သင်ဘာပြောမလဲ သြဂတ်စ် (Thet Khaing)

သင်ဘာပြောမလဲ သြဂတ်စ်
သက်ခိုင်၊ သြဂုတ် ၆၊ ၂၀၁၂
ဒီမယ်သြဂတ်စ်ရဲ့
သေချာတယ်ကွဲ့
ဇနပုဒ်က မိခင်ထောင်သောင်း
သားအလောင်းရှာခဲ့တဲ့ဇတ်လမ်း
သင့်မှတ်တမ်းထဲမှာရှိတယ်။
နီစွေးဖွေးကြွ
ခွပ်ဒေါင်းဘဝနဲ့
မတရားမှုကိုပြိုင်တု
ငါတို့ အနိုင်လုခဲ့တာလဲသိမယ်။
စာသင်သံ တိုးတိတ်
ထောင်နံရံမှာ တိုးကြိတ်
ဒီလို
လူငယ်တွေ ပိုးအဆိပ်ခံရတာလည်း ရှိတယ်။
မိကွဲဖကွဲ
ဒီဘဝထဲ
သင်ကဆက်လျှောက်
အခုဆို (၂၄)နှစ်ရောက်ခဲ့ပြီ။
လွမ်းလိုက်တာ
အခုချိန်ထိ
လူတွေက တမ်းမှန်း
မတူသူတွေက ဗြဲလရမ်း
အော် …
ပူပင်စရာတွေက သန်းဂဏန်းနဲ့ပါလားကွယ်။
ဒီမယ်သြဂတ်စ်ရဲ့
မိုးစက်ကြား ကျည်ဆံရော
သွေးအစက်စက်တွေ ပေတရာမှာမျော
အဲဒါ သင်ဘာပြောမလဲ။
(photo – 88 Generation Students – facebook Photo)

One thought on “သင်ဘာပြောမလဲ သြဂတ်စ် (Thet Khaing)

  1. ကိုသက်ခိုင် ကဗျာကောင်းပါတယ် …ဒါပေမဲ့ …၈.၈.၈၈ ဆိုတာ သူရဲကောင်းတွေ ကျဆုံးခဲ့တာပါ ….မှတ်တမ်းတင် ဂုဏ်ပြု၇မဲ့နေ့ထူးနေ့မြတ် ..သမိုင်းဝင် နေ့တနေ့ပါ …..လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့မညီစွာ ပေးဆပ်ခဲ့ရတာပါ ….
    အဲဒါကို လွမ်းစရာလို့ သုံးနူန်းလိုက်တာ ကလွဲရင် ကျန်တာ အကုန်ကောင်းပါတယ် ……………..

Comments are closed.