်ရဲ့ ရွေတိဂုံမှာ “Happy X’mass to all our christian friends” လို့ရေးထားတာတွေ့တယ်။
မြန်ပြည်ရဲ့ စိန်ဂျွန် ခရစ်ယာန်ကျောင်းမှာ “Happy Deepavali to all our hindu friends” လို့ ဆိုင်းဘုတ်တင်တာတယ်လို့ မှတ်တယ်။
မြန်ပြည်ရဲ့ နို့ဈေး ဟိန္ဒူ ကျောင်းမှာ “ Happy Hari Raya to all our muslim Friends” လို့ ရေးထားပြန်ရော။
မြန်ပြည်ရဲ့ တခြမ်းပဲ့ဗလီမှာ” Happy Thidinkyut to all our Buddisim Friends” လို့ သူတို့ရဲ့လေးစားမှုကိုပြထားပြန်ရော..။
ကျွန်တော့်ဘ၀ ရဲ့ အိမ်မက်မှာ မြန်ပြည်ဟာ အဲလိုမျိုး ပျော်ရွင်စရာကောင်းတဲ့ ယဉ်ကျေး၊သိမ့်မွေ့ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံလေးပေါ့ဗျာ.။
ခင်များရေးထားတာကိုတော့ကြိုက်ပါတယ် ဒါပေမဲ့ တဖက်ကမျိုးပြိုန်းသတ်ဖြတ်လာယင်ကော ကျနော်တို့ ဘယ်လိုလုပ်ရမှာလည်း happy ပေးလား လက်ရှိပစ်စုပန်မှာ မျက်လုံးမပါဘူးဆိုတာ ခင်ဗျားသိစေချင်တယ်
သူများနိုင်ငံ အကြောင်းဖတ်ရတာ စိတ်ချမ်းသာလိုက်တာ။ ဒါကြောင့်လဲ Singapore ဆိုတာ ဖြစ်လာတာပဲ။ မြန်မာနိုင်ငံမှာလဲ တချိန်ချိန် မှာတော့ သူများနိုင်ငံတွေမှာလိုဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
အဲဒီ စင်ကာပူမှာရှိတဲ့ တောင်ကြိုးကျောင်းတိုက်က ဘုန်းတော်ကြီးလို တခြားဘာသာတွေကို လေးစားကြောင်း၊အလေးထားကြောင်း ပြသ ကြပါအုန်း။ ပါးစပ်ကငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး ဇွတ်မအော်ကြပါနဲ့ဦး။ နားခါးလို့ပါ။ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်ပန္နက်ဖြစ်တဲ့ တဦးအပေါ်တဦးလေးစားမှု အလေးထားမှုကို အရင်ပြကြပါအုန်း.။ တဦးကို တဦး အလေးထား လေးစားတာဟာ အဲဒီလူ အဲဒီအဖွဲ့အစည်းကို ကြောက်လို့မဟုတ်ဘူး၊ စိတ်ဝင်စားလို့ မဟုတ်ဘူးဆိုတာကို ကိုယ်ရည်ကိုယ်သွေး(Personality) မြင့်မားတဲ့ သူတွေတော့ သိနေလိမ့်မယ်။