သတင်းပဒေသာ

ရွှေတွံတေးဆရာတော် ထိုင်းနိုင်ငံမဟာချိုင်မှ စစ်တွေမြို့ ဦးဥတ္တမနေ့ပွဲသို့တက်ရောက်

မိုးမခအထောက်တော်
စက်တင်ဘာ ၁၂၊ ၂၁၀၂


၉. ၉. ၂၀၁၂ နေ့တွင်ကျင်းပသော ရခိုင်အာဇာနည် ဆရာတော်ဦးဥတ္တမနေ့ကို စစ်တွေမြို့တွင်လည်းကျင်းပရာ ထိုင်းနိုင်ငံ မဟာချိုင်မှ ရွှေတွံ တေးဆရာတော်တက်ရောက်ခဲ့သည်။

စစ်တွေမြို့ပန်းခြံတွင် ဆရာတော်ဦးဥတ္တမအား လာရောက်ဂါရ၀ပြုကြသော ရခိုင်တိုင်းရင်းသားပရိသတ်ကို ရွှေတွံတေးဆရာတော်က အမှာ စကားပြောကြားခဲ့သည်။

အမျိုးသားရေးအစ ဦးဥတ္တမက … ၀ံသာနုအစ ဦးဥတ္တမက …. ဆိုရင်ဘယ်သူငြင်းမလဲ။ ရခိုင်အာဇာနည် ဦးဥတ္တမက စံပြအဖြစ်လုပ်ပြခဲ့ပြီ။ ရဟန်းသံဃတွေဟာ ပြည်သူတွေနဲ့ တသားတည်းအမြဲရှိနေတယ်။ ပြည်သူလူထုတွေဒုက္ခ ရောက်ရင် ကိုလိုနီကျွန်ဖြစ်တုန်းကလည်း ဆရာတော်ဦးဥတ္တမအဦးအစ စံပြလုပ်ခဲ့တယ်။ ဒီလိုပါဘဲ ဘယ်တော့ဖြစ်ဖြစ် ဘုန်းကြီးတို့ရဟန်း သံဃာတွေဟာ ပြည်သူတွေဒုက္ခရောက်တိုင်း အမြဲရှေ့တန်းမှာရှိနေမယ်လို့ ကတိပြု အသိပေးချင်ပါတယ်။ အချင်းချင်းညီညွတ်ကြပါ။ ကူညီစောင့်ရှောက်ကြပါ။ အသားထဲက လောက် မထွက်ကြပါနဲ့။ သစ္စာမဖောက်ကြပါနဲ့။ ကဲ … ပရိသတ်တွေအားလုံး ဆန္ဒပြုကြပါစို့ဟုမိန့်ကြားရင်း ငြိမ်းချမ်းပါစေ ရခိုင်မြေ …. လို့ (၃) ကြိမ်ကြွေးကြော်လိုက်ကြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ရွှေတွံတေးဆရာတော် ထိုင်းနိုင်ငံမဟာချိုင်မှ စစ်တွေမြို့ ဦးဥတ္တမနေ့ပွဲသို့တက်ရောက်
  1. ကောင်းလိုက်တဲ့အမှာစကား။ခုလိုအမှန်တရားတွေပြောကြားပေးတဲ့ဆရာတော်ကို တပည့်တော် ကြည်ညိုလို့မဆုံးပါဘုရား။ဆရာတော်ဦးဥတ္တမဆိုတာ မြန်မာနိုင်ငံတင်မက အာရှနေ၀န်းအဖြစ် သတ်မှတ်ခံထားရသော အာဇာနည် ဆရာတော်တစ်ပါးပါ။ယနေ့ထိ ဆရာတော်ဦးဥတ္တမလို ဘာသာစကားကိုးမျိုးတတ်သော သူရဲကောင်း မြန်မာနိုင်ငံတွင် မပေါ်သေးပါ။

  2. ဒီလို
    အမျိုးကိုချစ်တဲ့ သူတွေ
    မွေဖွားရာအရပ်မှ ဖြစ်ရတယ့့် ။
    ဒါ
    တို့တိုင်း တို့ပြည် တို့မြန်မာပြည်
    မင်းတို့အမြဲမှတ်ထားပါ
    မင်းဟာ ဗမာ
    သွေးစည်းပြီး သွေးနီးရာစု
    ဘယ်တော့မှ ဇွဲမလျော့နဲ့
    ငါရှိနေသရွေ့
    ငါ့လူမျိုး မပျောက်စေရဘူး
    ဆိုတဲ့ စိတ်
    ရှိကြပါစေ။
    ရှိနိုင်ကြပါစေ။

    ကျနော်
    ယဉ်ကျေးမှုရဲ့ နောက်ဆုံးခံတပ်မြို့က
    သာကီသွေး

Comments are closed.