ချမ်းမြ (မိုးမခအထောက်တော်)

ချမ်းမြ (မိုးမခအထောက်တော် – ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း ကထိန်ပွဲကျင်းပ

ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း ကထိန်ပွဲကျင်းပ
ချမ်းမြ (မိုးမခအထောက်တော်)
နိုဝင်ဘာ ၁၁၊ ၂၀၁၃


နယူးယောက်ပြည်ပြည်နယ် Albany မြို့ရှိ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း ကထိန်ပွဲကို နိုဝင်္ဘာလ ၁၀ရက်နေ့က ၎င်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ ထိုကထိန်ပွဲသို့  နယူးယောက် ယူတီကာ စသော မြို့များမှ ဒကာဒကာမ များပါ ည အိပ်လာရောက်ကြသည်။
ကထိန်ပွဲကျင်းပသည့် နေ့တွင် နံနက် ခင်းတွင် ရက်ပိုင်းအတွင်းကပူဇော်လှူဒါန်းလိုက်သော ဗုဒ္ဓဆင်းတုတော်ကို သံဃာတော်များက အနေကဇာတင်တော်မူကြသည်။ထို့နောက် ဒကာ၊ ဒကာမများမှ သံဃာတော်များကို မနက်ဆွမ်း၊နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး နေ့ ၁၂နာရီ အချိန်တွင် အခမ်းအနားကိုစတင်သည်။

ဆရာတော် သံဃာတော်တို့ထံမှ တရားနာယူကြပြီး။ သင်္ကန်းစသော လှူဖွယ်များကို သံဃာတော်တို့ကိုဆက်ကပ်လှူဒါန်းကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts