ဘာဖြစ်ချင်လဲ – have fun!


 


ဟာသ
ဇူလိုင် ၁၂၊ ၂၀၁၂
အိန္ဒိယက ယူပီးသုံးတယ်
ကျုပ်တို့ က ခိုးပြီးသုံးတယ်

ထိုင်းက ဘတ်သုံးတယ်
ကျုပ်တို့ က ပေါ်တင်သုံးတယ်

ဂျပန်က ယမ်းသုံးတယ်
ကျုပ်တို့ က လျှောက်သုံးတယ်

အင်္ဂလန်က ရှီလျှင်သုံးတယ်
ကျုပ်တို့ က မရှိလည်းသုံးတယ်

ဥရောပက ပေါင်သုံးတယ်
ကျုပ်တို့ က အပြတ်ကို ရောင်းစားတယ်

၂၄နာရီလုံး ကမ္ဘာကြီးဟာ တခြမ်းမှောင်တယ်
ကျုပ်တို့ က တနိုင်ငံလုံးမှောင်တယ် …

ကဲ … ဘာဖြစ်ချင်လဲပြော …

One thought on “ဘာဖြစ်ချင်လဲ – have fun!

  1. ကဗျာက ခေတ်ကိုလည်း ပြောတယ်။ လက်ရှိ နိုင်ငံရေးကိုလည်း ပြတယ်။ ဟာသ ဆိုပေမဲ့ ဖတ်ရင်း … ပြုံးရင်း … ရယ်ရင်း … ရင်နင့်ရတယ် … ။

Comments are closed.