ကဗျာ

လက်ပန်းတောင်းတောင်

နီလွင်သွေး (ဒဿနိက)
စက်တင်ဘာ ၁၅၊ ၂၀၁၂

လက်ပန်းတောင်းတောင်ဖြိုရင်
တောင်သူတွေဘဝပြို
ချင်းတွင်းလည်း ညှိလေ့မယ်။

လက်ပန်းတောင်းတောင်မရှိရင်
တောင်သူတွေဘဝ ချိနဲ့လေ့မပေါ့။

အဲဒီတောင်က
သူတို့ဘဝ သူတို့အသက်
သူတို့ဘိုးဘေးဘီဘင်လက်ထက်ကတည်းက
ထွန်ယက်စိုက်ပျိုးလာခဲ့ကြ။

လက်ပန်းတောင်းတောင်ဟာ
မုန်တိုင်းတွေကိုကာကွယ်တယ်။

လက်ပန်းတောင်းတောင်ဟာ
အပူလှုင်းတွေကို ကာကွယ်တယ်။

လက်ပန်းတောင်းတောင်ဟာ
လူ့အသက်တွေကိုကာကွယ်တယ်။

လက်ပန်းတောင်းတောင်ဟာ
ချင်းတွင်းကို ကာကွယ်တယ်။

လက်ပန်းတောင်းတောင်ဟာ
ချင်းတွင်းမြစ်ကို ကာကွယ်တယ်။

လက်ပန်းတောင်းတောင်ဟာ
ဧရာဝတီကို ကာကွယ်တယ်။

လက်ပန်းတောင်းတောင်ဟာ
မြန်မာပြည်ကို ကာကွယ်တယ်။

လက်ပန်းတောင်းတောင်ဟာ
မြန်မာနိုင်ငံရဲ့အစာရေစာ
မြန်မာရဲ့အသက်ဓါတ်စာ။

လက်ပန်းတောင်းတောင်ဟာ
မြန်မာရဲ့အလှ။

အဲဒီတောင်ကိုဖြိုချ
ကြေးနီ သထ္ထုတူးဖော်ကျရင်
တောင်သူတွေ အကျိုးအမြတ်မရ
တပြည်လုံးလည်း အကျိုးမရ

တိုင်းတပါးနဲ့ ကိုယ်ကျိုးရှာသူတွေပဲ
အမြတ်ရမှာသေချာတယ်။

လက်ပန်းတောင်းတောင်အရေး
သွေးနီးကြ ။

လက်ပန်းတောင်းတောင်အရေး
အမျိုးသားရေးအဖြစ်ရှုမြင်ကြ။

လက်ပန်းတောင်းတောင်
အသက်ထောင်သောင်းရှည်ပါစေ။

လက်ပန်းတောင်းတောင် တောင်သူတွေ
ကျန်းမာပါစေ။

လက်ပန်းတောင်းတောင်အရေးထဲက
မသွဲ့သွဲ့ဝင်း ကျန်းမာပါစေ။

လက်ပန်းတောင်းတောင်းအရေးထဲက
မအေးနက် ကျန်းမာပါစေ။

လက်ပန်းတောင်းတောင်အရေးထဲက
အရေးကြီးလျှင် သွေးနီးတတ်တဲ့သဘာဝတရားနဲ့
မုံရွာကျောင်သားသမဂ္ဂ ကျန်းမာပါစေ။

လက်ပန်းတောင်းတောင်အရေးထဲက
တိုက်ပွဲဝင်ကြတဲ့
ရဟန်းရှင်လူ
ကျောင်းသားပြည်သူတွေ
ကျန်းမာပါစေ။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
ကျန်းမာပါစေ။

အာဏာရှင်ဝါဒ
နောက်ကြောင်းလှည့်ကြမဲ့လူတွေ
ကျဆုံးပါစေ ။

(လက်ပန်းတောင်းတောင်အရေး လှုပ်ရှားမှုသို့ …)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts