အာရှ၏သြဇာအကြီးဆုံးအမျိုးသမီး ၁၁ ဦးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် – Asia’s Most Powerful Women


မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၃၀၊ ၂၀၁၂


Forbes မဂ္ဂဇင်းက ရွေးချယ်သည့် အာရှ၏သြဇာအကြီးဆုံးအမျိုးသမီး ၁၁ ဦး စာရင်းကို ယမန်နေ့က ထုတ်ပြန်ရာ ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ်တို့ ပါဝင်ကြောင်း တွေ့ရှိရသည်။
ယခင်တပတ်က ထုတ်ပြန်သည့် ကမ္ဘာ့သြဇာအကြီးဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ထို ၁၁ ဦး ပါဝင်ပြီးဖြစ်သည်။ယမန်နေ့က ထို ၁၁ ဦးအကြောင်း သီးသန့် ရွေးချယ် ထုတ်ပြန်ခြင်း ဖြစ်သည်။

၁၁ ဦးတွင် စီးပွားရေး နှင့် နိုင်ငံရေးနယ်ပယ်မှ အမျိုးသမီးများ ပါဝင်နေပြီး ၎င်းတို့၏ ပြည်တွင်းပြည်ပ သြဇာသက်ရောက်မှုကို လျစ်လျူရှုရန် မဖြစ်နိုင်ကြောင်း Forbes မဂ္ဂဇင်းက မှတ်ချက်ချထားသည်။

စီးပွားရေးဦးစားပေး Forbes မဂ္ဂဇင်း ယခင်တပတ်က ထုတ်ပြန်သည့် အမျိုးသမီး ၁၀၀ စာရင်းတွင် အများစုမှာ စီးပွားရေးနယ်ပယ်မှ ဖြစ်ကြောင်း၊ နိုင်ငံရေးနယ်ပယ်မှ ၁၉ ဦးသာ ပါဝင်ကြောင်း တွေ့ရသည်။

 

2 thoughts on “အာရှ၏သြဇာအကြီးဆုံးအမျိုးသမီး ၁၁ ဦးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် – Asia’s Most Powerful Women

  1. အရမ်းကိုလေးစားဖို့ကောင်းပါတယ်။

  2. မြန်မာအမျိုးသ္မီးထဲမှာပထမဆုံးပါ။ဂုဏ်ယူစရာဘဲဗျို့။

Comments are closed.