ဓာတ်ပုံသတင်း

မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ပဲခူးက ငချဉ်)

မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ပဲခူးက ငချဉ်)

နိုဝင်ဘာ ၁၈၊ ၂၀၁၂

ပဲခူးက ငါးချဉ်

အဲဒီဒေသ ငါးချဉ်ထုပ်တွေဟာ ဖက်ထုပ် ဖြစ်နေတတ်တယ်လို့ ခံရဖူးသူများက ပြောပါတယ်။ ဖွင့်ကြည့်လိုက်ရင် ဖက်အထပ်ထပ်နဲ့ ခပ်ထူထူ ထုပ်ထားတဲ့ ငါးချဉ် ပိစိကွေးပဲ ပါတတ်တယ်လို့ ဆိုကြတယ်။ အဲဒီပိစိကွေးမှာမှ ငါးပါဝင်နှုန်းက နည်းသေးတယ်လို့ ဆိုတယ်။

ပုံမှာမြင်ရတဲ့ ဈေးသည်ရဲ့ ဗန်းထဲမှာတော့ ထိုးထိုးထောင်ထောင် ပဲခူးမြို့တော်လက်ဆောင်လို့ လှလှလေး တံဆိပ်ကပ်ထားတဲ့ ငါးချဉ်ထုပ်တွေပါ။

လမ်းပေါ်မှာ သွားနေတဲ့ သုံးဘီးဆိုင်ကယ်လိုလို ကားလိုလို အငှားယာဉ်ကလည်း အဲဒီဒေသရဲ့ အမှတ်အသားတစ်ခု ဖြစ်နေပါတယ်။ သူကတော့ ငါးချဉ်ထုပ်လို မဟုတ်ပါဘူး။ ပေါက်ဈေးပေးရင် ခရီးသည် ကျေနပ်အောင် လိုရာအရောက် ပို့ပေးလေ့ရှိတဲ့ အငှားယာဉ် ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ပဲခူးက ငချဉ်)
  1. မိုးမခကငါးချဉ်ရောင်းတော့မလားမသိဘူး။ ဈေးကွက်စီးပွားရေးသုတေသနတွေလုပ်နေပြီ။ ဟောဒီမှာ ငါးချဉ်ယူကြအုံးမလား—–

  2. အမှန်တစ်ကယ်လည်း … ဖက်တွေများပြီး … စားလိုက်ရင် … ၀မ်းကိုက်တာကြုံဘူးပါတယ် …
    အများပြည်သူအတွက် … မကောင်းတာကို မကောင်းဘူးလို့တင်ပြတာ သိပ်ကောင်းပါတယ် …

  3. ဖက် လေးထပ်လောက်သုံးမှ အထဲမှာပိုးကောင်လေးတွေပေါက်ပြီး အချဉ်မြန်တာကို ကာကွယ်နိုင်ပါတယ်။ မသမာစိတ်နဲ့ဖက်အများကြီးသုံးပြီး ရောင်းနေကြတာလဲ ရှိပါတယ်။ ပိုအရေးကြီးတာက မသုံးရမဲ့ဆိုးဆေးသုံးတာ ယမ်းစိမ်း(ပိုတက်စီယမ်နိုက်ထရိုက်)ကို သုံးသင့်တာထက်ပိုသုံးတာတွေက အရမ်းအန္တရာယ်များပါတယ်။ စစ်ဆေးအရေးယူနိုင်ရင် ကောင်းပါမယ်။စနစ်တကျ ထုတ်လုပ်ရောင်းချနေသူတွေလဲ ရှိကြပါတယ်။

Comments are closed.