ကဗျာ

ကြ ည် ဆ န်းေ မာ် ကွ န်း

နီလွင်သွေး (ဒဿနိက)
အောက်တိုဘာ ၃၀၊ ၂၀၁၂
သူရဲကောင်းတယောက်ရဲ့
နောက်ဆုံးအချိန်က
ကြေကွဲတိတ်ဆိတ်လျှက်
မျက်ရည်နဲ့ ငိုကြွေးမည်တမ်းနေသူမရှိ
လွမ်းသူ့ပန်းတခြင်းမျှမရှိ
လိုက်ပါပို့ဆောင်မယ့်သူမရှိ
ဂူဗိမ္ဗာန်အကာအရံမရှိ
ပကတိ တိတ်ဆိတ်ငြိမ်သက်လို့ …။သူရဲကောင်းဝိဉာဉ်ပေါ်
ကိုင်းညွှတ်ပူဇော်နေကြတဲ့တောပန်းတွေ
တောင်တန်းနဲ့တောအုပ်တွေ
ညှို့မှိုင်းမဲမှောင်နေသောဥတု
ဦးညွှတ်ဂုဏ်ပြုနေရဲ့ …။သူချစ်တဲ့မြေ
ဧရာဝတီနှင့်
ပြည်မြို့တဖက်ကမ်းက
ရခိုင်ရိုးမတောင်တန်းတွေ
မိခင်ရဲ့မျှော်တမ်းလွမ်းဆွတ်မှုတွေနဲ့
နှောင်ဖွဲ့ထားရာအိမ်ကလေးဆီကို
ပူဆွေးသောကတွေကိုဖြေဖျောက်ဖို့ရာ
နောက်ဆုံးနှုတ်ဆက်စကားကိုတောင်
သယ်ဆောင်မပါးနိုင်ခဲ့ဘူး …။ ။

(၃၀၊ ၁၀၊ ၁၉၉၅ ခုနှစ်မှာ သူရဲကောင်းဆန်စွာကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော် တပ်ရင်း (၆၀၁) မှ ရဲဘော်ကြည်ဆန်းကျဆုံးခြင်း (၁၇) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ဦးညွှတ်အလေးပြုလျှက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts