ရေခြားမြေခြား မြန်မာများ

ဂျာမဏီမှာ ဓမ္မဒူတ ကျောင်း ပေါ်ထွန်းတော့မည် (Chan Mya)

ဂျာမဏီမှာ ဓမ္မဒူတ ကျောင်း ပေါ်ထွန်းတော့မည်

ချမ်းမြ၊ အောက်တိုဘာ ၁၆၊ ၂၀၁၂

ဂျာမဏီနိုင်ငံ Frankfurt မြို့တွင် မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဖြစ်မြောက်ရေး ဆွေးနွေးပွဲကို အောက်တိုဘာလ (၁၄)ရက် တနင်္ဂနွေနေ့၌ ဗုဒ္ဓဘာသာမြန်မာကျောင်း(ယာယီ) တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲကို ဂျာမဏီမြန်မာကျောင်း သံဃာတော်များ နှင့် မြန်မာဗုဒ္ဓဘာသာအသင်းသူအသင်းသားများတက်ရောက်ကြသည်။

ထိုဆွေးနွေးပွဲတွင် မကြာမှီရက်ပိုင်းက မြန်မာနိုင်ငံမှ ဂျာမဏီနိုင်ငံသို့ သာသနာပြုခရီးကြွရောက် တရားချီးမြှင့်တော်မူသော ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်ဘုရား၏ လမ်းညွှန်သြဝါဒ လမ်းညွှန်ချက်များကို ခံယူ၍ ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ဆရာတော်၏ သာသနြာ့ပုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာဖြစ်တည်ရေးနှင့် ဂျာမဏီ နိုင်ငံ၌ ရောက်ရှိနေသော မြန်မာဗုဒ္ဓဘာသာတို့ ဗုဒ္ဓ အဆုံးအမတော်၌ တည်ရှိရေး သားသမီးငယ်တို့ထံ ဘာသာ၊သာသနာ အဆက်မပြတ်စေရေးတို့ အတွက် မြန်မာ လူမျိုးတို့၏ ကိုယ်ပိုင်မြေနှင့်ကျောင်း တစ်ခု ဖြစ်ထွန်းရေးသည် အရေးတကြီးလိုအပ်နေသော ကိစ္စဟု အားလုံးက သဘောထားကြသည်။

မြန်မာမိသားစုတို့ အာသာဆန္ဒ ပြင်းပြစွာ လိုလားတောင့်တနေသော ကိုယ်ပိုင်မြေနှင့် ကျောင်းတကျောင်းပေါ်ထွန်းရေးကို ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ အားပေးထောက်ပံ့မှု နှင့်ဆက်လက် ဆောင်ရွက်သွားရန်လည်းသဘောတူညီကြသည်။ ဆရာတော်၏ မေတ္တာရှေးရှုသောသြဝါဒ လမ်းညွှန်ချက် တို့ကို စဉ်ဆက်မပြတ်ခံယူပြီး ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြရန်လည်း သဘောတူညီကြသည်။ ဆရာတော်၏ သြဝါဒ အောက်၌ တည်ရှိမည် ဖြစ်သော ဖြစ်ထွန်း ပေါ်ပေါက်လာမည့် ကျောင်း၏ နာမည်ကိုလည်း ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာ ကျောင်းဟု အမည်သတ်မှတ်ရန်လည်း သဘောတူညီကြသည်။


ထိုဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း ဖြစ်ပေါ်ရေးအတွက် ဆရာတော်အရှင်ဆေကိန္ဒ (ဓမ္မဒူတ)၏ မတည်ငွေများ ဂျာမဏီမှဒကာဒကာမများ ထည့်ဝင်ငွေများ ဖြင့် မကြာမှီ စတင်အကောင် အထည်ဖော်တော့မည်ဖြစ်သည်။ ထိုပြင် လိုအပ်ဦးမည်ဖြစ်သော ငွေများကိုလည်း ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် စိတ်အားထက်သန်ကြသော ရပ်ဝေးရပ်နီး မြန်မာပြည်တွင်းပြည်ပရှိ စေတနာရှင် သဒ္ဓါရှင်တို့အားလည်း နှိုးဆော် တိုက်တွန်း ထားကြောင်းသိရှိရသည်။ ဘာသာ ၊သာသနာ အရေးအတွက် ပါဝင်လိုသူမည်သူမဆို အောက်ပါတိုသို့ ဆက်သွယ် လှူဒါန်းနှိုင်ကြောင်းလည်း သိရှိရသည်။


ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များနှင့်ဌာနများ

ဦးကောဝိဒ၊ ဦးသုမန

(၀၀၄၉)(၀)၆၉၈၄၇၇၀၈၄၅

ဓမ္မဒူတ မြန်မာဗုဒ္ဓဘာသာကျောင်း ၊ဂျာမဏီနိုင်ငံ။

ကိုလှမြင့်စိုး

(၀၀၄၉)(၀) ၁၇၄၈၅၀၉၄၈၅

ကိုမင်းမင်း

(၀၀၄၉)(၀)၁၇၄၂၉၉၈၆၃၅

ကိုဖြိုး

(၀၀၄၉)(၀)၁၇၃၆၈၆၇၉၀၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts