မျှော်လင့်ချက် အတွေးအိပ်မက် (လန်ဒန် အိုလံပစ်ပိတ်ပွဲမှ ဂျွန်လင်နွန်၏ သီချင်း)

ဇော်ထက် (ပျဉ်းမနား)။ သြဂုတ် ၂၂၊ ၂၀၁၂

နတ်ဘုံဆိုတာ

တကယ်မှာမရှိ

တွေးကြည့်လိုက်ပါ၊

မင်း ကြိုးစားမယ်ဆို

တကယ်ကို

အလွယ်လေးပေါ့၊

အ၀ီဇိငရဲ ဆိုတာ

ငါတို့အတွက်

ဆက်မရှိနိုင်တော့ဘူး၊

ငါတို့အထက်မှာ

မိုးကောင်းကင်သာပဲ

ရှိပါလိမ့်မယ်၊

လူသား အားလုံးအတွက်

မျှော်မှန်းလျက်သာ

ကြည့်လိုက်ပါ၊

ဒီနေ့မှာ

ရှင်သန်ကာ နေဆဲ

လူသားတွေ အတွက်ပဲပေါ့။

နိုင်ငံတွေဟာ

ကွဲပြားကာ မရှိတော့ဘူးလို့

တွေးကြည့်လိုက်ပေါ့၊

အဲဒီလိုလုပ်ဖို့ တကယ်

ဘယ်လောက်မှလည်း

မခဲယဉ်းပါဘူး၊

ဘာအတွက်နဲ့မှ

ကမ္ဘာ့လူသားတို့

သတ်ဖို့၊ သေဖို့ရာ

လိုတော့မှာ

မဟုတ်ပါဘူး၊

ပြီးတော့ကာ

ဘာသာရေး ဆိုတာလည်း

အဲဒီလိုပါပဲ၊

လူသားအားလုံး အတွက်

မျှော်မှန်းလျက်သာ

ကြည့်လိုက်ပါ၊

ငြိမ်းချမ်းရေးနဲ့ တကွ

နေ နေကြရမယ့်

ကမ္ဘာ့လူသား အားလုံး။

မင်းကတော့ ငါဟာ

စိတ်ကူးယဉ်သမားပါလို့

ပြောရင် ပြောမှာပဲ၊

ဒါပေမယ့်လည်း

အဲဒါဟာ

ငါ တစ်ယောက်တည်းသာ

မဟုတ်ပါဘူး၊

တစ်နေ့နေ့မှာ

ငါတို့အတူ ချီတက်

မင်း လက်တွဲမယ်လို့

တို့ မျှော်လင့်နေမိတယ်၊

အဲလိုသာ ဆိုရင်တော့

ကမ္ဘာကြီးက မကွဲလွဲ

တစ်ခုတည်းပဲ ဖြစ်လိမ့်မယ်။

ပိုင်ဆိုင်တာတွေအတိ

မရှိတော့တဲ့နေ့ကို

မျှော်မှန်းကြည့်လိုက်ပေါ့၊

မင်း အဲဒီလိုများ

စွန့်လွှတ်နိုင်မလားလို့

တို့ အတွေးနယ်များချဲ့ မိတယ်၊

ဆာလောင်ဖို့

လောဘတက်ဖို့

တို့ မလိုတော့ဘူးပေါ့၊

ညီအကိုလို ကြင်နာမှုနဲ့

ကမ္ဘာရဲ့ လူသား

အားလုံးအတွက်

မျှော်မှန်းလျက်ကြည့်လိုက်ပါ၊

ကမ္ဘာကြီးက

ရှိရှိသမျှ

အတူတူ မျှဝေရေးပေါ့။

မင်းကတော့ ငါဟာ

စိတ်ကူးယဉ်သမားပါလို့

ပြောရင် ပြောမှာပဲ၊

ဒါပေမယ့်လည်း

အဲဒါဟာ

ငါ တစ်ယောက်တည်းသာ

မဟုတ်ပါဘူး၊

တစ်နေ့နေ့မှာ

ငါတို့အတူ ချီတက်

မင်း လက်တွဲမယ်လို့

တို့ မျှော်လင့်နေမိတယ်၊

အဲလိုသာဆိုရင်တော့

ကမ္ဘာကြီးလည်း

တစ်ခုတည်း အနေနဲ့ပေါ့

ရှင်သန်နေတော့လိမ့်မယ်။                  ။

(လန်ဒန် အိုလံပစ်ပိတ်ပွဲက ဂျွန်လင်နွန်ရဲ့  Imagineသီချင်းကို နားထောင်တော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေအတွက် ခံစားပြီး မြန်မာမှု ပြုထားပါတယ်။)

Photo credit – http://www.fanpop.com/spots/john-lennon/images/3087081/title/imagine-peace-fanart

One thought on “မျှော်လင့်ချက် အတွေးအိပ်မက် (လန်ဒန် အိုလံပစ်ပိတ်ပွဲမှ ဂျွန်လင်နွန်၏ သီချင်း)

Comments are closed.