မိုးမခကို ပေးတဲ့စာ

နင်းပြား မြန်မာ (ပေးစာ)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဟန်ဝင်း

နိုဝင်ဘာ ၁၈၊ ၂၀၁၂

 ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ လုပ်ခလစာရရှိဖို့အတွက် ဆောင်ရွက်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်က သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား အရေး ဆောင်ရွက်နေသူတွေကတော့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့တန်းတူ လုပ်ခလစာရရှိဖို့ ထိုင်းနိုင်ငံ ဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် အလုပ်ရှင်များက လိုက်နာခြင်းမရှိဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားအမြောက်အမြား ဝင်ရောက်အလုပ်လုပ်နေကြတယ်ဆိုတာ မြန်မာနိုင်ငံက သမ္မတကြီးအသိပါ။ လုပ်ငန်း ခွင်တွေမှာ ထိုင်းလူမျိုးတွေနဲ့အတူတူ အလုပ်လုပ်ရရင် မြန်မာနိုင်ငံသား တွေဟာ ထိုင်းတွေမလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ရပါ တယ်။မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံသား တွေနဲ့အတူ တန်းတူအခွင့်ရေးရနေတယ်ဆိုပြီး အချို့ NGO အဖွဲ့များနှင့် ထိုင်းအစိုးရကပါ ပြောနေကြပါတယ်။ တကယ့် လက်တွေ့မှာတော့ ပြောသလိုမဖြစ်သေးပါဘူး။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကတ်မြို့မှာ မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေချိုးဖောက်ခံရပြီး အလုပ် လုပ်နေတဲ့ စူပါချိပ် (Super Cheap) ကုမ္ပဏီမှာ ရာသီဥတုကြောင့် ရေတွေလျှံ ခေါင်မိုးတွေ ပျက်စီးသွားပါ တယ်။ ပျက်စီးသွားတဲ့ ခေါင်းမိုးပေါ်တွေမှာ မြန်မာအလုပ်သမားတွေက မိုးရွာထဲမှာ ပြန်လည်ပြုပြင် လုပ်ကိုင်ရတဲ့အပြင် ရေလျှံလို့ပိတ်ဆို့နေတဲ့  ညစ်ပတ်ပေရေနေတဲ့ အမှိုက်ပေါင်းစုံကိုလည်း ကျနော်တို့ မြန်မာအလုပ်သမားတွေဘဲ ရှင်းရပါတယ်။ ထိုင်းအလုပ်သမားတွေ တစ်ယောက်မှ မလုပ်ပါဘူး။ အလုပ်ရှင် တွေ၊မန်နေဂျာတွေကလည်း ထိုင်းအလုပ်သမားတွေကို မခိုင်းဘူး။

ထိုင်းတွေနဲ့အတူတူ အလုပ်လုပ်ရရင် ထိုင်းအလုပ်သမားတွေက မြန်မာအလုပ်သမားတွေကို ခိုင်းလေ့ရှိပါတယ်။ (ကျနော်အလုပ်လုပ်ခဲ့သော အလုပ်ရုံတိုင်းတွင် ထိုင်းတွေက မြန်မာတွေကို ခိုင်းလေ့ရှိ ပါတယ်။)မြန်မာအလုပ်သမားတွေကို မှိခိုပြီး ထိုင်းလုပ်ငန်းရှင်တွေက အကျိုးစီးပွားဖြစ်နေတယ်ဆိုတာ ဘယ်လိုမှ ငြင်းပယ်လို့ မရပါဘူး။ဒါကို သမ္မတကြီးလည်းသိမှာပါ။ တချို့လုပ်ငန်းရှင်တွေကတော့ မြန်မာ အလုပ်သမားတွေကို လုပ်အားခဈေး နှိမ်ပေးပြီး ကုန်တွေကိုဈေးချိုချိုနဲ့ရောင်းတယ်။

ထိုင်းအလုပ်သမားတွေကိုတော့ ကွန်ပြူတာကိုင်၊ ငွေရှင်းကောင်တာမှာထိုင်ပြီး အလုပ်သက်သာ တဲ့နေရာတွေမှာသာ လုပ်ခိုင်းလေ့ရှိပြီး မြန်မာအလုပ်သမားတွေကျတော့ ခွန်အားနဲ့ကုန်းရုန်းလုပ်ရတဲ့ နေရာ တွေ ၊အန္တရာယ်များပြီး ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေ၊ ညစ်ပတ်ပေရေ နံစော်နေတဲ့ အလုပ်တွေကိုသာ လုပ်ခိုင်းလေ့ရှိပါတယ်။ ထိုင်းလူမျိုးတွေ ကွန်ပြူတာကိုင်တတ်သလို မြန်မာတွေလည်း ကွန်ပြူတာပညာတွေကို တတ်ကျွမ်းကြပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ ဘယ်လောက်ပဲ ပင်ပန်းကြမ်းတမ်း တဲ့အလုပ်တွေကို လုပ်နေရလည်း လုပ်အားခကတော့ ထိုင်းအလုပ်သမားတွေနဲ့ ကွာခြားလှပါတယ်။ ထိုင်းအလုပ်သမားတွေကြတော့ လုပ်ခလစာငွေ အရမ်းကောင်းတယ်။ ဒါတွေကို ထိုင်းအစိုးရရော  မြန်မာအစိုးရပါသိတယ်။ သိသိကြီးနဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းအလုပ်သမားတွေနဲ့တန်းတူ အခွင့် အရေးရနေပါပြီဆိုပြီး မီဒီယာတွေကတဆင့် ကုန်းကုန်းအော်နေတာဟာ (မီဒီယာရာဇ၀င်) ပါးစပ်ရာဇဝင်ဘဲရှိပါသေးတယ်။ လက်တွေ့ မှာတော့ နင်းပြားအခွင့်အရေးပဲ ရရှိနေသေးတယ်လို့ တင်ပြလိုက်ရပါတယ်။

ဒီအကြောင်းတွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ မိမိတို့ရဲ့ ဒီမိုကရေစီသမတကြီးနဲ့ ဒီမိုကရေစီဖော်ဆောင်နေသူတွေကိုလည်း သိရှိစေလိုပါတယ်။

ထိုင်းနိုင်ငံတွင်ရှိကြကုန်သော မြန်မာပြည်သားအပေါင်းတို့ ထိုင်းလူမျိုးများ၏ အနိုင်ကျင့်ခြင်းဘေးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

တကယ်လို့ နောက်ဘဝမှာ လူပြန်ဖြစ်ခဲ့ရင် ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “နင်းပြား မြန်မာ (ပေးစာ)

Comments are closed.