မိုးမခအထောက်တော် အမှတ် ၀၀၉
အောက်တိုဘာ ၂၉၊ ၂၀၁၂
အောက်တိုဘာ ၂၉၊ ၂၀၁၂
နယူးယောက်မြို့တွင် ပြုလုပ်နေသော အလှမယ်ပြိုင်ပွဲတခုတွင် မြန်မာအမျိုးသမီး ၀င်ရောက်ယှဉ်ပြိုင်နေပြီး Facebook မှတဆင့် မဲပေးခြင်းဖြင့် ဆုတစ်ခု ဆွတ်ခူးနိုင်ကြောင်း သိရသည်။
Facebook တွင် Diaspora Models ဟူသော စကားလုံးဖြင့် ရှာဖွေလျှင် အလှမယ်ပြိုင်ပွဲစာမျက်နှာသို့ ရောက်နိုင်ပြီး ထိုစာမျက်နှာကို like လုပ်ရမည်ဖြစ်သည်။
ထို့နောက် ၀င်ရောက်ယှဉ်ပြိုင်နေသူ မြန်မာအမျိုးသမီး၏ ဓာတ်ပုံကို like လုပ်ရမည်ဖြစ်သည်။
http://www.facebook.com/photo.php?fbid=10151136887763892&set=a.190030878891.129096.8336438891&type=1&theater
like လုပ်ရမည့် နောက်ဆုံးနေ့မှာ အောက်တိုဘာ ၃၀ (မနက်ဖြန်) ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း ဂျပန်တွင် ပြုလုပ်ခဲ့သော အလှမယ်ရွေးပွဲတွင် အွန်လိုင်းမှ မဲပေးသူတို့၏ ကူညီမှုကြောင့် မြန်မာအလှမယ် နန်းခင်ဇေယျာ ဆုရခဲ့သည်။