နိုင်ငံတကာရေးရာ

မြန်မာတိုင်းရင်းသားတို့အခြေချရာဥက္ကလံမြို့က ဓမ္မအေးရိပ်ကျောင်းကို ဘုတ်အဖွဲ့က လိုက်နာရန်စည်းကမ်းများ ထုတ်ပြန်

မြန်မာတိုင်းရင်းသားတို့အခြေချရာဥက္ကလံမြို့က ဓမ္မအေးရိပ်ကျောင်းကို ဘုတ်အဖွဲ့က လိုက်နာရန်စည်းကမ်းများ ထုတ်ပြန်

မိုးမခအထောက်တော် ၀၀၁၊ စက်တင်ဘာ ၃၊ ၂၀၁၂

ယမန်နေ့က ဥက္ကလံမြို့ရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းတွင် လိုက်နာရန်စည်းကမ်းများ ရှိကြောင်း၊ ထိုစည်းကမ်းများကို မလိုက်နာက တရားဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း “ဘုတ်အဖွဲ့၊ Oakland Burmese Monastery” ကထုတ်ပြန်လိုက်သည်ကို ဖတ်ရှုရသည်။ ဥက္ကလံမြို့တော်သည် ဆန်ဖရန်ဘေးဧရိယာတွင် မြန်မာပြည်က တိုင်းရင်းသားမြန်မာများ နိုင်ငံရေး၊ စစ်ဘေးဒဏ်ကြောင့် ပြောင်းရွှေ့အခြေချရာ မြို့တော်အဖြစ် ထင်ရှားသည်။ မြန်မာတိုင်းရင်းသား ထောင်ဂဏန်းခန့် ရှိပြီး အဆိုပါဘုန်းတော်ကြီးကျောင်းတွင် သာရေး နာရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတခုဖြစ်သည်။

အဆိုပါ စည်းကမ်းများထုတ်ပြန်ချက်စာရွက်ကို မြန်မာကွန်မြူနီတီအစည်းအဝေးတခု ကျင်းပနေစဉ်တွင် တွေ့ရှိရသဖြင့် ဖော်ပြပါစည်းကမ်းများအတိုင်း ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ပြုလုပ်သော ကွန်မြူနီတီအစည်းအဝေး ဟုတ်မဟုတ်ကို စုံစမ်းရာ ဘုတ်အဖွဲ့က ခွင့်ပြုသဖြင့် စုဝေးခွင့်ရသည်ဟု သိရသည်။

အဆိုပါ ဘုတ်အဖွဲ့၏ စည်းကမ်းများတွင် ကျောင်းအမည်၊ နေရာ၊ အလှုခံငွေ၊ ကျောင်းတွင်း လှုပ်ရှားမှုများကို အလွဲသုံးစားပြုလုပ်ခြင်း မပြုရန်၊ ခွင့်ပြုချက်တောင်းခံရန်၊ ဂုဏ်သိက္ခာထိခိုက်စေသည့် အပြုအမှု အပြောအဆိုများ ပြုလုပ်ခြင်း မပြုကြရန် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အဆိုပါ ဘုတ်အဖွဲ့တွင် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် တွဲဖက်သံဃာတော်တို့ ပါဝင်ခြင်း မရှိဟု ဆိုသည်။

မိုးမခအနေဖြင့် အဆိုပါ ထူးခြားသော ဘုန်းတော်ကြီးကျောင်းတွင်း လိုက်နာရန် စည်းကမ်းထုတ်ပြန်ချက်ကို တင်ပြလိုက်ပါသည်။ ဘုန်းတော်ကြီးကျောင်းအမည်မှာ ဓမ္မအေးရိပ် ဖြစ်သည်။ အဆိုပါကျောင်းကို Oakland Burmese Monastery အမည်ရှိ ဘုတ်အဖွဲ့က စီမံခန့်ခွဲ တာဝန်ယူသည်။ ထိုကျောင်း၏ လိပ်စာမှာ 2523, 23rd Ave, Oakland ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts