၀ိ ေ ရာ ဓိ

ဆောင်းလူ
အောက်တိုဘာ ၃၊ ၂၀၁၂
 ကျည်ဆံမဲ့ တော်လှန်သူများ
အာဏာရှင်တွေနဲ့ စီးပွားဖက်
ငြိမ်းချမ်းရေးကို ရောင်းကြ ၀ယ်ကြ …။
သွေးဆာလွန်းသော ပါဖော့်မင့်များ
ဒုက္ခနဲ့နေသားကျ
မလှမပနဲ့
ဤသမိုင်းအသစ်ဟာ နာမည်ပျက်လှပေါ့ …။
စပြီးရင် ဆုံးရမယ်
သပွတ်အူလို ရှုပ်ထွေးလှတဲ့
ပါဖော့်မင့်အသစ်များ
ဝိရောဓိတွေနဲ့အတူ
အဆုံးသတ်ပြမှာလား …။
သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။