Mar Mar Aye – ဂီတပညာရှင် တေးသံရှင် ဒေါ်မာမာအေး ၇၀ပြည့် မွေးနေ့

ဂီတပညာရှင် တေးသံရှင် ဒေါ်မာမာအေး ၇၀ပြည့် မွေးနေ့
မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၂
မြန်မာပြည်၏ ဂန္ထ၀င်ဂီတပညာရှင်၊ တေးသံရှင်၊ ဒေါ်မာမာအေး ၇၀ ပြည့် မွေးနေ့ အမှတ်တရအဖြစ် ချစ်ခင်သူ မိတ်ဆွေများနှင့် မုန့်စားကြရန် ကိုယ်တိုင်လက်ရေးနှင့် ဖိတ်စာပေးပို့ထားသည်ကို တွေ့ရသည်။
မိုးမခမီဒီယာက မိမိတို့၏ နာယက၊ မိခင်ကြီး ဒေါ်မာမာအေး သက်တော်ရာကျော်ရှည်ပြီး မြန်မာပြည်ငြိမ်းချမ်းရေး ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်စေရေး ဂီတအနုပညာဖြင့် ဆထက်တံပိုး အောင်မြင်စွာ ထမ်းဆောင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး ဂါရ၀ပြုလိုက်ပါသည်။

2 thoughts on “Mar Mar Aye – ဂီတပညာရှင် တေးသံရှင် ဒေါ်မာမာအေး ၇၀ပြည့် မွေးနေ့

Comments are closed.