ဥက္ကလံမြို့ တိုင်းရင်းသားမိသားစုများ၏ မျိုးဆက်သစ်တို့၏ ရန်ပုံငွေပွဲစည်ကား
ကျော်နိုင်၊ နိုဝင်ဘာ ၁၉ ၊ ၂၀၁၂
၂၀၁၂ ခုနှစ်၊ နိုဝင်္ဘာလ(၁၇)ရက်နေ့ တွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာနှင့် ဥက္ကလံမြို့တို့မှာ နေထိုင်ကြသော မြန်မာတိုင်းရင်းသားများ၏ ရင်သွေးများ၊ မျိုးဆက်သစ် သားသမီးများမှ စုစည်း တည်ထောင်ထားသော ( The Refugee Youth Ambassadors )က ဦးစည်း၍ မြန်မာ့တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက ဖျှော်ဖြေပွဲကို ဥက္ကလံမြို့ တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ထိုရန်ပုံငွေရှာပွဲအား ပရိတ်သတ် နှစ်ရာကျော်တက်ရောက်၍ တိုင်းရင်းသားလူငယ်များရဲ့ အားမာန်ကို မြှင့်တင်ပေးခဲ့ကြပါသည်။ အဆိုပါ မျိုးဆက်သစ်တို့အတွက် ပညာသင်ဆုများ ချီးမြှင့်နိုင်ဖို့အတွက်လည်း ကြိုးစားကြမည်ဟု သိရသည်။