သတင်းပဒေသာ

OIC မည်သည့်ပုံစံဖြင့်လာလာဆန့်ကျင်မည်ဟုစစ်တွေခေါင်းဆောင်များကဦးထွေးလှအားပြောကြား

သောင်းကြွယ်၊ စစ်တွေ၁၄အောက်တိုဘာ၂၀၁၂ Coral Arakan News [သတင်း]

OICနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင်ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှနှင့် စစ်တွေမြို့မှဦးဆောင်ဦးရွက်ပြုသူအချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင်အလွတ်သဘောတွေ့ဆုံကြရာတွင်၊ OIC က အသွင်တစ်မျိုးမျိုးဖြင့်ဝင်လာမှုကို ဆက်လက်ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်းတွေ့ဆုံခဲ့သူများကပြောကြားခဲ့သည်ဟုယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင်ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြားသည်။

OIC စစ်တွေမြို့တွင်ရုံးဖွင့်မည်ဆိုသည်မှာမဟုတ်ကြောင်းနောက်ဆုံးထုတ် Voice ဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့်အင်တာဗျူးကိုပြသရင်း ဦးထွေးလှကဒီကဒေသခံများ၏ စကားသံကိုကြားချင်သောကြောင့် ယခုလိုတွေ့ဆုံရသည်ဟု ရှင်းလင်းပြောကြားပြီးနောက်၊ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ) ၊ဦးထွန်းကျော် (အင်းပေါက်ဝကုမ္ပဏီ)၊ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း) ၊ဦးအောင်မြကျော် (ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်ဒေသခံလုပ်ငန်းရှင်တစ်ဦးတို့ဝင်ရောက်ဆွေးနွေးခဲ့ကြသည်ဟုအဆိုပါအမည်မဖော်လိုသူကပြောကြားသည်။

ပြည်ထောင်စုအဆင့်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူဒေါက်တာအေးမောင်ကစစ်တွေမှာသာမဟုတ်၊ရန်ကုန်မှာထားလျှင်လည်းဆန့်ကျင်ရမည်ဖြစ်ကြောင်း၊မြန်မာပြည်သူတစ်ရပ်လုံးအားနစ်လုဆဲဆဲနွံတွင်းထဲမှဆွဲထုတ်ရမည်ဖြစ်ကြောင်းဆွေးနွေးသွားသည်။

အခုမြန်မာနိုင်ငံဒေသအသီးသီးမှာ OIC ရုံးစိုက်မှာ ကိုကန့်ကွက်ဆန္ဒပြနေကြခြင်းသည် အစိုးရကခြေလှမ်းမှားတစ်လှမ်းကျွံနေသည် ကိုခြေပြန်နှုတ်ခွင့်သာအောင်ပြည်သူများက၀ိုင်းဝန်းဆန္ဒပြနေကြခြင်းဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် ဆန့်ကျင်ကန့်ကွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည့် အလားအလာရှိနေကြောင်း ၄င်းကပြောကြားသွားသည်။

ဦးကျော်ဇောဦးကအစ္စလမ်လောကသားတို့စည်ပင်ဝပြောပြန့်ကားရေးကိုရည်ရွယ်ချက်ထားသည့်၊အစ္စလမ်ရှရီးယားနှင့်အညီလူ့အခွင့်အရေးစံကိုအခြေခံသည့်၊နိုင်ငံတကာ၏အကြမ်းဖက်သမားသတ်မှတ်ချက်ကိုလက်မခံသည့် OIC ၏အန္တရာယ်အလားအလာကိုထောက်ပြပြောဆိုသည်။

ထို့အပြင်လက်နက်ကိုင်အဖွဲ့အစည်းများအပါအ၀င်ရိုဟင်ဂျာအဖွဲ့ (၂၅)ဖွဲ့ကိုစုစည်းကာ Arakan Rohingya Union အဖြစ် OIC ကကမကထပြုကာ ၂၀၁၁ခုနှစ်အတွင်း ဖွဲ့စည်းပေးခဲ့သည့်အချက်ကိုလည်း ၄င်းကထောက်ပြခဲ့သည်။

ထို့အပြင်သံသယဖြစ်ရသည့်အလားတူဖြစ်ရပ်ကို၎င်းကနှိုင်းယှဉ်ပြရာတွင်၊ Humanitarian Freedom Flotilla to Arakan ကိုအသွင်ပြောင်းကာ PK1M မလေးရှားအဖွဲ့အဖြစ်မကြာမီကစစ်တွေသို့ရောက်လာသည့်အဖွဲ့သည်ဂါဇာကမ်းခြေကိုအတင်းကပ်ဖို့ကြိုးစားသဖြင့်အစ္စရေးကအတင်းဟန့်တားခဲ့ရသည့် Freedom Flotilla နှင့်အလားတူနေကြောင်း၊ OIC အပါအ၀င် အစ္စလမ်မစ်မစ်ရှင်များအနေဖြင့် သိုဝှက်ထားသည့်ရည်မှန်းချက်များရှိတတ်သည်ကို စိုးရိမ်မိကြောင်း၎င်း ကပြောပြခဲ့သည်ဟုဆိုသည်။

တတ်နိုင်သမျှစစ်ဆေးသည့်ကြားမှယင်းမလေးရှားထောက်ပံ့ရေးအဖွဲ့ PK1M ၏ထောက်ပံ့ရေးပစ္စည်း ပုံးခွံကတ်ထူများတွင်ရေစိုသည့်အခါမှပေါ်လာအောင် လုပ်ထားသည့် မလိုလားဖွယ် ဓါတ်ပုံများပါရှိနေသည်ကိုတွေ့ကြရသည် မှာနှစ်ရက်မျှရှိပြီဖြစ်သည်။ယင်းထောက်ပံ့ရေးပစ္စည်းများကို အကြောင်းပြု၍ လက်နက်များဖောက်ခွဲရေးပစ္စည်းများခိုးသွင်းလာမည်ကိုစစ်တွေမြို့သူမြို့သားများကစိုးရိမ်နေကြသည်။

OIC ၏ကိုယ်စားပြု iNGO ပုံစံဖြင့်လာခြင်းကိုသော်လည်းကောင်း၊ OIC ယာယီရုံးဖွင့်ခြင်းကိုသော်လည်းကောင်း၊ရန်ကုန်မှနေ၍မြန်မာပြည်တစ်နေရာရာအတွက် အလုပ်လုပ်ပေးခြင်း ကိုလည်းဆွေးနွေးသူများကမလိုလားကြောင်ြးေ ပာကြသည်ဟုဆိုသည်။ ထို့အပြင်လူသားချင်း စာနာထောက်ထားရေးအကူအညီအတွက်သာ လာမည်ဆိုသည်ကိုလည်း သံသယဖြင့်လက်မခံနိုင်ကြပေ။

ရခိုင်ဒေသအတွင်းလှုပ်ရှားခဲ့ကြသောနိုင်ငံတကာ iNGO များသည်မလိမ့်တပတ်ဖြင့်ဒေသတူနေတိုင်းရင်းသားများ လုံးဝမပါစေပဲ ခိုးဝင်လာသူ ဘင်္ဂါလီနိုင်ငံခြားသားများအားနှ စ်ပေါင်းနှစ်ဆယ်နီးပါး အင်အားကြီးသထက်ကြီးအောင်ထောက်ပံမှုများပြုနေခဲ့ကြရာ၊ ရခိုင်ပြည်သူများက OIC ကိုမဆိုထားနှင့်၊အစ္စလမ်မစ်အသွင်မဆောင်သည့်ပြည်ပအဖွဲ့အစည်းများ NGO များကိုပင်စိစစ်ကြရတော့မည်ဖြစ်ကြောင်းဒေါက်တာအေးမောင်နှင့်ဒေသခံများကဆွေးနွေးခဲ့ကြသည်။

            စစ်တွေအခြေစိုက်လုပ်ငန်းရှင်တစ်ဦးကလည်း OIC ၏လှုပ်ရှားမှုကိုပြည်သူများကအစီအစဉ်မဲ့တုံ့ပြန်မိသောကြောင့် (သေကြေ၊ဒဏ်ရာရ၊ဖမ်းဆီးခံရအစရှိသည့်) နစ်နာမှုများဖြစ်လာမိမှာကို စိုးရိမ်မိကြောင်းပြောကြားသွားသည်။

Click the following link to go to the article.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “OIC မည်သည့်ပုံစံဖြင့်လာလာဆန့်ကျင်မည်ဟုစစ်တွေခေါင်းဆောင်များကဦးထွေးလှအားပြောကြား
  1. မြန်မာ အစိုးရက ဘာကြောင့် အိုအိုင်စီ ကို လက်ခံရသလဲ- ယခင်က အမေရိကန်တောင် ဆန့် ကျင်လာခဲ့တာ အခုအိုင်အိုစီ အဖွဲ့ ကျမှ လက်မြှောက်အရှုံးပေးလိုက်တာ ဘယ်လိုများ ထင်မြင်ယူဆ ကြပါသလဲ- တတ်သိပညာရှင်များဝေဖန်ဆွေးနွေးပေးပါ။

  2. I know one muslim woman(NGO staff) from yangon.She often go to islamic countries for meeting with other muslim(maybe leaders).she is in Chiang Mai now.Office in Yangon too.She got USD 900 a month.They doing work for rohinnja under the name of ….NGO.Some of them start from ……volunteer.Just shared something i knew, for the duty of a Myanmar Pyi Thar.Nothing personal.

  3. ကျွန်တော်တို. မြန်မာနိုင်ငံ ဟာ
    မွတ်ဆလင်နိုင်ငံမဟုတ်တဲ့အတွက် OIC လာဖွင့်ဖို.မလိုအပ်ပါဘူး ၊ အရင် ခေတ်အဆက်ဆက်မှာလဲ ၊ ဘယ်တုံးကမှ
    ကျွန်တော်တို.နိုင်ငံနဲ. ကျွန်တော်တို.နိုင်ငံသားတွေကို ကူညီခဲ.တာမရှိပါဘူး ၊ ဒီလုပ်ရပ်ဟာ ဘာသာရေး နယ်ချဲ.နည်းအသစ်ပါ ။ လုံးဝ လက်မခံသင့်ဘူးလို.နိုင်ငံသားတယောက်အနေနဲ. အကြံပြု ချင်ပါတယ် ။

Comments are closed.