ကဗျာ

မသုဉ်းတဲ့ … သုံး

ကျော်ဟုန်း
အောက်တိုဘာ ၁၉၊ ၂၀၁၂
လတ်ဆတ်တဲ့ လေပြေ
ငါ့တို့ရဲ့ နှာသီးဖြားက ဝင်
စက္ကန့် မလပ် လေရှုတိုင်း
မလတ်ဆတ်တဲ့
မျိုးကွဲ များစွာခွဲ၊မျက်လုံးဖွင့်ကြည့်
ခံစားမိအတိုင်း ဆိုဝံ့ချိန်၊

မျက်လုံး စုံမှိတ်ပြီး
ခံစားချက်မဲ့ ဇွတ်ငြင်းချိန်၊

မျက်လုံးရော နှလုံးသားပါဖွင့်
ခံယူချက်အတိုင်း ကျူးရင့်ချိန်၊

စက္ကန့်မလပ် လေရှုတိုင်း
အယူအဆတို့ကွဲ
အဓိပ္ပါယ်ဖွင့်ဆို လွဲ၊

သင်္ချာတပုဒ်အတွက်
အဖြေဆိုတာ တခုတည်းရှိ
ခံစားချက်ကြ သင်္ချာမဟုတ်
အဖြေဟာ တခုတည်းမရှိ၊

ဘယ်ဟာ မှားသလဲ
ဘယ်ဟာ မှန်သလဲ
ရေများ ရေနိုင်
မီးများ မီးနိုင်
ဒီအယူအဆတောင်
စိတ်လှည့်ဖွက် ပြိုင်ဆဲ…၊

မင်းနဲ့ ငါ
ငါနဲ့ သူ
သူနဲ့ မင်း
ကိုယ်တိုင်နဲ့ ကိုယ်တိုင်
စစ်ဝေး … စစ်နီး
စစ်အေး … စစ်ပူ
စစ်ခင်းကြရလေတဲ့
လောကသား အတ္တ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts